မန်ချက်စတာ ဒါဘီက ပင်နယ်တီ သုံးကြိမ်အပေါ် VAR ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့လား ဆိုတာရှင်ပြပြီး အနီကဒ် ပြသခံခဲ့သင့်တဲ့ ကစားသမား အမည်ကို ပြောလိုက်တဲ့ ဒိုင်လူကြီးဟောင်း

မန်စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် တုန်းက ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ ဟာ ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရတာ ကြောင့် ပင်နယ်တီ ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် ဂိုး ဧရိယာ ထဲ လက်ထိ ခဲ့ ကြတဲ့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် နဲ့ လင်ဒီလော့ဖ် တို့ကြောင့် မန်စီးတီး အသင်း ဟာ ပင်နယ်တီ မရရှိ ခဲ့ ပါဘူး ။

 

ဒါ့ကြောင့် မန်စီးတီး 1 – 2 ယူနိုက်တက် ဆိုတဲ့ အဖြေ ထွက်ပေါ် ခဲ့တဲ့ အဆိုပါ ပွဲစဉ် တုန်းက တော့ ယူနိုက်တက် အသင်း မှ လက်ထိဘော တွေကို ပင်နယ်တီ အဖြစ် မပေး ခဲ့တဲ့ အတွက် မန်စီးတီး ပရိသတ် တွေက ကွင်းလယ်ဒိုင် အန်သိုနီ တေလာ ရဲ့ ဆုံးဖြတ်ချက် တွေ အပေါ် မပျော်မရွှင် ဖြစ်ခဲ့ ကြပါ သေးတယ် ။

အခုတော့ ပရီးမီးယား လိဂ် ပြိုင်ပွဲ ရဲ့ ကွင်းလယ်ဒိုင် ဟောင်း တစ်ဦး ဖြစ်တဲ့ ဒါးမော့ ဂယ်လာဂါ က အဆိုပါ ပွဲစဉ် မှ ပင်နယ်တီ 3 ကြိမ် နဲ့ ပတ်သက်လို့ VAR နဲ့ ကွင်းလယ်ဒိုင် တို့ရဲ့ ဆုံးဖြတ်ချက် က မှန်ကန် ခဲ့ကြောင်း ၊ ဒါပေမယ့် ယူနုုိက်တက် ကွင်းလယ်လူ ပါရဲရား ကတော့ အနီကဒ်ပြား ပြသ ခံခဲ့ သင့်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အသစ် ရေးဆွဲ ထားတဲ့ ဘောလုံး စည်းမျဉ်း ထဲမှာ တော့ အကယ်လို့ ကစားသမား တစ်ယောက် က လဲကျ နေတဲ့ အချိန် သူ့ရဲ့ လက်က ခန္ဓာကိုယ် မထိခိုက် နိုင်ဖို့ အတွက် မြေကြီး ပေါ်ကို ထောက်မိ လိုက်တဲ့ အခါ မှာ ဘောလုံး လာရောက် ထိမှန် ခဲ့မယ် ဆိုရင် ၊ သူဟာ ရည်ရွယ်ချက် ရှိရှိ လုပ်တာ ပါလို့ သေချာ မှု မရှိ ခဲ့ရင် ပင်နယ်တီ ပေးလို့ မရ ပါဘူး ”

” ဒီလို အချိန် မျိုးမှာ အမှန် တရား က ဘာလဲ ဆိုတာ တပ်အပ် သိရှိ နိုင်ဖို့ ခက်ခဲ လှ ပါတယ် ” လို့ ဂယ်လာဂါ က ဖရက်ဒ် ရဲ့ လက်ထိဘော ဖြစ်စဉ် အကြောင်း ရှင်းပြ သွားခဲ့ လိုက် ပါတယ် ။ အဲ့ဒီနောက် လင်ဒီလော့ဖ် ရဲ့ လက်ထိဘော ( တံတောင် ထိမှန် ခဲ့မှု ) နဲ့ ပတ်သက်လို့ …

” ပြီးတော့ လင်ဒီလော့ဖ် ရဲ့ လက်ထိဘော မှာပေါ့ ၊ ဘောလုံး က သူ့ရဲ့ ခန္ဓာကိုယ် ကို ထိခဲ့ ပြီးမှ လက်ကို ထိသွား ခဲ့တာ ပါ ။ ဘောလုံး ဝင်ရောက် လာတဲ့ အခါ မှာ လင်ဒီလော့ဖ် က ပိတ်ဆို့ ကာကွယ် ဖို့ လုပ်ဆောင် ခဲ့ ပါတယ် ။ ဒါဟာ သူ လုပ်ဆောင် ရမှာ ပါပဲ ။ ဒါပေမယ့် ဘောလုံး က အပေါ် ကို ခုန်တက် လာခဲ့ ပါတယ် ။ ပြီးတော့ မှ သူ့ရဲ့ တံတောင် ကို ထိမှန် ခဲ့တာ ပါ ”

 

” ဒါ့ကြောင့် ဒီ အဖြစ်အပျက် အပေါ် သံသယ ဖြစ်စရာ လုံးဝ မလိုအပ် ပါဘူး ။ ဒါဟာ ခန္ဓာကိုယ် ကို ထိမှန် ပြီးမှ လက်ဆီ ကို ရောက်ရှိ ထိမှန် ခဲ့တာ လေ ။ ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ် ပါဘူး ။ သူ ကိုယ်တိုင် လည်း အဲ့တာ ကို ဘယ်လို မှ ပြောင်းလဲ နိုင်င်ခွင့် မရှိ ခဲ့ဘူး လေ ” လို့ ဂယ်လာဂါ က ရှင်းပြ သွားခဲ့ လိုက် ပါတယ် ။

ဒါပေမယ့် ဂယ်လာဂါ ကတော့ ယူနိုက်တက် တို့ ပွဲစဉ် ပြီးဆုံး သွားတဲ့ အထိ ကစားသမား 11 အပြည့် နဲ့ ကစား ခွင့် ရရှိ ခဲ့ခြင်း က ကံကောင်း ခြင်း ဖြစ်ကြောင်း ၊ ပွဲချိန် 74 မိနစ် မှာ စတာလင်း ကို နောက်က လူချ သလို ဖြစ်ခဲ့တဲ့ ပါရဲရား ရဲ့ ပစ်မှု က တိုက်ရိုက် အနီကဒ် ပြသလို့ ရနိုင်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် စနေ နေ့က ပြောခဲ့ သလို အခုလည်း ထပ်ပြောချင် ပါတယ် ။ ဒါဟာ ဖြစ်ကတက်ဆန်း နှောက်ယှက် သလို ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ မမျှော်လင့်ပဲ ဖြစ်ပျက် သွားခဲ့ တာပါ ဆိုတာ ထက်ကို ပိုခဲ့ ပါတယ် ။ ဟုတ်တယ် မလား ? လွန်ခဲတဲ့ သုံးနှစ်လောက် တုန်းက လည်း အာဆင်နယ် က ရှာကာ ဟာ အလား တူ ဖြစ်ရပ် ဖြစ်ပျက် ခဲ့ဖူး တယ်လေ ။ အဲ့ဒီ တုန်းက တော့ တိုက်ရိုက် အနီ ပါပဲ ”

” ဒါပေမယ့် ခြားနားချက် တစ်ခု က ရှာကာ ဟာ ဘောလုံး နဲ့ အဝေးမှာ ရှိနေ ခဲ့ပြီး ပါရဲရား ကတော့ ဘောလုံး နဲ့ ပြိုင်ဖက် အနားမှာ ရှိနေ ခဲ့တာ ပါပဲ ။ ပါရဲရား က စတာလင်း ရဲ့ အနား မှာ ရှိနေ ခဲ့တာ က သူ့ကို ကယ်တင် လိုက်ခြင်း ပါပဲ ။ အဲ့ဒီ နေရာ မှာ ကျွန်တော် သာ ဆိုရင် တိုက်ရိုက် အနီပဲ ပေးပြစ် လိုက်မှာပါ ” လို့ ဒါးမော့ ဂယ်လာဂါ က ဥပမာ ပေးရင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar