အင္ဆစ္ဂနီ ဟာ အင္တာမီလန္ ရဲ႕ လူကာကူ ေခၚယူေရးမွာ ဘာေၾကာင့္ အေရးပါေနခဲ့သလဲ . . . .

မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း တုိက္စစ္မႈး လူကာကူ ကို အင္တာ မီလန္ အသင္း ႀကဳိးစား ေနခဲ့တာ အေျပာင္း အေရႊ႕ ကာလ တစ္ခု လံုး လိုလို ပါပဲ ။ ယူႏုိက္တက္ ဘက္က အင္တာ မီလန္ ရဲ႕ ကမ္းလွမ္းမႈ မွန္ သမွ် ကို အႀကိမ္ ႀကိမ္ ပယ္ခ် ေနၿပီး ေငြသား သီးသန္႔ ကမ္းလွမ္းမႈ ကိုသာ ေတာင္းဆို ေနခဲ့တာ ေၾကာင့္ အေျပာင္း အေရႊ႕ ျဖစ္ေပၚဖို႔ ၾကန္႔ၾကာ ေနခဲ့ရတာ ပါ ။ ဒါေပမယ့္ အခုေတာ့ ဒီ ကိစၥ ေတြ ျပည္လည္ ေတာ့မယ့္ ပံု ပါပဲ . . .

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

မေန႔ ည ပုိင္း မွာ ထြက္ေပၚ လာတဲ့ သတင္း အရ နာပိုလီ အသင္း ဟာ အင္တာ မီလန္ တိုက္စစ္မႈး အီကာဒီ ကို ေခၚယူ ဖို႔ အတြက္ စတင္ႀကဳိးပမ္း ေတာ့မွာ ျဖစ္ၿပီး ေငြသား ေပါင္ ၅၄ သန္း အျပင္ တိုက္စစ္မႈး အင္ဆစ္ ဂနီ ကို ပါ အလုိက္ေပး သြားဖို႔ ရွိေနတယ္ လို႔ သိရ ပါတယ္ ။

Inter’s Argentinian forward Mauro Icardi (C up) fights for the ball with Napoli’s Senegalese defender Kalidou Koulibaly during the Italian Serie A football match Napoli vs Inter Milan at the San Paolo Comunal Stadium in Naples, on May 19, 2018. (Photo by Andreas SOLARO / AFP)

ဒါဟာ အင္တာ မီလန္ အသင္း အတြက္ တစ္ခ်က္ခုတ္ ၊ ၃-၄ ခ်က္ ျပတ္မယ့္ အေန အထားမ်ဳိး ျဖစ္လာ ေစခဲ့ ပါတယ္ ။ အင္တာ မီလန္ ဟာ အီကာဒီ ကိုေရာ ကြင္းလယ္လူ ႏုိင္ဂိုလန္း ကိုပါ အသင္းရဲ႕ အစီအစဥ္ ေတြ ထဲ မွာ မပါေတာ့ ဘူးလို႔ မေန႔ည က အသိေပး ထုတ္ျပန္ ခဲ့ပါတယ္ ။ ဆိုလိုတာ ကေတာ့ အသင္း ေျပာင္းျဖစ္သည္ ျဖစ္ေစ ၊ မေျပာင္းျဖစ္သည္ ျဖစ္ေစ သူတုိ႔ ၂ ဦး စလံုး အင္တာ အတြက္ ကစားရေတာ့ မွာ မဟုတ္ပါဘူး ။

ဒီလို အေျခအေန မွာ နာပိုလီ က အီကာဒီ အတြက္ အင္ဆစ္ဂနီ + ေငြသား နဲ႔ ကမ္းလွမ္း လာခဲ့ ပါတယ္ ။ နာပိုလီ ဟာ မန္ယူႏုိက္တက္ တုိက္စစ္မႈး လူကာကူ ကိုလည္း စိတ္၀င္စား ေနတယ္ လို႔ သိရ ေပမယ့္ လက္ရွိ အေန အထား မွာေတာ့ စီးရီးေအ နဲ႔ အသားက်ၿပိး ျဖစ္တဲ့ အီကာဒီ ကို ပုိၿပီး လုိလား ေနပံု ပါပဲ ။ ဒီ ကမ္းလွမ္းမႈ သာ တရား၀င္ ျဖစ္လာခဲ့ ရင္ အင္တာ အတြက္ ခ်က္ခ်င္း ေခါင္းၿငိမ့္သင့္တဲ့ ကိစၥ ျဖစ္လာမွာပါ ။

အင္ဆစ္ဂ္နီ
Napoli’s Italian striker Lorenzo Insigne controls the ball during the UEFA Europa League quarter final, first leg, football match between Arsenal and Napoli at the Emirates Stadium in London on April 11, 2019. (Photo by Ben STANSALL / AFP)

အီကာဒီ ကို သာ နာပိုလီ ကို ေရာင္းထုတ္ ျဖစ္ခဲ့မယ္ ဆုိရင္ လူကာကူ ကို ေခၚယူ ဖုိ႔ အတြက္ ေငြသား အကူ အညီ ရလာေစ မွာပါ ။ ဒါ့အျပင္္ အင္ဆစ္ ဂနီ ဟာလည္း အေထာင္ တုိက္စစ္မႈး ထက္ ေနာက္ခ်န္ တုိက္စစ္မႈး ၊ ေတာင္ပံ အျဖစ္ ကစားတာ မ်ားသူ ျဖစ္တာ ေၾကာင့္ လူကာကူ နဲ႔ ေနရာလုဖက္ ျဖစ္လာ ဖို႔ မရွိ ႏုိင္တာ ကလည္း အင္တာ အတြက္ ထည့္သြင္း စဥ္းစား လာႏုိင္တဲ့ အခ်က္ ျဖစ္ ပါတယ္ ။

နာပိုလီ အသင္း ဘက္ မွာလည္း နည္းျပ အန္ဆယ္ေလာ့တီ ရဲ႕ ျပဳျပင္ ေျပာင္းလဲ မႈေတြ ေအာက္ မွာ ဂုိးသြင္း ေသခ်ာတဲ့ တုိက္စစ္မႈး တစ္ဦး ကို လုိအပ္ ေနခဲ့တာ ေၾကာင့္ အီကာဒီ ၊ လူကာကူ တုိ႔ လို စစ္မွန္တဲ့ အေထာင္ တိုက္စစ္မႈးေတြ ကို စိတ္၀င္ စားေနခဲ့တာပဲ ျဖစ္ပါတယ္ ။ လူကာကူ ကို စိတ္၀င္စား လာတယ္ ဆုိတာလည္း နာပိုလီ ဘက္ကေန အီကာဒီ ကို ရဖု႔ိ ဆင္တဲ့ အကြက္ ျဖစ္လာႏုိင္ပါတယ္ ။

လူကာကူ
Manchester United’s Belgian striker Romelu Lukaku (C) shoots to score their second goal during the English Premier League football match between Manchester United and Southampton at Old Trafford in Manchester, north west England, on March 2, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဒီ အေျပာင္း အေရႊ႕ တကယ္ ျဖစ္လာ မယ္ ဆုိရင္ေတာ့ အင္တာေရာ နာပိုလီ ေရာ မန္ခ်က္စတာ ယူႏုိက္တက္ ေရာ ၃ သင္း စလံုး စိတ္ေက်နပ္မႈ ရရွိ ေစမွာ အေသ အခ်ာ ပဲ ျဖစ္ ပါလိမ့္မယ္ ။

SPORTS MYANMAR

Unicode

အင်ဆစ်ဂနီ ဟာ အင်တာမီလန် ရဲ့ လူကာကူ ခေါ်ယူရေးမှာ ဘာကြောင့် အရေးပါနေခဲ့သလဲ . . . .

============================================

မန်ချက် စတာ ယူနိုက်တက် အသင်း တိုက်စစ်မှုး လူကာကူ ကို အင်တာ မီလန် အသင်း ကြိုးစား နေခဲ့တာ အပြောင်း အရွှေ့ ကာလ တစ်ခု လုံး လိုလို ပါပဲ ။ ယူနိုက်တက် ဘက်က အင်တာ မီလန် ရဲ့ ကမ်းလှမ်းမှု မှန် သမျှ ကို အကြိမ် ကြိမ် ပယ်ချ နေပြီး ငွေသား သီးသန့် ကမ်းလှမ်းမှု ကိုသာ တောင်းဆို နေခဲ့တာ ကြောင့် အပြောင်း အရွှေ့ ဖြစ်ပေါ်ဖို့ ကြန့်ကြာ နေခဲ့ရတာ ပါ ။ ဒါပေမယ့် အခုတော့ ဒီ ကိစ္စ တွေ ပြည်လည် တော့မယ့် ပုံ ပါပဲ . . .

မနေ့ ည ပိုင်း မှာ ထွက်ပေါ် လာတဲ့ သတင်း အရ နာပိုလီ အသင်း ဟာ အင်တာ မီလန် တိုက်စစ်မှုး အီကာဒီ ကို ခေါ်ယူ ဖို့ အတွက် စတင်ကြိုးပမ်း တော့မှာ ဖြစ်ပြီး ငွေသား ပေါင် ၅၄ သန်း အပြင် တိုက်စစ်မှုး အင်ဆစ် ဂနီ ကို ပါ အလိုက်ပေး သွားဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။

ဒါဟာ အင်တာ မီလန် အသင်း အတွက် တစ်ချက်ခုတ် ၊ ၃-၄ ချက် ပြတ်မယ့် အနေ အထားမျိုး ဖြစ်လာ စေခဲ့ ပါတယ် ။ အင်တာ မီလန် ဟာ အီကာဒီ ကိုရော ကွင်းလယ်လူ နိုင်ဂိုလန်း ကိုပါ အသင်းရဲ့ အစီအစဉ် တွေ ထဲ မှာ မပါတော့ ဘူးလို့ မနေ့ည က အသိပေး ထုတ်ပြန် ခဲ့ပါတယ် ။ ဆိုလိုတာ ကတော့ အသင်း ပြောင်းဖြစ်သည် ဖြစ်စေ ၊ မပြောင်းဖြစ်သည် ဖြစ်စေ သူတို့ ၂ ဦး စလုံး အင်တာ အတွက် ကစားရတော့ မှာ မဟုတ်ပါဘူး ။

ဒီလို အခြေအနေ မှာ နာပိုလီ က အီကာဒီ အတွက် အင်ဆစ်ဂနီ + ငွေသား နဲ့ ကမ်းလှမ်း လာခဲ့ ပါတယ် ။ နာပိုလီ ဟာ မန်ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ကိုလည်း စိတ်ဝင်စား နေတယ် လို့ သိရ ပေမယ့် လက်ရှိ အနေ အထား မှာတော့ စီးရီးအေ နဲ့ အသားကျပြိး ဖြစ်တဲ့ အီကာဒီ ကို ပိုပြီး လိုလား နေပုံ ပါပဲ ။ ဒီ ကမ်းလှမ်းမှု သာ တရားဝင် ဖြစ်လာခဲ့ ရင် အင်တာ အတွက် ချက်ချင်း ခေါင်းငြိမ့်သင့်တဲ့ ကိစ္စ ဖြစ်လာမှာပါ ။

အီကာဒီ ကို သာ နာပိုလီ ကို ရောင်းထုတ် ဖြစ်ခဲ့မယ် ဆိုရင် လူကာကူ ကို ခေါ်ယူ ဖို့ အတွက် ငွေသား အကူ အညီ ရလာစေ မှာပါ ။ ဒါ့အပြင်် အင်ဆစ် ဂနီ ဟာလည်း အထောင် တိုက်စစ်မှုး ထက် နောက်ချန် တိုက်စစ်မှုး ၊ တောင်ပံ အဖြစ် ကစားတာ များသူ ဖြစ်တာ ကြောင့် လူကာကူ နဲ့ နေရာလုဖက် ဖြစ်လာ ဖို့ မရှိ နိုင်တာ ကလည်း အင်တာ အတွက် ထည့်သွင်း စဉ်းစား လာနိုင်တဲ့ အချက် ဖြစ် ပါတယ် ။

နာပိုလီ အသင်း ဘက် မှာလည်း နည်းပြ အန်ဆယ်လော့တီ ရဲ့ ပြုပြင် ပြောင်းလဲ မှုတွေ အောက် မှာ ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှုး တစ်ဦး ကို လိုအပ် နေခဲ့တာ ကြောင့် အီကာဒီ ၊ လူကာကူ တို့ လို စစ်မှန်တဲ့ အထောင် တိုက်စစ်မှုးတွေ ကို စိတ်ဝင် စားနေခဲ့တာပဲ ဖြစ်ပါတယ် ။ လူကာကူ ကို စိတ်ဝင်စား လာတယ် ဆိုတာလည်း နာပိုလီ ဘက်ကနေ အီကာဒီ ကို ရဖို့ ဆင်တဲ့ အကွက် ဖြစ်လာနိုင်ပါတယ် ။

ဒီ အပြောင်း အရွှေ့ တကယ် ဖြစ်လာ မယ် ဆိုရင်တော့ အင်တာရော နာပိုလီ ရော မန်ချက်စတာ ယူနိုက်တက် ရော ၃ သင်း စလုံး စိတ်ကျေနပ်မှု ရရှိ စေမှာ အသေ အချာ ပဲ ဖြစ် ပါလိမ့်မယ် ။

SPORTS MYANMAR