အာဆင်နယ် အသင်းရဲ့ အမေရိက ခြေစမ်းပွဲ ခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရတဲ့ အပေါ် စိတ်ပျက်နေတဲ့ ဘိုင်ယန်မြူးနစ် ပစ်မှတ် #အာမာချီ

အာဆင်နယ် အသင်းဟာ မနေ့က ရာသီကြို ခြေစမ်းပွဲစဉ် အဖြစ် အမေရိက ကို ထွက်ခွာ သွားခဲ့ပြီး ကစားသမား ၂၉ ဦးကို ခေါ်ဆောင် သွားခဲ့ပါတယ် ။ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အမေရိက ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တာကြောင့် ပရိသတ်တွေကြား အတော်လေး ဂရက်ရိုက်သွား ခဲ့ပါသေးတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အာဆင်နယ် အသင်းရဲ့ အမေရိက ခရီးစဉ်မှာ နိုင်ငံ လက်ရွေးစင် အသင်းကို ကိုယ်စားပြု ကစားထားတာကြောင့် ပွဲပမ်း နေတဲ့ ဂွမ်ဒူဇီ ၊ တော်ရီးယား ၊ ဘီလစ် ၊ အယ်နီနီ တို့တော့ ပါဝင် ခဲ့ ခြင်း မရှိပါဘူး ။ ဒါ့အပြင် နိုင်ဂျီးရီးယား အသင်း နဲ့ အတူ အာဖရိက နိုင်ငံများ ဖလားပွဲ ကစားနေတဲ့ အီဝိုဘီ ဟာလည်း လိုက်ပါ နိုင်ခဲ့ခြင်း မရှိပါဘူး ။

အာဆင်နယ် နည်းပြ အမ်မရီ ဟာ စီနီယာ ကစားသမားတွေ အပြင် လူငယ် အသင်းမှ မက်မာစီ ၊ မက်ဒလေ ၊ သွမ်ဆန် ၊ ဘာတန် ၊ အိုလာရင်ကာ ၊ ဆာကာ ၊ ဂျွန်ဂျူးစ် တို့ကို ခေါ်ဆောင် သွားခဲ့ပြီး ဘာလိုဂန် ၊ အာမာချီ တို့ကိုတော့ ချန်လှပ် ခဲ့ပါတယ် ။

ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်း အပြင် လာလီဂါ အသင်း တော်တော်များများရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ အာမာချီ ဟာ အမေရိက ခြေစမ်းပွဲ ခရီးစဉ်မှာ ချန်လှပ် ခံခဲ့ရပြီးနောက် သူ့ရဲ့ တွစ်တာ နဲ့ အင်စတာဂရမ် အကောင့်က အာဆင်နယ် အသင်း ပရိုဖိုင် ၊ ကာဗာ ဓါတ်ပုံ ၊ bio တွေအားလုံးကို ဖျက်ပစ် ခဲ့ပါတယ် ။

တောင်ပံ ကစားသမား အာမာချီ ဟာ အရင်တုန်းကလည်း ယူရိုပါလိဂ် ဖိုင်နယ် ပွဲမှာ သူ့ကို အရန် ကစားသမား ၁၂ ဦး စာရင်းမှာတောင် မထည့်သွင်း ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့ ဆုံးဖြတ်ချက် ကို မခံမရပ်နိုင် ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ နိုင်ဂျီးရီးယား နွယ်ဖွား ဇားဗီးယား အာမာချီ ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန် ရှိ တော့ ပြီး ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ လူငယ် ကြယ်ပွင့် ကစားသမား တစ်ဦး ပါ ။

ဇားဗီးယား အာမာချီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် ယူ-၂၃ နဲ့ ယူ-၁၈ အသင်းတွေ အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပေးခဲ့ပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြု လုပ် ပေး နိုင် ခဲ့ ပါ တယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ခရစ်ဝီးလော့ ၊ မားကပ်စ် မက်ဂွာနီ တို့လို အရည်အသွေးမြင့် ကြယ်ပွင့် ကစားသမားတွေကို ဘင်ဖီကာ ၊ ဘာစီလိုနာ တို့ထံ ရောင်းချ ခဲ့ပါတယ် ။ အာဆင်နယ် အသင်း အနေနဲ့ အာမာချီ ကို ရောင်းချမယ် ဆိုပါက ထိုက်သင့်တဲ့ ပြောင်းရွှေ့ ကြေး နဲ့သာ လက်လွှတ် သင့်ပါတယ် ။

SPORTS MYANMAR