အာဆင်နယ် အသင်းရဲ့ အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ကော့စီရယ်နီ ငြင်းဆန် ခဲ့တဲ့ အကြောင်းအရင်း ထွက်ပေါ်လာ

ယနေ့ ညနေပိုင်းမှာတော့ အာဆင်နယ် အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တဲ့ သတင်းဟာ အတော်လေး ဟိုးလေး တစ်ကျော် ဖြစ်သွား ခဲ့ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အာဆင်နယ် အသင်းဘက်ကတော့ ကော့စီရယ်နီ ရဲ့ လုပ်ရပ်ကို စိတ်ပျက်မိကြောင်း နဲ့ အဆိုပါ ကိစ္စ ကို ကိုင်တွယ် ဖြေရှင်း သွားမယ်လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ အသင်းခေါင်းဆောင် ရာထူးကနေ ကော့စီရယ်နီ ကို ဖယ်ရှားသွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။

ပြင်သစ် နောက်ခံလူ ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးပါ ။ ကော့စီရယ်နီ ဟာ စာချုပ် ဖျက်သိမ်းပြီး အသင်း ပြောင်းရွှေ့ ခွင့် ပေးဖို့ အာဆင်နယ် အသင်းထံ တောင်းဆို ခဲ့ပြီး ကလပ် အသင်းဘက်က လက်မခံခဲ့တာကြောင့် အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်း နောက်တန်းမှာ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အသက်အရွယ် ကြီးလာပြီ ဖြစ်တာကြောင့် ကြံ့ ခိုင်မှု အပိုင်းမှာ အားနည်းလာပြီး နည်းပြ အမ်မရီ ရောင်းထုတ်မယ့် ကစားသမား စာရင်းမှာ ပါဝင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ကော့စီရယ် နီ ဟာ ပြင်သစ် မြေကို ပြန်ဖို့ ဆန္ဒ ရှိနေပြီး လိုင်ယွန် အသင်းက သူ့ကို နှစ်နှစ် စာချုပ် နဲ့ ခေါ်ယူဖို့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် နေတယ်လို့ သိရပါတယ် ။ ကော့စီရယ်နီ ဟာ ပြင်သစ် ကလပ် တွေဖြစ်တဲ့ ဂူနီဂမ့် ၊ တိုးစ် ၊ လော်ရီယန့် အသင်းတွေမှာ ကစားခဲ့ဖူးပါတယ် ။

ကော့စီရယ်နီ ဟာ ပြီးခဲ့တဲ့ ရာသီက ဖနောင့်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲသာ ကစား ပေးနိုင်ခဲ့ပါတယ် ။ အာဆင်နယ် နည်းပြ အမ်မရီ ဟာ ကော့စီရယ်နီ နေရာမှာ အစားထိုးဖို့ စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာ ကို ပစ်မှတ် ထားနေပါတယ် ။

ကော့စီရယ်နီ ထွက်ခွာ သွားရင်တောင် နည်းပြ အမ်မရီ အတွက် အားကိုးရမယ့် လူငယ် နောက်ခံလူနှစ်ဦး အသင်းမှာ အဆင်သင့် ရှိနေပါတယ် ။ လာမယ့် ရာသီသစ် မစမှီမှာ ဟိုးလ်ဒင်း ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ရှိနေပြီး ချာလ်တန် အသင်းမှာ အငှားသွားရောက် ကစားခဲ့တဲ့ ဘီလစ် ဟာလည်း ယူရို ယူ-၂၁ ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနိင်ခဲ့တာကြောင့် အသင်းကြီးမှာ နေရာ ရလာဖွယ် ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၁ ဂိုး အထိ ခွင့်ပြု ထားရပြီး အဝေးကွင်း ပွဲစဉ်တွေမှာ Clean-sheet တစ်ပွဲသာ ရယူ ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကုန်ခါနီးမှာ နောက်တန်း အမှားတွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် သွားခဲ့တာလည်း ဖြစ်ပါတယ် ။

ကော့စီရယ်နီ ဟာ အာဆင်နယ် အသင်းမှာ ကစားလာတာ ကိုးနှစ်ကျော်ကြာ ရှိပြီ ဖြစ်ပြီး ပွဲပေါင်း ၄၀၀ ကျော် ကစားထားကာ အက်ဖ်အေ ဖလား သုံးလုံး ဆွတ်ခူး ရရှိ ထားပါတယ် ။ ဒါ့အပြင် ကော့စီရယ်နီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက်လည်း ပွဲပေါင်း ၅၁ ပွဲကျော် ပါဝင် ကစားပေးထားကာ မနှစ်တုန်းက နိုင်ငံလက်ရွေးစင် ကစားသမား ဘဝကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ ထားသူပါ ။

SPORTS MYANMAR