၁၆သင်းအဆင့်မှာလီဗာပူးနဲ့ရင်ဆိုင်ရမှာကို ပြိုင်ဘက်တွေက ဘာကြောင့် စိုးထိတ်နေတယ်ဆိုတာပြောပြလိုက်တဲ့ #ရောဘတ်ဆန်

လီဗာပူး အသင်းဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲမှာ ၂ရာသီဆက်တိုက်အဖြစ် ဗိုလ်လုပွဲကြီးကို တက်ရောက် ထားနိုင် ခဲ့တာ ဖြစ်လို့ဥရောပမှာ ပြိုင်ဘက်အသင်း တွေရဲ့ လေးစားမှုကို ခံနေရပြီ လို့ ခံစစ် အစွန်ကစားသမား ရောဘတ်ဆန် က ယုံကြည်ယူဆနေပုံပါပဲ။လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် လီဗာပူး အသင်းဟာ ဆဲလ်ဘာ့ချ်ကို အနိုင်ရခဲ့ လို့ ၁၆သင်း အဆင့်ကို တက်ရောက်ထားနိုင် ခဲ့ပြီ လည်းဖြစ်ပါတယ်။

၁၆ သင်းအဆင့် ပွဲစဉ် တွေအတွက် မဲခွဲ ပွဲ အခမ်းအနား ကိုတော့ လာမယ့် တနင်္လာနေ့ မှာ ကျင်းပ သွားမှာလည်းဖြစ်ပါတယ်။ အုပ်စု E ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည် နိုင်ခဲ့တဲ့ လီဗာပူး အသင်း ဆုံတွေ့ရဖွယ် ရှိနေတဲ့ ပြိုင်ဘက်တွေကတော့ ရီးရဲလ်၊ အတ္တလန်တာ၊ အေတီကို၊ဒေါ့မွန်၊ လိုင်ယွန်တို့ပဲ ဖြစ်ပါတယ်။

လီဗာပူး အသင်း ဟာ ၂၀၁၈ ခုနှစ် ဖိုင်နယ် မှာ ရီးရဲလ် အသင်းကို အရေးနိမ့်ခဲ့ရ လို့ ချန်ပီယံ ဆုကြီးနဲ့ လွဲချော်ထားခဲ့ရပြီး ပြီးခဲ့တဲ့ ဖိုင်နယ် မှာတော့ စပါးအသင်းကို အနိုင်ရခဲ့ တာ ဖြစ်ပါတယ်။အခုလို စွမ်းဆောင်ရည်တွေကြောင့်လည်း အန်ဖီးလ် ကို လာရမယ့်ခရီးကို အသင်းတိုင်းက ရှောင်လွှဲလိုကြတာဖြစ်တယ်လို့ ရောဘတ်ဆန်ကကြုံးဝါးလိုက်တာဖြစ်ပါတယ်။

သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ရောဘတ်ဆန်က -” နောက်ဆုံး ၂နှစ် အတွင်း မှာ ချန်ပီယံ လိဂ်ဖိုင်နယ် ၂ကြိမ် ဆက်လှမ်းနိုင်အောင်ကျွန်တော်တို့ကစွမ်းဆောင်ထားနိုင်ခဲ့ပြီး အခုလို ပတ်ဝန်းကျင်မျိုးကို ဖန်တီးထားခဲ့ပါတယ်။ဒီပြိုင်ပွဲမှာဆိုရင် ကျွန်တော်တို့ကို လေးစားမှုရှိကြပါတယ်။

ဗိုလ်လုပွဲကို ပထမအရင်တက်ရောက်နိုင်ခဲ့တုန်းကဆိုရင် ပေါ်တို အသင်းကို ကျွန်တော်တို့က အနိုင်ယူခဲ့တဲ့ပွဲအထိ လေးစားသမှု မခံထားခဲ့ရဘူး လို့တောင် ထင်မိပါတယ်။ထိုက်တန်တဲ့ လေးစားသမှု မျိုးကို မခံခဲ့ရပါဘူး။

အခုတော့ ဥရောပ မှာ ကျွန်တော်တို့က လေးစားသမှု ရှိထား ကြပြီဖြစ်ပါတယ်။ဘယ်သူကမှ ကျွန်တော်တို့နဲ့ မရင်ဆိုင် လိုကြပါဘူး။ဒါပေမယ့် အသင်းတိုင်းကတော့ ၁၆ သင်းအဆင့်ကို ကိုယ့်ရဲ့ စိတ်ကူး ကိုယ်စီနဲ့ ရောက်လာကြတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ ဟာ အခက်ခဲ ဆုံး ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်း က ထူးချွန်ပြောင်မြောက်ကြပြီး ယုံကြည်မှု ကိုယ်စီရှိကြပါတယ်။အားလုံးရဲ့ အခြေခံ အကျဆုံးရည်မှန်းချက်ကတော့ ၁၆ သင်းအဆင့်ကို ရောက်ရှိဖို့ဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ၂ရာသီ ဆက်မှာ ဖိုင်နယ် ခရီး တလျှောက် ဘိုင်ယန်၊ မန်စီးတီး၊ ဘာစီလိုနာ အစရှိတဲ့ ဥရောပ ထိပ်သီးတွေကို ကျော်ဖြတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ရောဘတ်ဆန်ကတော့ ဒီရာသီမှာလည်းဖိုင်နယ်တက်နိုင်ဖို့ကို ပစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လီဗာပူး အတွက်၂၄ ပွဲ ပါဝင်ပေးထားပြီးပြီဖြစ်တဲ့ ရောဘတ်ဆန်က – ” ပြီးခဲ့တဲ့ နှစ်တုန်းကနဲ့ အဲ့ဒီအရင် နှစ်တွေရဲ့ ရှံုးထွက် အဆင့်တွေ မှာ ကျွန်တော်တို့က အံ့မခန်းကစားနိုင် ခဲ့ပြီး ပွဲတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံ အသင်း ဖြစ်လို့ အသင်းတိုင်းကကျွန်တော်တို့ကို အနိုင်ယူချင်တာကို လည်း နားလည်ပါတယ်။ဒီလို အနေအထားမျိုးကြံုတွေ့ရမှာကိုကြိုတင်တွက်ဆထားတာဖြစ်ပြီး ကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့လည်း ထင်ပါတယ်။

အဲ့ဒီလို အသင်းတိုင်းက ကျွန်တော်တို့ နဲ့ ဘာကြောင့် ရင်ဆိုင်ချင်တာလဲ ဆိုတာကို လည်း ဆက်ပြီးသက်သေပြဖို့လိုပါတယ်။မလွယ်မှန်းသိပေမယ့် ပြိုင်ပွဲမှာ တတ်နိုင်သလောက် ကြာရှည်ဆက်ပြီးထပ် သွားချင်နေပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။