ယူနိုက်တက်ကို ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင် ပေးနိုင်မယ့် ကစားသမား အမည်ကို ပြောကြားလိုက်တဲ့ ဒန်နီမာဖီ

လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဒန်နီ မာဖီ က လက်စတာ စီးတီး အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစား သမား ဖြစ်သူ ဂျိမ်းစ် မက်ဒီဆင် က သူဟာ ယူနိုက်တက် ကို ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ အောင် လုပ်ဆောင် ပေးနိုင်တယ် ဆိုတဲ့ ယုံကြည်မှု အပြည့် နဲ့ အိုးလ် ထရပ်ဖို့ဒ် ဆီ ပြောင်းရွှေ့ လာ လိမ်မယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်စတာ စီးတီး အသင်း ရဲ့ ကွင်းလယ် မှာ အားထား ရတဲ့ ကစားသမား တစ်ဦး အဖြစ် ပုံမှန် ပွဲထွက် ခွင့် ရရှိ နေတဲ့ ဂျိမ်းစ် မက်ဒီဆင် ဟာ ဒီ ရာသီ အသင်း အတွက် ကိုယ်တိုင် 5 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပြီး အသင်းဖော် တွေ အတွက် 3 ကြိမ်ထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 2 နေရာ ရောက်ရှိ စေနိုင် ဖို့ ကူညီ ပေးထား နိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အမှတ်ပေး ဇယား အဆင့် 5 နေရာ ၊ အဆင့် 4 မှ ချဲလ်ဆီး အသင်း အောက် 5 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ ဒါ့ပေမယ့် ဒန်နီ မာဖီ က လက်ရှိ ယူနိုက်တက် နဲ့ လက်စတာ စီးတီး အသင်း တို့ဟာ ရမှတ် ခြားနားချက် ဘယ်လောက် ပဲ ရှိနေ ပါစေ ၊ ယူနိုက်တက် ဟာ မက်ဒီဆင် ကို ဆွဲဆောင် နိုင် လိမ့်မယ် လို့ ယုံကြည် နေခဲ့ ပါတယ် ။

” လက်ရှိ လက်စတာ တို့ အမှတ်ပေး ဇယား အဆင့် ဘယ်လောက် မှာပဲ ရှိနေ ပါစေ ၊ အဲ့ဒီ အသင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကမ်းလှမ်းမှု ကို ပယ်ချ လိုက်မယ့် အင်္ဂလန် သား ကစားသမား လေး တစ်ယောက် ရှိ နေတယ် လို့ ခင်ဗျား တို့ ပြောလို့ မရနိုင် ပါဘူး ။ ဒါဟာ လုံးဝ ဖြစ်ပွား လာမှာ မဟုတ်လို့ ပါပဲ ”

” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်း သာ မက်ဒီဆင် အတွက် လုံလောက်တဲ့ ငွေကြေး ပမာဏ ပေးချေ သွားမယ် ဆိုရင် သူဟာ ပြောင်းရွှေ့ မှာ ပါပဲ ။ ယူနိုက်တက် ဟာ လုံလောက်စွာ ကြီးမား တဲ့ ကလပ် အသင်း တစ်ခု ပါ ။ ကျွန်တော် ဟာ ယူနိုက်တက် ပရိသတ် လည်း မဟုတ် ပါဘူး ။ ဒါကို အားလုံး သိကြ ပါတယ် ”

” ဒါပေမယ့် ယူနိုက်တက် ဟာ ကစားသမား တွေကို ဆွဲဆောင် နိုင်စွမ်း ရှိနေ ပါ သေးတယ် ။ အကယ်လို့ လက်စတာ ရဲ့ ကင်းပါဝါ အစား အိုးလ် ထရပ်ဖို့ဒ် က အိပ်မက် ကဇာတ် ရုံ ကြီးထဲ အပါတ်စဉ် ကစား ရမှာ သေချာ နေရင် မက်ဒီဆင် ဟာ အသင်း ပြောင်းရွှေ့ မှာ ပါပဲ ” လို့ ဒန်နီ မာဖီ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဒန်နီ မာဖီ က သူ့မှာ ရှိတဲ့ အရည်အသွေး ၊ ယုံကြည်မှု တွေနဲ့ အတူ မက်ဒီဆင် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပရီးမီးယား လိဂ် ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်အောင် လုပ်ဆောင် ပေးနိုင် လိမ့်မယ် လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အကယ်လို့ မက်ဒီဆင် သာ သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည် အပေါ် ယုံကြည်မှု အပြည့်အဝ ရှိမယ် ဆိုရင် သူဟာ နောက် ရာသီ မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ အောင် လုပ်ဆောင် ပေးနိုင် မယ်လို့ တွေးတော နေမှာ သေချာ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ပရီးမီးယား လိဂ် ကစားသမား အားလုံး ထက် အခွင့်အရေး တွေကို ပိုမို ဖန်တီး ထားနိုင် ခဲ့တယ်လေ ” လို့ ဒန်နီ မာဖီ က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar