လူငယ် တိုက်စစ်မှူးလေး မာတီနယ်လီ ရဲ့အားသာချက်တွေကို ထုတ်ဖော် ချီးကျူး လိုက်တဲ့ ယွန်းဘတ်

အာဆင်နယ် အသင်းရဲ့ယာယီ နည်းပြ ဖရက်ဒီ ယွန်းဘတ် က လူငယ် တိုက်စစ်မှူးလေး ဂါဘရီရယ် မာတီနယ်လီ ရဲ့ အားသာချက် နဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော် ချီးကျူး လိုက်ပါတယ် ။အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ လူငယ် တိုက်စစ်မှူး မာတီနယ်လီ ကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းထဲနဲ့ ခေါ်ယူ ခဲ့တာပါ ။

မာတီနယ်လီ ဟာ ပွဲထွက် ကစားခွင့် ရတဲ့ အချိန်မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်တာကြောင့် ယာယီ နည်းပြ ယွန်းဘတ် ဟာ ဒီတစ်ပတ် ဝက်စ်ဟမ်း အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ပေးခဲ့ပါတယ် ။

အဆိုပါပွဲမှာ ဘရာဇီးသားလေး မာတီနယ်လီ ဟာ ယွန်းဘတ်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူ ပေးခဲ့ပါတယ် ။ ယွန်းဘတ် ကတော့ မာတီနယ်လီ ရဲ့ သက်လုံ နဲ့ အကြောက်အလန့် မရှိ ကစားဟန်ကို သဘောကျမိကြောင်း ဆိုပါတယ် ။

LONDON, ENGLAND – DECEMBER 09: Gabriel Martinelli celebrates scoring the 1st Arsenal goal during the Premier League match between West Ham United and Arsenal FC at London Stadium on December 09, 2019 in London, United Kingdom. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

” ဂါဘီ က တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ ကစားသမားပါ ၊ သူက အခုမှ အသက် ငယ်ငယ်လေးပဲ ရှိပါသေးတယ် ။ ဒါပေမယ့် သူက တစ်ပွဲလုံး တောက်လျှောက် အားအင် အပြည့်နဲ့ ကစားနိုင်စွမ်း ရှိသူပါ ၊ လုံးဝ အကြောက်အလန့် မရှိဘဲ သူလုပ်စရာရှိတာကို လုပ်ပါတယ် ။ ” လို့ ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ မာတီနယ်လီ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားထားပြီး သွင်းဂိုး ၈ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် ပြု လုပ် ပေးထားပါတယ် ။ မာတီနယ်လီ ကတော့ ခုလို ခြေစွမ်းပြ ကစားနိုင်တာဟာ ဘုရားသခင် နဲ့ မိသားစု ရဲ့ ထောက်ပံံ့မှုကြောင့် ဖြစ်ကြောင်း ဆိုပါတယ် ။

” ကျနော်နဲ့ အတူ အမြဲတမ်း ရှိနေပေးတဲ့ ဘုရားသခင် နဲ့ မိသားစုကို ကျေးဇူး အရမ်း တင်ပါတယ် ၊ အသင်းဖော်တွေ နဲ့ ဖရက်ဒီ ကလည်း ကျနော့်ကို အားပေးကြပါတယ် ၊ ဒါတွေက ကျနော့်ကို အများကြီး အထောက်အကူ ဖြစ်ပါတယ် ။ ကျနော့် ​ရှေ့လျှောက် ဆက်လက် ကြိုးစား သွားမှာပါ ။ ” လို့ မာတီနယ်လီ က ESPN Brazil နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR