ယူနိုက်တက် ကစားသမားတွေ အနက် ဘယ်သူ့ရဲ့ ခြေစွမ်းကို ကျေနပ်မိသလဲ ဆိုတာ ဖွင့်ပြောလိုက်တဲ့ #ဂျေမီရက်ဒ်နပ်

ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် တိုက်စစ်မှူး ရပ်ရှ်ဖို့ ၊ ကွင်းလယ်လူ တော်မီနေး နဲ့ လူငယ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် တို့ ဆက်တိုက် ဆိုသလို တိုးတက် ကောင်းမွန် လာခဲ့ ကြတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဒါပေမယ့် အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ် ဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ မှ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့မှု တွေကြောင့် ဒီ ရာသီ ပွဲထွက် ကစား ခွင့်တွေ များစွာ ရရှိ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အစောပိုင်း တုန်းက ခြေစွမ်း ကောင်းတွေ မပြနိုင် ခဲ့တာ ကြောင့် ဝေဖန် မှုတွေ အောက် အဆက်မပြတ် ကျရောက် ခဲ့ ပါတယ် ။ အခုတော့ သူဟာ အသင်း ရဲ့ ကွင်းလယ် မှာ တော်မီနေး နဲ့ အတူ အတွဲ အဖက် မိစွာ ကစား ရင်းနဲ့ ခြေစွမ်း ကောင်းတွေ ရုတ်ချည်း ပြသ နေခဲ့ ပါပြီ ။

ဒါ့ကြောင့် ဝေဖန် ခံခဲ့ ရမှု တွေဟာ မှားယွင်း ကြောင်း ဖရက်ဒ် က သက်သေ ပြနိုင် ခဲ့ပြီ လို့ Sky Sports ရဲ့ သတင်း သုံးသပ်သူ ဖြစ်တဲ့ ဂျေမီ ရက်ဒ်နပ် က ထုတ်ဖော် ပြောကြားရင်း ယူနိုက်တက် ကစားသမား တွေ အနက် ဖရက်ဒ် တိုးတက် ကောင်းမွန် လာခဲ့ တာကို ပိုပြီး ကျေနပ် ပျော်ရွှင် မိကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” ယူနိုက်တက် ဟာ အက်စတာနာ နဲ့ ပွဲစဉ် မှာ ရှံုးနိမ့် ခဲ့ပြီး နောက် တစ်ပွဲ အဖြစ် အက်စတွန် ဗီလာ နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ရ ပါတယ် ။ အဲ့ဒီလို တစ်ပါတ် အတွင်း နှစ်ပွဲ ဆက် ရလဒ် ဆိုးရွား ခဲ့တဲ့ နောက် ယူနိုက်တက် ဟာ တော့တင်ဟမ် နဲ့ မန်စီးတီး အသင်း တွေကို နှစ်ပွဲ ဆက် နိုင်ပွဲ ရယူ နိုင်ခဲ့ ပါတယ် ”

” ဒါဟာ အိုလီ ဦးဆောင် တဲ့ အသင်း အကောင်းဆုံး ပြန်လာ နိုင်ပြီ လို့ ပြောရင် လွန်တယ် လို့ ပြောလို့ မရနိုင် ပါဘူး ။ ဒါဟာ နော်ဝေသား ( ဆိုးလ်ရှား ) အတွက် ရက်ပိုင်း အတွင်း အတက် ဖက်ကို ပြန်လည် ရောက်ရှိ နိုင်ခဲ့ ခြင်း ပါပဲ ”

” မားကပ်စ် ရပ်ရှ်ဖို့ က အကောင်းဆုံး ပုံစံ ပြသ နေပြီး ဂိုးတွေ သွင်းယူ ပြနေ ခဲ့ ပါတယ် ။ ဒါ့အပြင် မာဆွန် ဂရင်းဝုဒ် ဟာလည်း လေ့ကျင့်ရေး ကွင်းထဲ အပါတ်စဉ် ပုံစံ ကောင်း ပြသ နေခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ကစားသမား တွေထဲ ကျွန်တော် အကျေနပ် မိဆုံး တစ်ယောက် ကတော့ ဖရက်ဒ် ပါပဲ ”

” သူ လုပ်ပြ ခဲ့တာ တွေက တစ်ကယ့် အမှတ်ရ စရာ တွေ ပါပဲ ။ သူ့ကို လူတွေ က အသုံး မကျဘူး ၊ ပိုက်ဆံ ဖြုန်းတီးခြင်း ဆိုပြီး တောင် ပြောဆို ခဲ့ကြ တယ်လေ ။ သူဟာ ယူနိုက်တက် အတွက် ရေရှည် ကောင်းနိုင်မယ့် သူ ဟုတ်ချင် မှ ဟုတ် ပါမယ် ။ သူ့ကို ကွင်းလယ် မှာ ရေရှည် အကောင်းဆုံး လုပ်ချင် မှ လုပ်ပြ နိုင်ပါ လိမ့်မယ် ”

” ဒါပေမယ့် အခုတော့ သူဟာ အကောင်းဆုံး ခြေစွမ်း တွေနဲ့ အတူ ဝေဖန် မှုတွေ မှားယွင်း ကြောင်း သက်သေ ပြနိုင် ခဲ့ ပါတယ် ။ သူဟာ မန်စီးတီး နဲ့ ပွဲစဉ် တုန်းက တစ်ကယ့် စပါယ်ရှယ် ကစားသမား ဖြစ်ခဲ့ ပါတယ် ”

” လူတွေ က ဝေဖန် မှုတွေ လုပ်ဖို့ ဆိုရင် အရမ်း ကို မြန်ဆန် ကြ ပါတယ် ။ ဒါပေမယ့် အခုတော့ သူနဲ့ ထိုက်တန် တဲ့ ဂုဏ်ထူး မှတ်ကို လည်း ပေးသင့် နေ ပါပြီ ” လို့ ဂျေမီ ရက်ဒ်နပ် က ယူနိုက်တက် ကွင်းလယ်လူ ကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar