မန်စီးတီးအသင်းကိုမပြောင်းရွှေ့မီမှာကျူးလွန်မိခဲ့တဲ့ အမှားတခုအကြောင်းကိုပြန်ပြောင်းပြောပြလိုက်တဲ့#ဂျိုဗီတစ်

ပြင်သစ် ကလပ် မိုနာကို အသင်းရဲ့ တိုက်စစ် မှူး ဂျိုဗီတစ် က အတိတ်ကာလတွေ အတွင်းမှာ ဖီအိုရင်တီးနား အသင်းကနေ ရီးရဲလ် သို့မဟုတ် ဂျူဗီ အသင်း ကို မပြောင်းရွှေ့ ဖြစ်ခဲ့ တဲ့အပေါ်ကို အခုချိန် မှာ နောင်တရနေပုံပါပဲ။သူဟာ ၂၀၁၃ ခုနှစ်မှာတော့ အင်္ဂလန် ကလပ် မန်စီးတီး အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီ မွန်တီနီဂရိုး သားဟာ အင်္ဂလန် မြေမှာတော့ ဆိုးရွားတဲ့ ကစားသမား ဘဝကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပြီး ၂ရာသီအကြာမှာပဲ အင်တာမီလန် အသင်းထံကို အငှားထွက်ကစားခဲ့ရပါတယ်။သူဟာ မန်စီးတီး အတွက် စုစုပေါင်း လိဂ်ပွဲ ၃၀ သာ ကစားခဲ့ရပြီး ၈ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အင်တာအသင်းကို အငှားထွက်ပြီး နောက်တနှစ် မှာတော့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပေမယ့် မကြာခင်မှာပဲ ဆီဗီလာ အသင်းကို အငှား ထွက်ခဲ့ရပြန်ပါတယ်။သူဟာ ၂၀၁၇ ခုနှစ်မှာတော့ ပြင်သစ် မြေကို စတင်ပြီး ရောက်ရှိ သွားခဲ့တာ ဖြစ်ပါတယ်။အကယ်၍ သူသာ ရီးရဲလ် သို့မဟုတ် ဂျူဗီ တသင်းသင်းကို ရွေးချယ်ဖြစ် ခဲ့ပါက ကစားသမား ဘဝ ဟာ လုံးဝအပြောင်းအလဲ ကြီး ဖြစ်သွားနိုင် လောက်မှာ ဖြစ်တယ် လို့ ဂျိုဗီတစ်က ခံစား နေရ ပုံပါပဲ။ဖီအိုရင်တီးနား အသင်းမှာ ကစားနေခဲ့စဉ်က အကြောင်း တွေနဲ့ ပတ်သက်ပြီး ဂျိုဗီတစ်က –

” ဖလောရင့်စ် မြို့မှာ ကျွန်တော် ရှိစဉ် ခဲ့တုန်းကဆိုရင် တကယ်ကောင်းမွန်တဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင်ခွင့် ရခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြို့ဟာအတော်လေးကို စိတ်ကျေနပ်စရာကောင်းပြီး
ဘောလုံးကို ရူးသွပ်တဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။၂၀၁၃ ခုနှစ်အရောက် မှာတော့ ကျွန်တော်ဟာ ရည်မှန်းချက် တွေထဲမှာ မပါပဲနဲ့ မန်စီးတီး အသင်းကို ပြောင်းသွားခဲ့ပါတယ်။ကျွန်တော်က ဂျူဗီ အသင်းကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပေမယ့် ဖီအိုပရိသတ် တွေကို သစ္စာ မဖောက်ချင်ခဲ့ပါဘူး။

ဒါပေမယ့် တချိန်တည်းမှာပဲ ကျွန်တော်က ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရယူချင်ခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကအခက်ခဲဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ လိဂ်ဖလားမှာလည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မမေ့နိုင်စရာ အမှတ်တရမျိုးတွေပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ကျွန်တော့် အနေနဲဲ့ အမှား အယွင်း ကျူးလွန် မိခဲ့တာကတော့ ၂၀၀၉ ခုနှစ် မှာ ရီးရဲလ် အသင်းရဲ့ကမ်းလှမ်းမှု ကိုပယ်ချထားခဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။အဲ့ဒီတုန်းက ကျွန်တော်အသင့်မဖြစ်ခဲ့သေးတာကြောင့်ပါ။အခုအချိန်မှာ အတိတ်ကို ပြန်သွားလို့ရနိုင်ရင်တော့ဗျာ ……… ” လို့ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဂျိုဗီတစ် ဟာ လက်ရှိ အချိန်မှာတော့ မိုနာကို အသင်းနဲ့ အတူ နောက်ထပ်စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်မှာအီတလီမြေကိုပြန်ဖို့ရှိလားဆိုတဲ့ မေးခွန်းတွေကိုတော့ သူက ငြင်းဆန်ခဲ့ခြင်းမရှိပါဘူး။သူ့ရဲ့ အနာဂတ် အကြောင်းကို မေးမြန်းရာမှာ ဂျိုဗီတစ်က – ” ကျွန်တော်နဲ့ မိုနာ ကို အသင်းတို့ရဲ့ စာချုပ်သက်တမ်း က ၂၀၂၁ ခုနှစ် အထိ အကျံုးဝင်တာဖြစ်ပါတယ်။ ကျွန်တော်ဟာဒီ အသင်းအပေါ်ကို နက်ရှိုင်းတဲ့ လေးစားမှု မျိုးရှိပါတယ်။

ဒီအသင်းအတွက်လည်း ရာနှုန်းပြည့် အမြဲတမ်း ပေးဆပ် မှာဖြစ်ပါတယ်။အနာဂတ်မှာတော့ဘာတွေဖြစ်မယ်ဆိုတာဘယ်သူကသိနိုင်မှာလဲဗျာ။အီတလီ ဆိုတာ ကျွန်တော့်ရဲ့ ဒုတိယအိမ်ဖြစ်ပါတယ်။တချိန်မှာပြန်ခွင့်ရခဲ့ရင်တော့ ပျော်ရွှင်မိပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM