အီမာဆင် ကို ခေါ်ယူချင်နေတဲ့ ကွန်တီ ၊ အပြောင်းအရွှေ့ ကောလဟလ တချို့ နဲ့ ချယ်လ်ဆီး သတင်းတိုများ

* ဘရိုက်တန် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ အသက် ၁၉ နှစ် အရွယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ် လာကြောင်း ဘရိုက်တန် အခြေစိုက် သတင်း ဌာန တခု ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ရာသီ က ဝီဂန် အသင်း မှာ ခြေစွမ်း ပြခဲ့တာကြောင့် ခေါ်ယူချင် နေတဲ့ ပရီးမီးယားလိဂ် အသင်း များစွာ ရှိနေတာ ဖြစ်ပါတယ် ။ ဘရိုက်တန် အနေနဲ့ ဂျိမ်းစ် ကို ခေါ်ယူချင်တယ် ဆိုရင် ဘစ်ဆာကာ အား ယူနိုက်တက် ကို ရောင်းချ ခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် နဲ့ အဓိက ယှဉ်ပြိုင် ရဖွယ် ရှိနေပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

* ချယ်လ်ဆီး အမျိုးသမီး အသင်း ရဲ့ နောက်ခံလူ ဂျိတ်ဘေလီ ဟာ တမြန်နေ့ ကပဲ လီဗာပူး အမျိုးသမီး အသင်း သို့ ပြောင်းရွှေ့ သွားပြီ ဖြစ်ကြောင်း ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ် ။ ဘေလီ ဟာ ချယ်လ်ဆီး အမျိုးသမီး အသင်း အတွက် ၃ရာသီ ကြာ ကစား ပေးခဲ့ပြီးနောက် အခုလို အသင်းပြောင်း သွားခဲ့တာ ဖြစ်ပါတယ် ။

* ယခင် ချယ်လ်ဆီး နည်းပြဟောင်း ၊ လက်ရှိ အင်တာမီလန် နည်းပြ အန်တိုနီယို ကွန်တီ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဘယ်နောက်ခံလူ အီမာဆင် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြောင်း အီတလီ သတင်း Tuttosports ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။

* မနေ့က ညက ကစားသွားတဲ့ ခြေစမ်း ပွဲစဉ် မတိုင်မီ ဖရန့် လမ်းပတ် ဟာ ၄င်းရဲ့ နည်းပြ အဖွဲ့ဝင် တွေနဲ့ တရားဝင် မိတ်ဆက် ပေးသွား ခဲ့ပါတယ် ။ ယင်း အဖွဲ့ဝင် ထဲမှာ လက်ထောက် နည်းပြ အဖြစ် ဂျိုဒီ မောရစ် ၊ ပထမ အသင်း နည်းပြ အဖြစ် ဂျိုး အက်ဒ်ဝပ် ၊ ကြံ့ခိုင်ရေး နည်းပြ အဖြစ် ခရစ်ဂျုံးစ် ၊ ဂိုးနည်းပြ အဖြစ် ဟီလာရီယို ၊ နောက်ထပ် နည်းစနစ် နဲ့ အကြံပေး နည်းပြ အဖွဲ့ဝင် တဦးကတော့ အက်ဒီ နယူတန် တို့ပဲ ဖြစ်ကြပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ တမြန်နေ့ ကပဲ ထိုင်းနိုင်ငံ ဘီယာ ကုမ္ပဏီ ဖြစ်တဲ့ Singha နဲ့ ၂၀၂၂ အထိ သက်တမ်း ရှိစေမယ့် Sponsor စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း ၄င်းတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ သတင်း ထုတ်ပြန် ခဲ့ပါတယ် ။ ချယ်လ်ဆီး နဲ့ Singha တို့ဟာ ၂၀၁၀ ခုနှစ် ကတည်းက လက်တွဲ လာခဲ့ကြတာ ဖြစ်ပါတယ် ။

* တန်းတက် အက်စတွန် ဗီလာ အသင်း ဟာ ချယ်လ်ဆီး အသင်း ကနေ ထွက်ခွာ ခဲ့တဲ့ ဝါရင့် ခံစစ်မှူး ဂယ်ရီ ကာဟေးလ် ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ချင်း တွေ့ဆုံ ဆွေးနွေးမှု တွေ ပြုလုပ် နေပြီကြောင်း Talksports ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဗီလာ အသင်း ဟာ ယခင် ချယ်လ်ဆီး ခံစစ်မှူး ဟောင်း ၊ လက်ရှိ ဗီလာ လက်ထောက် နည်းပြ ဂျွန်တယ်ရီ ရဲ့ အကူအညီ နဲ့ ကာဟေးလ် ကို ခေါ်ယူ သွားချင် နေတာ ဖြစ်ပါတယ် ။

* ဘွတ်ကီဒိုင် တွေရဲ့ ဖော်ပြချက် တွေမှာ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ၊ လက်ရှိ ဗီလာ လက်ထောက် နည်းပြ ဂျွန်တယ်ရီ ဟာ လစ်လပ် နေတဲ့ နယူးကာဆယ် အသင်း ရဲ့ နည်းပြ ရာထူး အတွက် အံ့အားသင့်စွာ ရေပန်းစား လာခဲ့ကြောင်း သိရပါတယ် ။ နယူးကာဆယ် အသင်း ဟာ မကြာသေးခင် ရက်ပိုင်း ကမှ ပရီးမီးယားလိဂ် ကလပ် အတော် များများ ကို ကိုင်တွယ် ခဲ့ဖူးတဲ့ ဝါရင့် နည်းပြကြီး ဆမ် အလာဒိုက်စ် ကို နည်းပြ ရာထူး ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ် ။

* မန်ချက်စတာ အခြေစိုက် သတင်း တချို့ တွေက တော့ မန်ယူ အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် အဖျက် ကစားသမား တီမို ဘာကာယိုကို ကို ခေါ်ယူမှာ မဟုတ်ကြောင်း အတိအလင်း ဖော်ပြ ခဲ့ကြကြောင်း လန်ဒန် သတင်း Evening Standard က ပြန်ပြီး ရေးသား တင်ပြ ခဲ့ပါတယ် ။ ဘာကာယိုကို ဟာ ယခု နောက်ပိုင်း သတင်း တွေ အရ မန်ယူ ကို ပြောင်းရွှေ့ ဖို့ ရေပန်းစား နေတဲ့ ကွင်းလယ်လူ လည်း ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို က ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ၄င်းရဲ့ အနှစ်သက်ဆုံး အခိုက်အတန့် အကြောင်း ပြောပြ ခဲ့ရာ ဖူလ်ဟမ် အသင်း နဲ့ ပွဲမှာ ရရှိ ခဲ့တဲ့ သွင်းဂိုး အတွက် အရမ်း ပျော်ရွှင် ခဲ့ရကြောင်း ၊ open-play ကနေ ရရှိ ခဲ့တာလည်း ဖြစ်ကြောင်း ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာ ဖွင့်ဟ ဆိုခဲ့ပါတယ် ။ ဒီဂိုး ဟာ ဂျော်ဂျင်ဟို ချယ်လ်ဆီး အသင်း အတွက် သွင်းယူ ပေးတဲ့ ပထမဂိုး ဖြစ်ပါတယ် ။

* မနေ့က ဖော်ပြတဲ့ သတင်း တွေ အရ ဒူးဒဏ်ရာ အနည်းငယ် ရရှိ ထားတဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ အသင်းဖော် တွေနဲ့ အတူ လေ့ကျင့် ရသေးခြင်း မရှိပဲ ၊ တယောက်တည်း ကြံ့ခိုင်မှု အတွက် သီးသန့် လေ့ကျင့်လျက် ရှိနေကြောင်း သိရပါတယ် ။ သို့ပေမယ့် လည်း ကန်တေ ဟာ ဂျပန် သို့ ရာသီကြို ခရီးစဉ် ကိုတော့ လိုက်ပါ နိုင်မယ် လို့ ခန့်မှန်း ရပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ အာဖရိက နိုင်ငံ များ ဖလား ကွာတားဖိုင်နယ် ပွဲစဉ် တပွဲ မှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း ဟာ တောင်အာဖရိက လက်ရွေးစင် အသင်း ကို ၂ – ၁ နဲ့ အနိုင် ရခဲ့ပြီး ဆီမီးဖိုင်နယ် သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် ခံစစ်မှူး ကမ်းနက် အိုမြူရို ပွဲချိန်ပြည့် ကစား ခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့တယ် လို့လည်း သိရပါတယ် ။

SPORTS MYANMAR