ဆိုးလ်ရှားနေရာ ပိုချက်ဝင်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေအပေါ်ယူနိုက်တက်အသင်းသားတွေဘယ်လိုတုန့်ပြန်ခဲ့ကြတယ်ဆိုတာကိုထုတ်ပြောလာတဲ့ #ပါရဲရား

ယူနိုက်တက် အသင်းဟာ အခုချိန်မှာ ရလဒ်တွေ ပြန်လည်ကောင်း မွန်နေခဲ့ပြီဖြစ်ပေမယ့် ဆိုးရွားတဲ့ ရာသီ အစကို ကြုံတွေ့ဖြတ်သန်းထားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် လည်း စပါး အသင်း ကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြပိုချက်တီနိုကို ခေါ်ယူသွားတော့ မယ်ဆိုတဲ့ သတင်းတွေအတော်လေးကျယ်လောင်ခဲ့ပါသေးတယ်။

ဒါပေမယ့် ထိုအချိန်မှာ ဆိုးလ်ရှားကို ယူနိုက်တက် အသင်းသား တဦးချင်းစီတိုင်း က ထောက်ခံအားပေး မှု တွေရှိခဲ့တယ် လို့ ဘရာဇီးကွင်းလယ်ကစားသ မားလေး ပါရဲရား က ထုတ်ပြောလိုက်ပါတယ်။အသက် ၂၃ နှစ်အရွယ် ပါရဲရားဟာ ဒီနော်ဝေးသားနည်းပြကြီး လက်ထက်မှာ ပွဲကစားခွင့် အခွင့်အရေးတွေ အများအပြားရရှိနေသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ အပြီးမှာ အသင်းရဲ့တိုက်စစ် ကစား သမားဟောင်း တဦးဖြစ်တဲ့ ဆိုးလ်ရှားကို ယာယီတာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။ အခြေအနေတွေက ကောင်းမွန် ခဲ့တာကြောင့်လည်း နောက်ပိုင်းမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ပဲ အမြဲတမ်း နည်းပြဖြစ်လာအပြီးမှာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေကလည်း ကျဆင်းလာခဲ့ပြီး အခုရာသီအစအထိပါ ထိခိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အားလုံးက ဆိုးလ်ရှားရဲ့ နောက်မှာရပ်တည်ခဲ့ကြ တယ်လို့ ပါရဲရားက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အယ်လ်ခမာ အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲအပြီးမှာ ပါရဲရားက – ” အားလုံးက ဆိုးလ်ရှား ရဲ့ နောက်မှာ ရှိခဲ့ကြပါတယ်။သူ့ကို အသင်းကနေ ထွက်စေချင်တဲ့သူတဦးမှကို မရှိခဲ့တာဖြစ်ပါတယ်။သူအသင်းမှာ ရှိနေတာကို လူတိုင်းက ချစ်မြတ်နိုးကြပါတယ်။သူဟာ လူတိုင်း အပေါ် ကိုလည်း အရမ်းကောင်းပါတယ်။ကျွန်တော့် အပေါ်ကိုလည်း ပြောရမယ်ဆိုရင် အရမ်းကောင်းခဲ့ပြီးသားပါပဲ။

အခုဆိုရင် ကျွန်တော့်မှာ အလုံးစုံရှိနေပါပြီ။ဒီအတွက် လည်းသူ့ကို ကျွန်တော် ကျေးဇူးတင်စကားဆိုချင်ပါတယ်။သူက ကျွန်တော့်ကို ပွဲကစားခွင့် နဲ့ ယုံကြည်မှု တွေ ပေးထားပါတယ်။ကျွန်တော်ဟာကစားရတဲ့ ပွဲတိုင်းပိုပိုကောင်းလာတယ်လို့ ခံစားရပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်းကို ရောက်လာအပြီးမှာ အကယ်ဒမီ ထွက် ကြယ်ပွင့် ကစားသမားတွေကို အတော်လေးနေရာပေးနေခဲ့တာဖြစ်ပါတယ်။ရတ်ဖို့ဒ်၊ တော်မီနေးလ် ၊ လင်ဂတ်၊ ဂရင်းဝုဒ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ကတော့ အတော်လေးနေရာ ရနေခဲ့တာဖြစ်ပါတယ်။

လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ နေရာ ပေးနေတဲ့ ဆိုးလ်ရှား နဲ့ ပတ်သက်ပြီး ပါရဲရားက – ” သူဟာ ကျွန်တော် တို့လို အကယ်ဒမီ ထွက် လူငယ် ကစား သမား လေးတွေ အတွက် အတော် လေး ကို အရေးကြီးပါတယ်။

သူဟာ အကယ် ဒမီ ကနေ ပေါ်ထွန်းလာ တဲ့ ကစား သမား တွေ အကုန်လုံးကို သိပါတယ်။သူ ဟာ ဒီအသင်းရဲ့ အတွင်းရေး အပြင်ရေး အကုန်လုံးကို သိပါတယ်။ဒါဟာ ကျွန်တော်တို့ လို လူငယ်လေးတွေအတွက် အတော်လေးကို အရေးပါပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။