‘ လင်ဂတ် ပြန်လာပြီ ‘ လို့ ပြောကြားရင်း နှစ်ပွဲဆက် နိုင်ပွဲ ၊ အမှတ်ပေး ဇယား အဆင့် 5 နေရာ အထိ တက်လှမ်း လာမှု နဲ့ ပတ်သက်လို သတိပေး လိုက်တဲ့ #လင်ဂတ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ် က သူ့ရဲ့ ခြေစွမ်း တွေဟာ တစ်ဖန် ပြန်လည် ချွန်ထက် လာပြီ လို့ ခံစား ရကြောင်း ၊ သူ ပြန်လာ နိုင်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း အတွက် နှစ်လ အကြာ ပါဝင် ကစား ပေးနိုင် ခြင်း မရှိ ခဲ့တဲ့ လင်ဂတ် ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက ယူနိုက်တက် တို့ တော့တင်ဟမ် ကို 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှာ အသင်း အတွက် ပြန်လည် ပါဝင် ကစား ပေးနိုင် ခဲ့ပြီး မန်စီးတီး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာပါ နေရာ တစ်ခု အပိုင် ပြန်သိမ်း နိုင်ခဲ့ ပါတယ် ။

အဲ့ဒီ မတိုင်မီ ယူနိုက်တက် တို့ ရှက်ဖီး ယူနိုက်တက် ၊ အက်စတွန် ဗီလာ အသင်း တို့နဲ့ ရင်ဆိုင် ခဲ့တဲ့ ကြားပွဲ မှာ အက်စတာနာ အသင်း နဲ့ ကစား ခဲ့ ရပြီး လင်ဂတ် က အဆိုပါ ပွဲစဉ် မှာ အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ကစား ပေးခွင့် ရရှိ ခဲ့ပါ သေးတယ် ။ အဆိုပါ ပွဲ မှာတော့ သူဟာ အသင်း အတွက် တစ်ဂိုး သွင်းပေး နိုင်ခဲ့ ပါတယ် ။

ဒါဟာ ဇန်နဝါရီ လ နောက်ပိုင်း အသင်း အတွက် သူ သွင်းယူ ပေးတဲ့ ပထမဆုံး သွင်းဂိုး လည်း ဖြစ်သွား ခဲ့ရ ပါတယ် ။ အခုတော့ မန်ချက်စတာ မှာ ပြုလုပ် ခဲ့တဲ့ Street Football အစီအစဉ် မှာ Sky Sport နဲ့ အင်တာဗျူး ခဲ့တဲ့ လင်ဂတ် က သူ့ကိုယ်သူ ပြန်လည် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ခံစားချက် တွေ ကောင်းမွန် နေ ပါတယ် ။ ကျွန်တော် ဟာ ပြန်လည် ချွန်ထက် လာပြီ လို့ ခံစား နေရ ပြီး ကြံ့ခိုင်မှု တွေနဲ့ အတူ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ပါပြီ ။ ကျွန်တော် အသင်း အတွက် အလုပ် လုပ်ရတာ ချစ်သလို နိုင်ပွဲ တွေ ရယူ ရခြင်း ၊ ပွဲတွေ ကစား ရခြင်း ကိုလည်း မြတ်နိုး လှ ပါတယ် ” လို့ လင်ဂတ် က ဖြေကြားရင်း သူ သိရှိ ခဲ့တဲ့ ဂျက်စီ ကို ပြန်တွေ့ ခဲ့ပြီ လားလို့ အမေး ခံလိုက် ရချိန် …

” ဟုတ်ပါတယ် ၊ သူ အခု ပြန်လာ နိုင်ခဲ့ ပါပြီ ။ သူ့ နေရာကို ပြန်ရောက် နေ ပါပြီ ။ လူတွေ ဆိုတာ ပုံစံ ကျဆင်း သွားတက် ကြ ပါတယ် ။ အဲ့ဒီ အချိန် က မှန်ကန် တဲ့ ဟန်ချက် တစ်ခု ရှာဖွေ နိုင်ဖို့ ၊ ကျွန်တော် အရင် တုန်းက ရှိခဲ့ ဖူးတဲ့ နေရာ တစ်ခု ကို ပြန်လည် ရောက်လာ နိုင်ဖို့ ကြိုးစား ရ ပါ့မယ် ”

” ခင်ဗျား ပွဲတွေ မကစား ရရင် တော့ စိတ်ပျက် နေမှာ ပါပဲ ။ ခင်ဗျား ကွင်းထဲ သွားရောက် ရတဲ့ အခါ အကျိုး သက်ရောက် မှုတွေ လုပ်ဆောင် နိုင်ဖို့ အတွက် မှန်ကန် တဲ့ စိတ်နေ စိတ်ထား တွေနဲ့ စိတ်ဓါတ် ခံယူချက် တွေ ပြန်လည် ပိုင်ဆိုင် နိုင်ဖို့ အရင်ဆုံး လုပ်ဆောင် ရ ပါ့မယ် ။ ကျွန်တော် ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲမှာ အဲ့တာ တွေကို လုပ်နိုင် ခဲ့တယ် လို့ ထင်ပါတယ် ” လို့ လင်ဂတ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပွဲကြီး ပွဲကောင်း တွေကို နှစ်ပွဲဆက် အနိုင်ယူ အပြီး မှာတော့ အမှတ်ပေး ဇယား အဆင့် 5 နေရာ ၊ အဆင့် 4 နေရာ မှ ချဲလ်ဆီး အသင်း အောက် 5 မှတ် အကွာ ကို ပြန်လည် လာနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် လင်ဂတ် က သူတို့ အနေ နဲ့ ဒီ အတွက် အပို ပျော်ရွှင် နေလို့ မရနိုင် ကြောင်း သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ အရမ်း အပျော်လွန် နေလို့ မရနိုင် ပါဘူး ။ ကျွန်တော် တို့ လက်ကျန် ရာသီ ကို ဆက်လက် ကစား ရဦးမယ်လေ ။ ကျွန်တော် တို့ တစ်ပွဲ ချင်းစီ ကို အကောင်းဆုံး ယှဉ်ပြိုင်ရင်း နဲ့ နောက် တစ်ပွဲ အတွက် ရှေးရှု အာရုံစိုက် ကြရ ပါ့မယ် ။ ကျွန်တော် တို့ ပြီးခဲ့တဲ့ နိုင်ပွဲ တွေ အကြောင်း တွေးနေ လို့ မရ နိုင် ပါဘူး ”

” ကျွန်တော် တို့ အဲ့ဒီ ပွဲစဉ် တွေ ကနေ ယုံကြည်မှု နဲ့ ပျော်ရွှင်မှု တွေကိုပဲ ယူဆောင် သွားလို့ ရနိုင် ပါ့မယ် ။ ကျွန်တော် တို့ အားလုံး အတွက် ကတော့ အလုပ် ဆက် ကြိုးစား ဖို့ အရေး အကြီးဆုံး ပါပဲ ။ ကျွန်တော် တို့ဟာ ခက်ခဲတဲ့ အချိန် တွေမှာ အားလုံး အတူတကွ ပူးပေါင်း ရှိနေ ကြဖို့ ပဲ လိုအပ် လှ ပါတယ် ”

” ကျွန််တော် တို့ ပွဲတွေ ကစား နေ သရွေ့ တော့ ပုံစံ ကောင်းတွေ ကျဆင်း တာမျိုး ကြုံတွေ့ ရ လိမ့်မယ် လေ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပုံစံ ကောင်းကို ထိန်းသိမ်းရင်း အရှိန် တစ်ခု နဲ့ ဆက်လက် ရွေးလျား နိုင်ဖို့ ပဲ အထူး လိုအပ် လှ ပါတယ် ” လို့ လင်ဂတ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။