စပါးအသင်းကပေါင်သန်း၁၃၀ အထိဈေးသတ်မှတ်ထားတဲ့အဲရစ်ဆင်ကိုဈေးလျှော့ပြီးခေါ်ချင်နေတဲ့#ရီးရဲလ်အသင်း

အဲရစ်ဆင်

ပြီးခဲ့တဲ့ရာသီမှာအခြေအနေဆိုးတွေကြုံတွေ့ထားခဲ့တဲ့ ရီးရဲလ်အသင်းဟာ လာမယ့်ရာသီမတိုင်မီ အင်အားဖြည့်တင်းမှုတွေကို အကြီးအကျယ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။သူတို့ဟာချဲဆီးလ် အသင်းရဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ ဟာဇက် အပါအဝင် ကစားသမားသစ် ၆ဦး အတွက် စုစုပေါင်း ယူရိုသန်း ၃၀၀ ကျော်သုံးစွဲ ထားခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဒါ့အပြင်နွေရာသီဈေးကွက်အတွင်း သူတို့ရဲ့ လှုပ်ရှားမှု တွေဟာရပ်တန့်ဦးမယ့် အရိပ်အယောင်မမြင်ရသေးပဲ ယူနိုက်တက် ကွင်းလယ်လူပေါ့ဘာ၊ စပါးကွင်းလယ်လူ အဲရစ်ဆင်နဲ့ PSG တိုက်စစ်အတွဲ ဖြစ်တဲ့ နေမာ၊ အမ်ဘာပေတို့နဲ့ သတင်းတွေပါ ထွက်နေတာဖြစ်ပါတယ်။သူတို့ဟာ ဂါရတ်ဘေးလ် အပါအဝင် အသင်းရဲ့ ရှိရင်းစွဲနာမည်ကြီး ကစားသမားအချို့ကို ရောင်းထုတ်ဖို့ ရှိနေတာဖြစ်လို့ ကစားသမားသစ်တွေ ထပ်ခေါ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ အိုးထရက်ဖို့ဒ် မြေက နေစွန့်ခွာဖို့ ရှိနေတဲ့ အကြောင်းကိုအရိပ်အမြွက် ပြောဆိုထားခဲ့ပေမယ့် ရာသီကြို သြစတြေးလျ ခရီးစဉ်ကိုတော့ လိုက်ပါသွားခဲ့ပြီဖြစ်ပါတယ်။သူ့ကို ခေါ်ယူဖို့ ရီးရဲလ် အသင်းအပြင် အသင်းဟောင်းဖြစ်တဲ့ ဂျူဗီတို့ကပါ မကြာခဏဆိုလို လေသံပစ်နေခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆက်

စပါး အသင်းရဲ့ ကွင်းလယ်လူ တဦးဖြစ်တဲ့ အဲရစ်ဆင်ကလည်း အခုအပတ် နှောင်းပိုင်းမှာပြုလုပ်ဖို့ ရှိနေတဲ့ စပါးအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်ကိုပြန် ရောက်လာဖွယ်ရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။အသက် ၂၇ အရွယ် ဒိန်းမတ်သား အဲရစ်ဆင်ဟာစိန်ခေါ်မှု အသစ်တွေရင်ဆိုင်ချင်တဲ့ အကြောင်းကို နွေရာသီ အစမှာပြောဆိုထားခဲ့ပြီး ယူနိုက်တက်၊ရီးရဲလ်၊ဂျူဗီတို့ရဲ့ စိတ်ဝင်စားမှု ခံထားခဲ့ရပေမယ့်တရားဝင် ကမ်းလှမ်းမှု တစုံတရာတော့မရထားသေးတာဖြစ်ပါတယ်။

စပါး အသင်းဟာ ရာသီကြို ICC ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေအတွက် အာရှမြေကို ခရီးထွက်ဖို့ ရှိနေပြီး အသင်းရဲ့ လေယာဉ်ပေါ်မှာ အဲရစ်ဆင်လည်း ပါဝင်လာဖွယ်ရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။သူ့ရဲ့ အသင်းဖော်အများစုဟာ ရာသီကြို လေ့ကျင့်ခန်းတွေအတွက် လန်ဒန်ကိုပြန်ရောက်နေကြပြီဖြစ်ပေမယ့် ဟယ်ရီကိန်း ၊ အယ်ဒါဝီရယ်၊ ဗာတွန်ဂန် အစရှိတဲ့ ကစားသမားတွေကတော့ အခုအပတ် အတွင်းပြန်ရောက်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

Telegraph သတင်းစာရဲ့ဖော်ပြချက်အရ အဲရစ်ဆင်ရဲ့ အနာဂတ်ဟာ ဂျူဗီရဲ့ ဦးစားပေးပစ်မှတ်ဖြစ်နေတဲ့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့အပေါ် အများကြီးမူတည်နေတယ်လို့ သိရပါတယ်။စပါး ဥက္ကဌ ကြီးလီဗိုင်းဟာ အဲရစ်ဆင်အတွက် ပေါင် သန်း ၁၃၀ အထိဈေးသတ်မှတ်ထားတာဖြစ်ပေမယ့် ရီးရဲလ်ဘက်ကတော့ ပေါင်သန်း ၆၀ နဲ့ ၇၀ကြားသာပေး ချေလိုနေတယ်လို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။

အဲရစ်ဆင်ဟာ စပါး အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်အတွင်းကိုရောက်ရှိနေတာဖြစ်ပြီး အခုနွေမှာသာရောက်ထုတ်နိုင်ခြင်းမရှိပါကသို့မဟုတ် သက်တမ်းမတိုးနိုင်ပါက ရာသီကုန် မှာအလွတ်ထွက်ခွာခွင့်ပြုရဖို့ ရှိနေတာဖြစ်ပါတယ်။ခံစစ်မှူးတဦးဖြစ်တဲ့ အယ်ဒါဝီရယ်ကလည်း စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လအတွင်းရောက်နေတာဖြစ်ပြီးသူ့ကို ခေါ်ယူလိုတဲ့ အသင်းဟာ စာချုပ် ဖြတ်သိမ်းကြေး ပေါင် ၂၅ သန်း နဲ့ ခေါ်ယူနိုင်နေတာဖြစ်ပါတယ်။