မက်ဆီထံကိုပဲ ဘောလုံးအမြဲပေးပို့နေခဲ့လို့ နည်းပြဂွာဒီယိုလာနဲ့အမျက်ဒေါသထွက်မှုကိုခံခဲ့ရတဲ့အကြောင်းပြောပြလိုက်တဲ့ #အဲဗက်စ်

ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကြီးကျယ်အခန်းနားဆုံး ညာနောက်ခံလူတွေထဲကတဦးဖြစ်တဲ့ ဒန်နီအဲဗက်စ်ဟာ ၂၀၀၈ ခုနှစ်နေ ၂၀၁၂ အထိ နည်းပြ ကြီးဂွာဒီယိုလာနဲ့ အတူဘာစီလိုနာအသင်းမှာ လက်တွဲထားခဲ့ဖူးတာဖြစ်ပါတယ်။အဆိုပါ အချိန်အပိုင်း အခြားအတွင်း မှာ ဘာစီလိုနာ အသင်းဟာ ဥရောပရဲ့ ပြိုင်ဘက်ကင်းအသင်းတသင်းလို ပုံစံမျိုးကို လည်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဥရောပ ချန်ပီယံလိဂ်ဆုဖလားကြီး ၂ကြိမ် နဲ့ လာလီဂါ ချန်ပီယံဆု ၃ကြိမ်အပါအဝင် အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့တဲ့ အဆိုပါ အသင်းမှာ အဲဗက်စ်ကလည်း အဓိကနေရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ဒီဘရာဇီးလ်သားကြီးဟာ ခံစစ် ကစားသမားဖြစ်ပေမယ့် တိုက်စစ်ကိုလည်း လိုက်ပါလေ့ရှိသူဖြစ်ပြီး ဘောလုံးကို မက်ဆီထံကိုပဲ မကြာခဏဆိုသလိုပေးပို့ နေခဲ့လို့ ဂွာဒီယိုလာရဲ့ ဒေါသထွက်မှုကိုတောင်ခံခဲ့ရဖူးတယ်လို့ ပြန်ပြောပြခဲ့ပါတယ်။

SportTV နဲ့အင်တာဗျူးမှာ အဲဗက်စ်က – ” ကျွန်တော်ဟာ ဘာစီလိုနာ အသင်းမှာ ရှိနေစဉ်ပွဲတွေကစားရမှာ ပထမဆုံး ဘောလုံးထိချက်ကတည်းကဂွာဒီယိုလာနဲ့ ပြသနာတက်ခဲ့ပါတယ်။ကျွန်တော်က မက်ဆီနဲ့ တွဲဖက်ဖို့ အမြဲကြိုးစားခဲ့ပြီး ဒါကိုသူကဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

တနေ့ မှာသူ့ကို ကျွန်တော်က- ‘ ဆရာ့ရဲ့ စောဒကတက်ပြီးကန့်ကွက်မှုတွေကိုကျွန်တော်လက်မခံပါဘူး။တကယ်လို့ မက်ဆီဟာ မိနစ်ပိုင်းလောက် ဘောလုံးမရပဲ နေခဲ့ရင် ပွဲနဲ့ အဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။ကျွန်တော်တို့ဟာ ကိုယ့်အသင်းရဲ့ ကစားကွက်အတိုင်း ပြင်ဆိုင်နိုင်ဖို့ ဆိုရင်မက်ဆီအနေနဲ့ ပွဲနဲ့ အဆက် အသွယ်ရှိနေဖို့ လိုပါတယ်။ဒါမှလည်းသူက တခြားအသင်းဖော်တွေနဲ့ တွဲကစားနိုင်မှာလည်းဖြစ်ပါတယ်’ လို့ပြောပြပါတယ်။

သူက ကျွန်တော့်ကို ‘မင်းပြောတာမှန်ပါတယ်ကွာ။မက်ဆီလို ကစားသမားတွေဟာ ဘောလုံးပိုင်ဆိုင်မှု အမြဲတမ်း ရရှိနေဖို့ လိုအပ်တာဖြစ်ပါတယ် ‘ လို့ပြန်ပြောပြီး ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို လက်ခံသွားခဲ့ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲဗက်စ်ဟာ အသက် ၃၆နှစ်အရွယ်ရှိနေပေမယ့် အကောင်းဆုံး အနေအထားနဲ့ ပွဲတွေကိုဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။သူဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲဝင် ဘရာဇီးလ် အသင်းခေါင်းဆောင် အဖြစ် ပွဲတိုင်းဦးဆောင်သွားခဲ့ပြီးဆုဖလားကြီးကို ဆွတ်ခူးနိုင်အောင်ကူညီပေးခဲ့ပါတယ်။

သူဟာပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား MVP ဆုကို လည်းရရှိခဲ့ပါတယ်။ကိုပါအမေရိကဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့တာကြောင့်လည်းဘောလုံးသမားဘဝမှာ ဆုဖလား အလုံး၄၀ အထိ ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

အဲဗက်စ်ရဲ့အသင်းဖော်ဟောင်းတဦးဖြစ်တဲ့ အာဂျင်တီးနား အိုင်ကွန်မက်ဆီကတော့ အဆိုပါပြိုင်ပွဲကြီးမှာ အကျင့်ပျက်ခြစားမှုတွေရှိခဲ့တယ်ဆိုပြီး ဘရာဇီးလ်အသင်းရဲ့ အောင်ပွဲကို ပုတ်ခတ်စော်ကားခဲ့ပါတယ်။မက်ဆီရဲ့ အဆိုပါ ပြောစကားတွေနဲ့ပတ်သက်ပြီး အဲဗက်စ်က –

” သူဟာ ကျွန်တော့် ရဲ့သူ ငယ်ချင်းတဦး သာဖြစ်ပြီး သူပြောတဲ့ စကားတိုင်းကတော့ မမှန်ကန်ပါဘူး။သူဟာ လူလုံးမလှ အပူလုံးကြွနေချိန်မှာ ဒီလိုကစားမျိုးကိုပြောထွက်သွားခဲ့တာဖြစ်ပါလိမ့်မယ်။ကျွန်တော်ကတော့ ဒါကို လက်သင့်မခံနိုင်သေးပါဘူး။

ကျွန်တော့်ရဲ့ အမြင်အရပြောရင်သူဟာ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ ဘရာဇီးလ် လို အသင်းတသင်းကို လေးစားသမှု မရှိတဲ့ ကစားမျိုးကို ဆိုလိုက်တာဖြစ်ပါတယ်။ဒုတိယ အချက်အနေနဲ့ ကတော့ သူတို့နိုင်ငံ ရဲ့ အိပ်မက် ကိုယ်စီအတွက် တိုက်ပွဲဝင်ကို ဒီပြိုင်ပွဲကိုရောက်လာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်ပုဂ္ဂိုလ်တွေကို စော်ကားလိုက်တာဖြစ်ပါတယ်။

ကျွန်တော်ဟာ အမှန်တရားကို ပြောသင့်ပြောထိုက်တဲ့ အချိန်မှာ ပြောပြတတ်တဲ့ သူငယ် ချင်းတယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုကိစ္စ မှာတော့ မက်ဆီ အနေနဲ့ ဒီလို ပြောစကားတွေပြော ဆိုခဲ့တာဟာ မှားယွင်းတယ်လို့ ကျွန်တော်ယူဆပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား စီနီယာအသင်း အတွက် ပထမဆုံးဆုဖလားရယူပေးဖို့ ကြိုးစားနေတဲ့ မက်ဆီဟာ အခုနှစ်ကိုပါ အမေရိကဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ သာတက်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပြီး ဘရာဇီးလ်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာဖြစိပါတယ်။သူဟာ အဆိုပါ ပွဲအပြီးမှာတော့ ပြိုင်ပွဲ နဲ့ တောင်အမရိကတိုက်ရဲ့ ဘောလုံးအဖွဲ့ ချုပ်အပေါ်ကို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကတိုက်ရဲ့ ဘောလုံး အဖွဲ့ချုပ်ဖြစ်တဲ့ CONMEBOL ကတော့ မက်ဆီ ရဲ့ စော်ကားချက် တွေ စွပ်စွဲ ချက်တွေ အပေါ်ကို စုံစမ်းစစ်ဆေးမှု တွေပြုလုပ်သွားဖို့ ရှိနေပြီး နိုင်ငံတကာပွဲတွေ ကနေ ၂ နှစ်အထိပိတ်ပင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။