အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် ဘယ်သူ့ကို ခန့်အပ် သင့်သလဲဆိုတာ အမ်မရီ ကို အကြံပေးလိုက်တဲ့ #ဝီလ်ရှိုင်းယား

အာဆင်နယ် အသင်း ရဲ့ ယခု လက်ရှိ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ မနေ့က အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့ပြီးနောက် ပြင်သစ်သားရဲ့ အနာဂတ်ဟာ အမ်းမရိတ်မှာ ဆက်ရှိဖို့ မသေချာတော့ပါဘူး ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ ကော့စီရယ်နီ ရဲ့ ပရော် ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ်အပေါ် အတော်လေး စိတ်ပျက် နေပြီး အသင်း ခေါင်းဆောင် လတ်ပတ် ကို ပြန်လည် ရုပ်သိမ်းသွားဖွယ် ရှိနေပါတယ် ။ ပြင်သစ် နောက်ခံလူ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးပါ ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကော့စီရယ်နီ ဟာ စာချုပ် ဖျက်သိမ်းပြီး အသင်း ပြောင်းရွှေ့ ခွင့် ပေးဖို့ အာဆင်နယ် အသင်းထံ တောင်းဆို ခဲ့ပြီး ကလပ် အသင်းဘက်က လက်မခံခဲ့တာကြောင့် အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်း မှာ ၁၇ နှစ်ကြာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဝီလ်ရှိုင်းယား က လူငယ် နောက်ခံလူ ရောဘ့်ဟိုးလ်ဒင်း ဟာ ဂန်းနားတို့ရဲ အနာဂတ် အသင်း ခေါင်းဆောင် ဖြစ်လာ နိုင်ကြောင်း သုံး သပ် ပြော ကြား လိုက် ပါ တယ် ။

ဝီလ်ရှိုင်းယား က Football London နဲ့ အင်တာဗျူးမှာ ” အာဆင်နယ် အသင်းမှာ ဟိုးလ်ဒင်း နဲ့ ဘယ်လာရင် ကို ပြန်ပြီး မြင်တွေ့ ရတော့မှာပါ ။ သူတို့က အသင်း အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတာ ပြသနိုင်ခဲ့ကြပါတယ် ။ အဲ့လို လုပ်ပြ နိုင်ခဲ့လိုလည်း ပြန်ကစားနိုင်တဲ့ အချိန်မှာ အရင်ကထက် ပိုမို သန်မာ ကောင်းမွန်လာမှာပါ ။ ”

” ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုယ်ကို အသင်းအတွက် အရေးပါတဲ့ ကစားသမား ဆိုတာ ခံစားမိတဲ့ အခါမျိုးမှာ ခွန်အား ပိုဖြစ်စေပါတယ် ။ ရောဘ့်ဟိုးလ်ဒင်းဆို ဒဏ်ရာ မရခင်တုန်းက သိပ်ကောင်းပါတယ် ၊ သူသာ ကြံ့ခိုင်မှု ပြည့်ဝလာရင် အာဆင်နယ် အသင်း နောက်တန်း အင်အား ပိုမိုတောင့်တင်းလာမှာပါ ။ သူက အာဆင်နယ် ရဲ့ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူလို့ မြင်မိပါတယ် ။ ” လို့ ဆိုပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ လူငယ် နောက်ခံ လူ ဟိုးလ်ဒင်း ဟာ ဒဏ်ရာ မရခင်တုန်းက နောက်တန်း မှာ ဆိုကရက်တစ် နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရာသီအစ အာဆင်နယ် အသင်း ၂၂ ပွဲ ဆက် ရှုံး ပွဲ မ ရှိ ခဲ့ တဲ့ အ ချိန် တုန်း က အား ကိုး ခဲ့ ရ သူ လည်း ဖြစ် ပါ တယ် ။

ဲပြီးခဲ့တဲ့ ရာသီတုန်းက ဟိုလ်းဒင်း ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ သူ့ရဲ့ ခြေစွမ်းပိုင်း ဟာလည်း အကောင်းဆုံး အနေအထားကို ရောက်ရှိ ခဲ့ပါတယ် ။ ဟိုးလ်ဒင်း ဒဏ်ရာ ရသွားတဲ့ အချိန်မှာတော့ အာဆင်နယ် အသင်းဟာ ရလဒ်ပိုင်း ယိမ်းယိုင်သွားခဲ့ပြီး ရာသီကုန်ခါနီးမှာလည်း နောက်တန်း အမှားတွေကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံး ခဲ့ရပါတယ် ။

အာဆင်နယ်

အာဆင်နယ် အသင်း နည်းပြ အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းခေါင်းဆောင် အဖြစ် ကော့စီရယ်နီ ၊ ပီတာဆက်ခ်ျ ၊ ရမ်ဆေး ၊ အိုဇေးလ် ၊ ရှာကာ တို့ကို ခန့်အပ် ခဲ့ပါတယ် ။ ပီတာဆက်ခ်ျ က ကစားသမားဘဝက အနားယူ သွားခဲ့ပြီ ဖြစ်သလို ရမ်ဆေးဟာလည်း ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ သွားခဲ့ပါပြီ ။

ဒါ့အပြင် အိုဇေးလ် ဟာလည်း နည်းပြ အမ်မရီ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ကော့စီရယ်နီ ထွက်ခွာ သွားပါက အသင်းခေါင်းဆောင် ဖြစ်လာနိုင်ချေ အရှိဆုံး ကစားသမားကတော့ ဆွစ်ဇာလန် ကွင်းလယ်လူ ဂရန်းနစ် ရှာကာပါ ။ ရှာကာ ကလည်း အာဆင်နယ် အသင်းကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ခွင့် ရချင်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ် ။

SPORTS MYANMAR