ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

PSG အသင်း နဲ့ စာချုပ် ပြည့်လို့ ထွက်ခွာ လာတဲ့ ဘရာဇီး နောက်ခံလူ ဒါနီ အဲလ်ဗက် ဟာ မန်ချက် စတာ စီးတီး အသင်း ထံ ပြောင်းရွှေ့ ပြီး ဆရာဟောင်း ဂွာဒီယိုလာ နဲ့ လက်တွဲ သွားဖို့ ရှိ နေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ PSG အသင်း ကတော့ လေ့ကျင့်ခန်း အစီအစဉ် ကို လာရောက် မပူးပေါင်း ခဲ့တဲ့ နေမာ ကို ပေါင် ၃၄၀၀၀၀ ဒဏ် တပ် ဖို့ ရှိ နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဝက်စ်ဟမ်း အသင်း ကတော့ ယူဗင်တပ် တိုက်စစ်မှုး ဂွန်ဇာလို ဟီဂွာအင် ကို တစ်ရာသီ အငှား စာချုပ် နဲ့ ခေါ်ယူ ဖို့ စိတ်ဝင် စား နေတယ် လို့ ကြားသိရ ပါတယ် ။

ဂါလာတာ စာရေး အသင်း ကတော့ သူတို့ရဲ့ ကွင်းလယ်လူ ဖာနန်ဒို ဟာ ဆီဗီးလား အသင်းထံ ယူရို ၄ သန်း နဲ့ ပြောင်းရွှေ့ တော့မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ ပြီဖြစ် ပါတယ် ။

ရိုးမား အသင်း ဟာ ရီးရဲ ဘက်တစ် ဂိုးသမား ပေါ လိုပက်ဇ် ကို ယူရို ၂၃.၅ သန်း နဲ့ ခေါ်ယူ ပြီးစီး ခဲ့ပြီ ဖြစ် ပါတယ် ။ ဒီ ခေါ်ယူမှု ကြောင့် လိုပက်ဇ် ဟာ ရိုးမား သမိုင်း တစ်လျောက် ပြောင်းရွှေ့ ကြေး အမြင့်ဆုံး စာရင်း မှာ နံပါတ် ၈ ချိတ် သွားခဲ့ ရ ပါတယ် ။

ဗလင်စီယာ အသင်း ဟာ ဆယ်တာ ဗီဂို တိုက်စစ်မှုး မက်ဆီ ဂိုးမက် ကို ခေါ်ယူ နိုင်ဖို့ အတွက် ငွေသား ယူရို ၁၄ သန်း ခွဲ ပေးချေ ကာ အသင်းရဲ့ တိုက်စစ်မှုး ဆန်တီ မီနာ ကို ပါ အလိုက်ပေး ခဲ့ရ တဲ့ အပြင် လူငယ် နောက်ခံလူ ဂျော့ဆန်း ကို လည်း ၂ နှစ် အငှား နဲ့ စေလွှတ် ပေးခဲ့ ရတယ် လို့ သိရ ပါတယ် ။

ရီးရဲ နည်းပြကြီး ဇီဒန်း ရဲ့ သား ဖြစ်သူ လူကာ ဇီဒန်း ဟာ ရေးဆင်း အသင်းဆီ ပြောင်းရွှေ့ ခဲ့ပြီ ဖြစ်သလို နောက်ထပ် သား တစ်ဦး ဖြစ်တဲ့ အန်ဇို ဇီဒန်း ဟာလည်း ပေါ်တူဂီ ကလပ် တစ်သင်းသင်းထံ ပြောင်းရွှေ့ ဖို့ နီးစပ် နေတယ် လို့ ကြားသိရ ပါတယ် ။

ပါးမား အသင်း ကတော့ အင်တာ လူငယ် တောင်ပံ ကစား သမားလေး ယန်း ကာရာမွတ် ကို ယူရို ၁၃ သန်း ၀န်းကျင် နဲ့ ခေါ်ယူ နိုင် ခဲ့ပြီ လို့ ကြားသိရ ပါတယ် ။

ဆီဗီးလား အသင်း ဟာ ရိုးမား ကပ္ပတိန် ဖလော်ရန်ဇီ ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ် လို့ သိရှိရ ပါတယ် ။

ရက်ဘူး လိုက်ပ်ဇစ် အသင်း ကတော့ အဲဗာတန် ရှေ့တန်းလူ လွတ်မန်း ကို ခေါ်ယူ လိုတယ် လို့ သိရ ပါတယ်

အာဆင်နယ် နဲ့ သတင်း အကြီး အကျယ် ထွက်နေတဲ့ ပဲလေ့စ် တောင်ပံ ကစား သမား ဇာဟာက တော့ အသင်း ရဲ့ အဝေးကွင်း ၀တ်စုံသစ် မိတ်ဆက် မှု မှာ မပါဝင် လာခဲ့ တဲ့ အတွက် အသင်း ပြောင်းနိုင်ချေ တွေ ပိုမို မြင့်တက် လာခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ရီးရဲ ကွင်းလယ်လူ အစ္စကို ကတော့ ဇနီးသည် ရဲ့ အောင်မြင်တဲ့ မီးဖွားမှု နဲ့ အတူ ပထမဆုံးသော ရင်သွေးငယ်လေး ( သားလေး ) ကို ပိုင်ဆိုင် ခွင့် ရရှိ ခဲ့ပြီလို့ သိရ ပါတယ် ခင်ဗျာ ။

ရှန်ဟိုင်း SIPG အသင်း ထံ ရောက်ရှိ သွားတဲ့ ၀က်စ်ဟမ်း ရှေ့တန်းလူ အနာတိုဗစ် ကတော့ ကျောနံပါတ် ၇ ကို ၀တ်ဆင် ကစားသွား မယ် လို့ သိရ ပါတယ် ။

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် ကတော့ ရီးရဲ မက်ဒရစ် အသင်း ဟာ သူတို့ ခေါ်ယူ လိုတဲ့ ဟားမက် ရိုဒရီဂွက် အတွက် အလွန် အကျွံ တောင်းဆိုမှုတွေ ပြုလုပ် နေတာကြောင့် အပြောင်း အရွှေ့ အတွက် ညှိနှိုင်း ရ ခက်ခဲ နေတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

ကတ်တလန် သတင်းစာ မွန်ဒို ကတော့ ဘာစီလိုနာ ဟာ မနက်ဖြန် မှာ ဂရစ်ဇ်မန်း ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကို ပေးချေ ခေါ်ယူ လိမ့်မယ် လို့ ဖော်ပြ သွားခဲ့ ပါတယ် ခင်ဗျာ . . .

SPORTS MYANMAR