နောက်ရာသီ စီနီယာအသင်းမှာ ဘယ်သူဟာ ပွဲကစားချိန်တွေ ပိုမို ရလာလိမ့်မလဲ ဆိုတာ ပြောကြားသွားတဲ့ #ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကွင်း အတွင်း ပေါက်ကွဲအား တွေ လိုအပ် နေခဲ့ ပြီး ဒီ အတွက် လူငယ် အသင်း မှ ကစားသမား လေး တစ်ဦး ကို စီနီယာ အသင်း ဆီ ခေါ်ယူ နေရာ ပေးခြင်း ဖြင့် ဖြေရှင်း နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း ရပ်ရှ်ဖို့ က ဆိုသွား ခဲ့လိုက် ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ရပ်ရှ်ဖို့ ပြောနေ တဲ့ ကစားသမား လေး ကတော့ လူငယ် အသင်း မှ မာဆွန် ဂရင်းဝုဒ် အကြောင်း ပဲ ဖြစ် ပါတယ် ။ ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံ လိဂ် 16 သင်း ရှုံးထွက် အဆင့် ရဲ့ ဒုတိယ အကျော့ အဖြစ် PSG အသင်း နဲ့ ယူနိုက်တက် တို့ ကစား ရာမှာ အရံခုံ ပေါ်မှ ပါဝင် ကစား ခွင့် စတင် ရရှိ ခဲ့သူ ပဲ ဖြစ် ပါတယ် ။

အခုတော့ အသက် 17 နှစ် အရွယ် ကစားသမား လေးဟာ ယူနိုက်တက် ရဲ့ ရာသီ ကြို ပွဲစဉ် တွေ ကစား ရဖို့ အတွက် သြစတြေးလျ မြေကို လိုက်ပါ ခဲ့ရ သူ ဖြစ်ပြီး အသင်း ဖော် ရပ်ရှ်ဖို့ က ဂရင်းဝုဒ် ဟာ နောက် ရာသီ ယူနိုက်တက် အတွက် အရေး ပါတဲ့ အခန်း ကဏ္ဍ တစ်ရပ်မှ ပါဝင် နိုင်မယ့် ကစားသမား မျိုး ဖြစ်ကြောင်း ထောက်ခံ အားပေး သွားခဲ့ ပါတယ် ။

” သိပ် သေချာ ပါတယ် ၊ 100 ရာခိုင်နှုန်း အပြည့် ပါပဲ ။ ကျွန်တော့် အမြင် မှာတော့ သူ ( ဂရင်းဝုဒ် ) ဟာ နောက် ရာသီ အတွင်း စီနီယာ အသင်း ကြီးမှာ ပွဲထွက် ကစား ချိန် ပိုမို ရရှိ နိုင်ပါ လိမ့်မယ် ”

” လူတိုင်း က သူ ကစား တာ ၊ တိုးတက် လာတာ ကို ကြည့်ပြီး ပျော်ရွှင် ကြည်နူး နေကြ ပါတယ် ။ ခင်ဗျားတို့ သိရှိ ကြမှာ ပါ ၊ အကယ်ဒမီ ကစားသမား ဘဝ ကနေ စီနီယာ အသင်း ဆီ တက်လှမ်း နိုင်ဖို့ ဆိုတာ အရမ်း ပဲ ခက်ခဲ လှ ပါတယ် ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ကာဒစ်ဖ် အသင်း နဲ့ ကစား ရာမှာ လည်း သူဟာ ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင် ထားနိုင် ခဲ့ပါ သေးတယ် ။ အဲ့တာ တွေက သူ့ကို အခုလို ကစားသမား ကောင်း တစ်ဦး ဖြစ်လာ စေဖို့ အတွက် ကောင်းမွန် တဲ့ ခြေလှမ်း တွေ ပါပဲ ”

” ဒါ့ကြောင့် သူဟာ ဒါကို ဆက်လုပ် နိုင်ဖို့ ၊ ဆက်လက် ကြိုးစား အားထုတ် ရင်း ရှေ့ တက်လှမ်း နိုင်ဖို့ လုပ်ဆောင် နိုင် လိမ့်မယ် လို့ မျှော်လင့် နေ ပါတယ် ။ သူ စီနီယာ အသင်း ကြီး အတွက် မ ကစား ပေးနိုင် ဘူး ဆိုတဲ့ အကြောင်း ပြချက် မျိုး ကျွန်တော် ရှာ မတွေ့ သေး ပါဘူး ” လို့ ရပ်ရှ်ဖို့ က အသင်း ဖော်ကို ချီးကျူး သွားခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းဟာ လက်ရှိ သြစတြေးလျ မြေကို ရောက်ရှိ နေပြီး 13 ရက်နေ့ ညနေ 5:30 အချိန် မှာတော့ ပါ့သ် ဂလိုရီ အသင်း နဲ့ ပထမ ဆုံး ခြေစမ်း ပွဲကို ကစား ရမှာ ပဲ ဖြစ် ပါတယ် ။ နည်းပြ ဆိုးလ်ရှား ကတော့ ရာသီ ကြို ပွဲစဉ် တွေမှာ လူငယ် ကစားသမား တွေရဲ့ အရည်အသွေး တွေကို စောင့်ကြည့် သွားဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar