ချဲလ်ဆီးကို နိုင်ခဲ့တဲ့ စူပါဖလားမှာ သူအမှားအယွင်း တစ်ခုလုပ်ခဲ့တယ်လို့ ၀န်ခံလိုက်တဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့

Klopp

ယာဂန်ကလော့ က ချဲလ်ဆီး ကို အနိုင် ရရှိခဲ့တဲ့ စူပါဖလား ပွဲစဉ်မှာ အဲလက်စ် အောက်စလိတ် ချိန်ဘာလိန် ကို လီဗာပူး အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ရွေးချယ်ခဲ့ခြင်းဟာ မှားယွင်းတယ်လို့ ၀န်ခံသွား ခဲ့ပါတယ်။ အင်္ဂလန် ကွင်းလယ်လူဟာ ၂၀၁၈ ခုနှစ် ဧပြီလက ရိုးမား အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် လီဗာပူး အတွက် ပြန်လည် ပွဲထွက်ခွင့် ရခဲ့တာပါ။

၂၀၁၉ ဧပြီမှာ ဒဏ်ရာကနေ ပြန်လည် သက်သာ လာခဲ့ပြီးနောက် အောက်စလိတ် ချိန်ဘာလိန်ဟာ လူစားဝင် ကစားသမား အဖြစ် ၃ ပွဲ ပါဝင် ကစားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ဟယ်ဒါဖီး ၊ ၀ုဖ်တို့နဲ့ ပွဲ ၊ ယခုလ အစောပိုင်းက မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်း ပွဲတွေမှာ ဖြစ်ပါတယ်။ ယနေ့ မနက်က အစ္စတန်ဘူမှာ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲမှာတော့ အောက်စလိတ် ချိန်ဘာလိန်ဟာ ၊ ဆာဒီယို မာနေး ၊ မိုဟာမက်ဆာလား တို့နဲ့ အတူ ၃ ဦးတွဲ တိုက်စစ်မှာ ပါဝင်ခဲ့ပေမယ့် ခက်ခက်ခဲခဲ ရုန်းကန် နေခဲ့ရပြီး ပထမပိုင်း အပြီးမှာတော့ ဖာမီနို နဲ့ လူစားလဲခြင်း ခံခဲ့ ရပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာ ဂျီရူးရဲ့ သွင်းဂိုးနဲ့ ရှုံးနိမ့် နေခဲ့ပေမယ့်လည်း ဒုတိယပိုင်း အစမှာတင် လူစားဝင် ကစားသမား ဖာမီနို ရဲ့ အားထုတ်မှု ကနေ မာနေး က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒ့ါအပြင် ဖာမီနိုဟာ နာကျင် အချိန်ပိုမှာလည်း မာနေးရဲ့ နောက်ထပ် သွင်းဂိုးအတွက် ဖန်တီးပေးခဲ့ ပါတယ်။

အောက်စလိတ်ချိန်ဘာလိန် ကို ရွေးချယ်မှုနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကလော့ က အာဆင်နယ် ကစားသမားဟောင်း အတွက် ခက်ခဲတဲ့ ညတစ်ည ဖြစ်ခဲ့တယ်လို့ လက်ခံလိုက်ကာ အသက် ၂၅ နှစ် အရွယ် ကစားသမား နဲ့ ပက်သက်ပြီး စိုးရိမ်မှုတော့ မရှိဘူးလို့ ပြောသွားပါတယ်။

ကလော့ က “ပထမပိုင်း အပြီးမှာ ကျွန်တော် အောက်စ်ကို သိပ်အများကြီး မပြောခဲ့ ပါဘူး။ ဒါဟာ လိုအပ်တယ်လို့ ကျွန်တော် မထင်မိပါဘူး။ သူ့အတွက် ကတော့ ဒီလို ပွဲကစားချိန် မိနစ်တွေ ရတာဟာ အရမ်းကို အရေး ပါပါတယ်။ သူဟာ ဒီနေရာမှာ ကစား နိုင်စွမ်း ရှိပြီး သူဟာ ဒီညထက် ပိုကောင်းအောင် ကစား နိုင်ပါတယ်။ ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးနောက် ဒီလိုမျိုး ဖြစ်တက်ပါတယ်။ သူ့အနေနဲ့ ရစ်သမ်တစ်ခုကို ရှာဖွေ သွားရမှာပါ။

လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဒါကို ရနေပါပြီ။ ပွဲအတွင်း မှာတော့ သူဟာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် သူ့မှာ ရှိတဲ့ အရည်အသွေးကို လုံလောက်အောင် ထုတ်မပြ နိုင်ခဲ့ပါဘူး။ ဒါဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက် (ပထမပိုင်းအပြီး လူစားလဲခြင်း) ကို ကျွန်တော် ခက်ခဲစွာ ချခဲ့၇တာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် သူ့ကို တွန်အား မပေးချင် ပါဘူး။ ကျွန်တော်တို့ သူ့ကို တောက်ပဖို့ အတွက် အခွင့်အရေး ပေးချင် ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ ကျွန်တော်တို့ လိုချင်သလို မဖြစ် ခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ အမှားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အမှား မဟုတ်ပါဘူး။ ဆုံးဖြတ်ချက် ကို ကျွန်တော် ချမှတ် ရတာ ဖြစ်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ကလော့ က ပွဲကြို အစီအစဉ် အရ သူ့အနေနဲ့ ဖာမီနို ကို ပွဲချိန် နှောင်းပိုင်းမှသာ ထည့်သွင်းကစားဖို့ စီစဉ်ထားခဲ့တာလို့ ၀န်ခံလိုက်ပြီး ဖာမီနိုဟာ လီဗာပူး ရဲ့ ၃ လ အတွင်း ဒုတိယမြောက် ဆုဖလား အတွက် အကောင်းဆုံး ကူညီ ပေးခဲ့ပါတယ်။ ဖာမီနိုဟာ ပြီးခဲ့တဲ့ နွေရာသီ က ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တဲ့ ဘရာဇီး အသင်းမှာ ပါဝင် ကစားပေးခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မတိုင်မီ လီယွန်နဲ့ ပွဲမှသာ ရာသီကြို ပထမဦးဆုံး ပွဲ ကစားခဲ့ ရတာ ဖြစ်ပါတယ်။

ကလော့ က “ကျွန်တော်တို့ အနေနဲ့ ပွဲတစ်ပွဲ ကနေ လေ့လာသင်ယူ နိုင်ပါတယ်။ ဒါဟာ အရမ်းကို ကြီးမားတဲ့ အပြောင်းအလဲကို လုပ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘော်ဘီဟာ ဒီနေရာမှာ ကစားတဲ့ အခြား ကစားသမားတွေ အားလုံးနဲ့ ကွဲပြား ခြားနားလို့ ဖြစ်ပါတယ်။

သူဟာ ကျွန်တော်တို့ကို အများကြီး ကူညီ ပေးခဲ့ပါတယ်။ သူလည်းပဲ တကယ့်ကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု လွန်းတဲ့ အနေအထားကို ကြုံခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ သူ့ကို ဒီပွဲ အတွက် မိနစ် ၈၀ လောက် အသုံးပြုဖို့ မစီစဉ် ထားခဲ့ပါဘူး။ သူဟာ ရာသီကြို ပြင်ဆင်မှု ကာလ မရှိခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ အတွက် ပြသနာ ဖြစ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမြင့်ဆုံး ဆုဖလားတွေ အတွက် အစွမ်းကုန် ပေးဆပ် နေရပါတယ်။’ လို့ ဆိုလိုက် ပါတယ်။

SPORTS MYANMAR