ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဥရောပတလွှားက အကောင်းဆုံး Free Transfer၅ ခု

စီးရီးအေ ထိပ်သီး အသင်းတသင်းဖြစ်တဲ့ ဂျူဗီ တို့ဟာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် လူ ရမ်ဆေးလ်နဲ့ PSG အသင်းရဲ့ ကွင်းလယ်လွှူရားဘီးယော့တ် တို့ကို ပြောင်းရွှေ့ကြေးတပြားတချပ်မှ မပေးရပဲအခုနွေမှာခေါ်ယူထားနိုင်ခဲ့ပါတယ်။အသက် အရွယ်အားဖြင့်ကော ခြေစွမ်းပိုင်းအရပါ အကောင်းဆုံး အနေအထားမှာရှိနေသူတွေကို ရရှိလိုက်တာဖြစ်လို့ ဂျူဗီ အသင်းကို အများက ချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ဒါပေမယ့် သူတို့နှစ်ဦးထက် ပိုကောင်းတဲ့ Free Transfer တွေ ဆယ်စုနှစ်တခုအတွင်းဖြစ်ပေါ်ထားခဲ့ပြီးပြီဆိုတာကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

၅။ ရာအူးလ် ( ရီးရဲလ်မှ ရှော်ကေးလ်သို့ )

ရီးရဲလ်အသင်းရဲ့ ပုံရိပ်လိုဖြစ်ခဲ့ဖူးတဲ့ ရာအူးလ်ဟာ ၂၀၀၉-၁၀ ရာသီမှာတော့ အသင်းရဲ့ မျက်နှာပေးခံရမှု လျော့နည်းလာခဲ့ပြီးလာလီဂါ ၈ပွဲသာပွဲထွက်ခွင့်ရခဲ့ပါတယ်။စီရော်နယ်ဒို တခေတ်ဖြစ်လာဖို့ တာဆူနေချိန်လည်းဖြစ်ပါတယ်။ဒါကြောင့် လည်းဒီစပိန်သားကြီးဟာရီးရဲလ် နဲ့ သက်တမ်း မတိုးခဲ့ပဲ ဂျာမန်မြေကို ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ရာအူးလ် ဟာသူ့ကို ယုံယုံကြည်ကြည်နဲ့ခေါ်ယူပြီး နေရာပေးခဲ့တဲ့ ရှော်ကေးလ် အသင်းကို လည်း သစ္စရှိရှိနဲ့ ပြန်လည်ပေးဆပ်ခဲ့ပါတယ်။သူ့ရဲ့ အကောင်းဆုံးဦးဆောင် ကြိုးစားမှု နဲ့ အတူ ရှော်ကေးလ် အသင်းဟာ ၂၀၁၁ ခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် အထိရောက်ရှိခဲ့ပါတယ်။နောက်တနှစ်အကြာမှာလည်း ဘွန်ဒက်လီ ဂါပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့ပါတယ်။

၎။ပီယာလို ( မီလန် မှ ဂျူဗီ သို့)

၂၀၁၁ ခုနှစ်မှာ နည်းပြအဖြစ် ကွန်တီကို ခန့်အပ်ခဲ့ခြင်းဟာ ဂျူဗီ အသင်း စီးရီးအေ ကိုတဖန်ပြန်ပြီးစိုးမိုးနိုင်မှု အတွက် အစဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အေစီမီလန် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ပီယာလို ကလည်း စီရီးအေရဲ့ ပါရာဒိုင်းအပြောင်းအရွှေ့တခုဖြစ်ခဲ့တယ်ဆိုတာငြင်းစရာတောင်မလိုတာဖြစ်ပါတယ်။သူဟာ ဆန်စီရို မှာ ဆယ်နှစ်ကြာအတွေ့အကြုံတွေရရှိခဲ့အပြီးမှာ ပြည်တွင်းပြိုင်ဘက်ထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒီကိစ္စဟာ မီလန်တာဝန်ရှိသူတွေရဲ့ စီမံမှု အားနည်းချက်အတော်လေးသိသာခဲပြီး ဂျူဗီနဲ့ ပီယာလိုတို့ရဲ့လေးရာသီဆက် စတူဒက်တို ချန်ပီယံဖြစ်ခဲ့မှုကိုရင်နာနာနဲ့ကြည့်ခဲ့ရပါတယ်။သူဟာ ၂၀၁၅ ခုနှစ်မှာတော့ နယူယော့ခ်စီးတီးFCကိုပြောင်းသွားခဲ့ပါတယ်။ပီယာလိုပြောင်းလာမယ်ဆိုတဲ့သတင်းကိုကြားအပြီးမှာ ဘူဖွန်က – ” ဘုရားသခင်ဟာ တကယ်ရှိတာပါလား ” လို့တောင်ရေရွတ်ခဲ့ဖူးပါတယ်။

၃။ကလိုဆေး (ဘိုင်ယန်မှ လာဇီယိုသို့ )

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စဉ်ဆက်မပြတ် အားပေးခဲ့သူတွေဟာ ကလိုဆေးရဲ့ ဂိုးသွင်းစွမ်းရည်ကိုသတိပြုမိကြမှာဖြစ်ပါတယ်။ဒါပေမယ့် လာဇီယို အသင်းပရိသတ်တွေအတွက်တော့ ဒီဂျာမန်သားကြီးဟာ အသက်၃၃ နှစ်ကျော်လာချိန်မှာ အကောင်းဆုံးအချိန်ကုန်သွားပြီလို့ တွေးထားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ သံသယတွေကိုသူကလာဇီယို အတွက် အဖွင့်ပွဲတွေမှာပဲ ဖျောက်ဖျက်နိုင်ခဲ့ပါတယ်။လာဇီယို အသင်းရရှိခဲ့တဲ့ ၆ဂိုးမှာ သူ့ရဲ့ဂိုးက ၅ဂိုးအထိ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။၂၀၁၁အောက်တိုဘာလအတွင်းကစားခဲ့တဲ့ ရိုးမားနဲ့ ရောမဒါဘီပွဲမှာလည်း နာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာ၂၀၁၆ ခုနှစ်မှာတော့ ကစားသမားဘဝ အဆုံးသတ်ခဲ့ပြီး လာဇီယို သမိုင်းမှာဂိုးအများဆုံးနိုင်ငံခြားသားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

၂။ပေါ့ဘာ ( ယူနိုက်တက်မှ ဂျူဗီသို့ )

ငွေရေးကြေးရေးအရ ကြည့်ရင် ဒီအပြောင်းအရွှေ့ဟာဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး အလွတ် ခေါ်ယူနိုင်မှု တခုဖြစ်ပါတယ်။ဂျူဗီ တို့ဟာဒီပြင်သစ်သားကို ၂၀၁၂ ခုနှစ်မှာယူနိုက်တက်ကနေအလွတ်ခေါ်ယူခဲ့ပြီးလေးရာသီအကြာမှာ ကမ္ဘာ့စံချိန်တင်ကြေး ပေါင်၈၉ သန်းနဲ့ပြန်ရောင်းချခဲ့ပါတယ်။

ပေါ့ဘာ ဟာ ဂျူဗီ အသင်းနဲ့ အတူ တူရင်မြေမှာ ရှိနေခဲ့ တဲ့ အချိန်ကာလ တွေ အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် လူတဦးအဖြစ် ထွန်းတောက်ခဲ့ပြီး ကွင်းအတွင်းမှာ အများကြီး ပေးဆပ်နိုင်ခဲ့သူဖြစ်ပါတယ်။ဂျူဗီ ရဲ့ ဆုဖလားအောင်မြင်မှုရာသီ တွေမှာအဓိကကစားသမားတဦးအဖြစ်ပါဝင်နေခဲ့တယ်ဆိုရင်တောင် ဒီပြောင်းရွှေ့ကြေးပမာဏဟာပိုပြီး ဂျူဗီအတွက် ချိုမြိန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

၁။လီဝန်ဒေါစကီး ( ဒေါ့မွန်မှ ဘိုင်ယန်သို့ )

ဘိုင်ယန် တို့ဟာ ၂၀၁၃ နွေရာသီမှာကတည်းက ဒီပိုလန် ဂိုးသွင်းစက်ကို လိုချင်ခဲ့တာဖြစ်ပေမယ့် ဒေါ့မွန်ဘက်က ရောင်းဖို့ ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကစားသမားဘက်က စာချုပ်သက်တမ်းတိုးဖို့ စိတ်မရှိတော့လို့ နောက်ထပ် ၁၂ လအကြာမှာပဲ ပြောင်းရွှေ့ကြေးတပြားတချပ်မှ မရပဲ ရင်နာနာနဲ့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ပိုလန်ဘောလုံး သမိုင်းရဲ့ အငြင်းပွားဖွယ်မရှိ အကောင်းဆုံးတိုက်စစ် မှူး တဦးဖြစ်တဲ့ လီဝန်ဒေါစကီးကလည်း တကယ်ကို စိတ်ဓာတ်ပြတ်သားသူဖြစ်ပါတယ်။မိမိအသင်းရဲ့ လိဂ်ပြိုင်ဘက် အသင်းကို ရောက်ရှိခဲ့ပေမယ့် နောက်ကြောင်း တစက်လေးတောင်လှည့်မကြည့်ပဲ ကြိုးစားခဲ့ပါတယ်။သူဟာဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ၂၄၂ ပွဲကစားပေးထားအပြီးမှာ ၁၉၁ ဂိုးအထိသွင်းယူပေးထားခဲ့ပြီးပြီ လည်းဖြစ်ပါတယ်။