တရုတ္စူပါလိဂ္ကိုေျပာင္းေရႊ႕ပါကတပတ္လုပ္ခေပါင္တသန္းေက်ာ္ရတဲ႔ကစားသမားျဖစ္လာမယ့္ #ဂါရတ္ေဘးလ္

ကမၻာ့အင္အားျကီး ႏိုင္ငံတႏိုင္ငံျဖစ္တဲ႔ တရုတ္တို႔ဟာ သူတို႔ရဲ႕ ေအာင္ျမင္မွဳ မရွိတဲ႔ ေဘာလံုးသမိုင္းေျကာင္းကို အလွည့္အေျပာင္းလုပ္ႏိုင္ဖို႔ တရုတ္စူပါလိဂ္ ျပိဳင္ပဲြကို အသြင္သစ္နဲ႔ က်င္းပေနခဲ႔တာျဖစ္ပါတယ္။ျပိဳင္ပြဲဝင္အသင္းေတြဟာဥေရာပရဲ႕ အေကာင္းဆံုး ကစားသမား ေတြကိုအသက္အရြယ္အက်ပိုင္းမွာ ေငြေျကးအလံုးအရင္းနဲ႔ ေခၚယူထားခဲ႔သလို ေအာ္စကာလိုျကယ္ပြင့္ေတြကိုလည္းေခၚယူထားခဲ႔တာျဖစ္ပါတယ္။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

သူတို႔ဟာ အခုအခ်ိန္အထိ လည္းဥေရာပရဲ႕ နာမည္ျကီးေတြကို ခ်ိန္ရြယ္ေနဆဲျဖစ္ျပီး ဝက္စ္ဟမ္း အသင္းရဲ႕ တိုက္စစ္မွဴး အေနာ္တိုဗစ္ကုိ ရွန္ဟိုင္း SIPG အသင္းက မျကာေသးမီကပဲ ေခၚယူထားခဲ႔တာျဖစ္ပါတယ္။တရုတ္စူပါလိဂ္ကို ေနာက္ထပ္ ေရာက္ရွိဖို႔ သတင္းေတြ ထြက္ေပၚလာသူကေတာ့ ရီးရဲလ္ အသင္းရဲ႕ေဝးလ္ ေတာင္ပံ ကစားသမား ဂါရတ္ေဘးလ္ ပဲျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္ အရြယ္ရွိေနျပီျဖစ္တဲ႔ေဘးလ္ဟာ ေဘာလံုးသမားတဦးအတြက္ အေကာင္းဆံုး အသက္အရြယ္အပိုင္း အျခားကို ေရာက္ရွိေနတာျဖစ္ေပမယ့္ ျပီးခဲ႔တဲ႔ရာသီ ရီးရဲလ္ အသင္းမွာေတာ့ျပသနာ အခ်ိဳ႔ေျကာင့္ ေျခစြမ္းျပသထားႏိုင္ျခင္း မရွိခဲ႔တာျဖစ္ပါတယ္။ဒါ့အျပင္ အသင္းကို တဖန္ျပန္ေရာက္လာခဲ႔တ႔ဲ နည္းျပျကီး ဇီဒန္းရဲ႕ အနာဂတ္ အစီအစဥ္ေတြ မွာ ပါဝင္ျခင္းမရွိေတာ့ လု႔ိ အခုေႏြမွာ ဘာေနဗ်ဴးေျမကို စြန္႔ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။

El Chiringuito TV ရဲ႕ ေဖာ္ျပခ်က္အရ တရုတ္စူပါလိဂ္ျပိဳင္ပြဲဝင္ အသင္းတသင္းဟာ ေဘးလ္ကို အေရွ႔အာရွကို ေခၚယူႏိုင္ဖို႔ မက္ေမာေလာက္တဲ႔ လစာပမာဏမ်ိဳးနဲ႕ ကမ္းလွမ္းလာခဲ႔တယ္လို့ သိရပါတယ္။ေဘးလ္ဟာ ရီးရဲလ္ အသင္းမွာ တပတ္လုပ္ခ ေပါင္ ၆သိန္းအထိ ရရွိေနတာျဖစ္ျပီး အဆိုပါလစာရဲ႕ ၂ဆ အထိေပးေခ်သြားဖို႔ ကို အဲ႔ဒီအသင္းဘက္က ေျပာဆိုလာခဲ႔တယ္လို႔ ေဖာ္ျပခဲ႔တာျဖစ္ပါတယ္။

အေျပာင္း အေရႊ႕သာ အမွန္တကယ္ျဖစ္ခဲ႔ပါက ေဘာလံုး သမိုင္းရဲ႕ အံ့မခန္း စာခ်ဳပ္ခ်ဳပ္ဆိုမွဳ တခုျဖစ္လာဖို႔ ရွိေနျပီးေဘးလ္ အေနနဲ႔ တႏွစ္လုပ္ခလစာ ေပါင္၆၂.၄ သန္း အထိရရွိမွာလည္းျဖစ္ပါတယ္။ဒါေပမယ့္ အဲ႔ဒီအသင္းဟာ ေျပာင္းေရႊ႕ေျကး အတြက္ တျပားတခ်ပ္မွ အကုန္ အက်ခံဖို႕ ဆႏၵ ရွိမေန လို႔ရီးရဲလ္ အသင္းက သေဘာက်ဖို႕ မရွိတာျဖစ္ပါတယ္။

ေဘးလ္ဟာ ျပီးခဲ႔တဲ႔ ေမလအတြင္း ဘာေနဗ်ဴးမွာ ဘက္တစ္ အသင္းကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ႔တဲ႔ ပြဲစဥ္မွာ ရီးရဲလ္ ကစားသမား ေနာက္ဆံုးပြဲအျဖစ္ ပါဝင္ကစားထားခဲ႔တာျဖစ္ျပီး အဲ႔ဒီေနာက္ပိုင္းပြဲေတြ မွာေတာ့ အရံခံုမွာသာ အခ်ိန္ကနု္ ခဲ႔ရျပီး အသင္းကေန ထြက္ခြာေတာ့မယ္ဆိုတဲ႔သတင္းေတြ က်ယ္ေလာင္ေနတာျဖစ္ပါတယ္။

စပါး အသင္းသားေဟာင္းတဦးျဖစ္တဲ႔ ေဘးလ္ဟာ ၂၀၁၃ ခုႏွစ္မွာ ထိုစဥ္က ကမၻာ့စံခ်ိန္တင္ေျကးနဲ႔ ရီးရဲလ္ အသင္းကိုေရာက္လာခဲ႔တာျဖစ္ျပီး ျပိဳင္ပြဲစံုမွာ စုစုေပါင္း ၁၀၂ ဂိုးသြင္းယူေပးထားျပီး ဆုဖလား ၁၃ လံုးရရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္အခုခ်ိန္အထိ ေတာ့ အသင္းပရိသတ္ေတြ ရဲ႕ အသည္းစြဲ ကစားသမားတဦးအျဖစ္ကို မေရာက္ေသးတာျဖစ္ပါတယ္။

ဒါ့အျပင္ သူ႔ရဲ႕ ကစားသမားမပီသတဲ႔အျပဳ အမူအေျပာအဆိုေတြေျကာင့္လည္း ပရိသတ္ေတြရဲ႕ ေဝဖန္ေလွာင္ေျပာင္မွဳေတြကို ျပီးခဲ႔တဲ႔တရာသီလံုးခံစားခဲ႕ရတာျဖစ္ပါတယ္။လာမယ့္ရာသီအတြက္ေလ့က်င့္ခန္းဆင္းဖို႔ ဗယ္ဒီီဗီဗက္စ္ ကြင္းကိုလာေရာက္စဥ္မွာလည္ ပရိသတ္တဦးက- ” ေက်းဇူးတရားနားမလည္တဲ႔ေကာင္ ” လို႔ အဓိပၸာယ္ရတဲ႕ စပိန္စကားတခြန္းနဲ႔ေအာ္ဟစ္ေနပံုကို AS သတင္းစာကေဖာ္ျပခဲ႔ပါတယ္။

ေဘးလ္

ျပီးခဲ႔တဲ႔ လအတြင္းထြက္ခဲ႔တ႔ဲသတင္းေတြအရ ေဘးလ္ဟာ ဘာေနဗ်ဴးကိုစြန္႔ခြာခ်င္ပါကအငွားထြက္ရဖို႔ရွိေနတယ္လို႔ သိရပါတယ္။ဒါေပမယ့္ သူဟာအငွားမထြက္ခ်င္ပဲ မက္ဒရစ္မွာပဲဆက္ေနခ်င္တယ္လို႔ ေအးဂ်င့္ျဖစ္သူကဆိုပါတယ္။

ေဘးလ္ရဲ႕ ေအးဂ်င့္ ဘားရတ္က -” ေဘးလ္အေနနဲ႔ အငွားထြက္ကစားခ်င္တယ္လို႕ ေတာ့ က်ြန္ေတာ္ မထင္ပါဘူး။သူဟာ စပိန္ ေျမမွာ ႏွစ္သက္ဖြယ္ လူေနမွဳဘဝကုိ ပိုင္ဆိုင္ထားႏိုင္ခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္ လည္း သာမန္ထက္ထူးျခားတဲ႔ အရာတခုခုကပဲ သူအသင္းေျပာင္းဖို႔ ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္။အငွား ကိစၥေတြေတာ့ ဒီအထဲ မွာ မပါဝင္ပါဘူး ” လို႔ေျပာခဲ႔ဖူးတာျဖစ္ပါတယ္။

Unicode

တရုတ်စူပါလိဂ်ကိုပြောင်းရွှေ့ပါကတပတ်လုပ်ခပေါင်တသန်းကျော်ရတဲ့ကစားသမားဖြစ်လာမယ့် #ဂါရတ်ဘေးလ်

===================================

ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်တို့ဟာ သူတို့ရဲ့ အောင်မြင်မှု မရှိတဲ့ ဘောလုံးသမိုင်းကြောင်းကို အလှည့်အပြောင်းလုပ်နိုင်ဖို့ တရုတ်စူပါလိဂ် ပြိုင်ပွဲကို အသွင်သစ်နဲ့ ကျင်းပနေခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်အသင်းတွေဟာဥရောပရဲ့ အကောင်းဆုံး ကစားသမား တွေကိုအသက်အရွယ်အကျပိုင်းမှာ ငွေကြေးအလုံးအရင်းနဲ့ ခေါ်ယူထားခဲ့သလို အော်စကာလိုကြယ်ပွင့်တွေကိုလည်းခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ အခုအချိန်အထိ လည်းဥရောပရဲ့ နာမည်ကြီးတွေကို ချိန်ရွယ်နေဆဲဖြစ်ပြီး ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှူး အနော်တိုဗစ်ကို ရှန်ဟိုင်း SIPG အသင်းက မကြာသေးမီကပဲ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။တရုတ်စူပါလိဂ်ကို နောက်ထပ် ရောက်ရှိဖို့ သတင်းတွေ ထွက်ပေါ်လာသူကတော့ ရီးရဲလ် အသင်းရဲ့ဝေးလ် တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ပဲဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ဘေးလ်ဟာ ဘောလုံးသမားတဦးအတွက် အကောင်းဆုံး အသက်အရွယ်အပိုင်း အခြားကို ရောက်ရှိနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီ ရီးရဲလ် အသင်းမှာတော့ပြသနာ အချို့ကြောင့် ခြေစွမ်းပြသထားနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အသင်းကို တဖန်ပြန်ရောက်လာခဲ့တဲ့ နည်းပြကြီး ဇီဒန်းရဲ့ အနာဂတ် အစီအစဉ်တွေ မှာ ပါဝင်ခြင်းမရှိတော့ လို့ အခုနွေမှာ ဘာနေဗျူးမြေကို စွန့်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

El Chiringuito TV ရဲ့ ဖော်ပြချက်အရ တရုတ်စူပါလိဂ်ပြိုင်ပွဲဝင် အသင်းတသင်းဟာ ဘေးလ်ကို အရှေ့အာရှကို ခေါ်ယူနိုင်ဖို့ မက်မောလောက်တဲ့ လစာပမာဏမျိုးနဲ့ ကမ်းလှမ်းလာခဲ့တယ်လို့ သိရပါတယ်။ဘေးလ်ဟာ ရီးရဲလ် အသင်းမှာ တပတ်လုပ်ခ ပေါင် ၆သိန်းအထိ ရရှိနေတာဖြစ်ပြီး အဆိုပါလစာရဲ့ ၂ဆ အထိပေးချေသွားဖို့ ကို အဲ့ဒီအသင်းဘက်က ပြောဆိုလာခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အပြောင်း အရွှေ့သာ အမှန်တကယ်ဖြစ်ခဲ့ပါက ဘောလုံး သမိုင်းရဲ့ အံ့မခန်း စာချုပ်ချုပ်ဆိုမှု တခုဖြစ်လာဖို့ ရှိနေပြီးဘေးလ် အနေနဲ့ တနှစ်လုပ်ခလစာ ပေါင်၆၂.၄ သန်း အထိရရှိမှာလည်းဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအသင်းဟာ ပြောင်းရွှေ့ကြေး အတွက် တပြားတချပ်မှ အကုန် အကျခံဖို့ ဆန္ဒ ရှိမနေ လို့ရီးရဲလ် အသင်းက သဘောကျဖို့ မရှိတာဖြစ်ပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ မေလအတွင်း ဘာနေဗျူးမှာ ဘက်တစ် အသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ် ကစားသမား နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားထားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းပွဲတွေ မှာတော့ အရံခုံမှာသာ အချိန်ကနု် ခဲ့ရပြီး အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေ ကျယ်လောင်နေတာဖြစ်ပါတယ်။

စပါး အသင်းသားဟောင်းတဦးဖြစ်တဲ့ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ရီးရဲလ် အသင်းကိုရောက်လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၀၂ ဂိုးသွင်းယူပေးထားပြီး ဆုဖလား ၁၃ လုံးရရှိအောင် စွမ်းဆောင်ပေးထားနိုင် ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်အခုချိန်အထိ တော့ အသင်းပရိသတ်တွေ ရဲ့ အသည်းစွဲ ကစားသမားတဦးအဖြစ်ကို မရောက်သေးတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ ကစားသမားမပီသတဲ့အပြု အမူအပြောအဆိုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေကို ပြီးခဲ့တဲ့တရာသီလုံးခံစားခဲ့ရတာဖြစ်ပါတယ်။လာမယ့်ရာသီအတွက်လေ့ကျင့်ခန်းဆင်းဖို့ ဗယ်ဒီီဗီဗက်စ် ကွင်းကိုလာရောက်စဉ်မှာလည် ပရိသတ်တဦးက- ” ကျေးဇူးတရားနားမလည်တဲ့ကောင် ” လို့ အဓိပ္ပာယ်ရတဲ့ စပိန်စကားတခွန်းနဲ့အော်ဟစ်နေပုံကို AS သတင်းစာကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းထွက်ခဲ့တဲ့သတင်းတွေအရ ဘေးလ်ဟာ ဘာနေဗျူးကိုစွန့်ခွာချင်ပါကအငှားထွက်ရဖို့ရှိနေတယ်လို့ သိရပါတယ်။ဒါပေမယ့် သူဟာအငှားမထွက်ချင်ပဲ မက်ဒရစ်မှာပဲဆက်နေချင်တယ်လို့ အေးဂျင့်ဖြစ်သူကဆိုပါတယ်။

ဘေးလ်ရဲ့ အေးဂျင့် ဘားရတ်က -” ဘေးလ်အနေနဲ့ အငှားထွက်ကစားချင်တယ်လို့ တော့ ကျွန်တော် မထင်ပါဘူး။သူဟာ စပိန် မြေမှာ နှစ်သက်ဖွယ် လူနေမှုဘဝကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း သာမန်ထက်ထူးခြားတဲ့ အရာတခုခုကပဲ သူအသင်းပြောင်းဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။အငှား ကိစ္စတွေတော့ ဒီအထဲ မှာ မပါဝင်ပါဘူး ” လို့ပြောခဲ့ဖူးတာဖြစ်ပါတယ်။