
Buffon


ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )



Buffon







Buffon
Italian goalkeeper Gianluigi Buffon (L) comes to greet fans outside as he attends the inauguration of the Juventus FC new flagship store in Milan on July 4, 2019. – Buffon has returned to Juventus on a one-year contract after a season spent at Paris Saint-Germain. The 41-year-old, who will be number two to Polish ‘keeper Wojciech Szczesny, previously spent 17 season with the Turin club, winning nine Serie A titles and playing three Champions League finals. (Photo by Miguel MEDINA / AFP)



#Sports_Myanmar

Unicode

ဂျူဗင်တပ်ကို ပြန်လာခြင်းက ဘာ့ကြောင့် အရမ်းကို ခမ်းနား နေသလဲဆိုတာ ပြောကြားသွားတဲ့ #ဘူဖွန်

==================

တူရင် မြေမှ ထွက်ခွာတာ တစ်နှစ်သာ ရှိနေ သေးတဲ့ အီတလီ ဂန္ဓဝင် ဘူဖွန် ဟာ အခုတော့ တစ်နှစ် စာချုပ် နဲ့ အတူ ဂျူဗင်တပ် အသင်း ဆီ ပြန်လည် ပြောင်းရွှေ့ နိုင်ခဲ့ ပါပြီ ။ အဆိုပါ စာချုပ် နဲ့ အတူ ဘူဖွန် ဟာ ဂျူဗင်တပ် အသင်း မှာ 2020 ဇွန်လ 30 ရက် နေ့ အထိ ရှိနေ တော့မှာ ပဲ ဖြစ် ပါတယ် ။

အခုတော့ ဘူဖွန် က တူရင် မြေမှာ ထူးကဲ တဲ့ နည်းပြ ဆာရီ အောက် ပေါ်တူဂီ လက်ရွေးစင် စီ ရော်နယ်ဒို နဲ့ အတူ ကစား ရခြင်း က တစ်ကယ့် ကို ခမ်းနား တဲ့ အရာ တစ်ခု ဖြစ်ကြောင်း ၊ ဆာရီ ဟာ သူ့ အပေါ် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ထင်မြင်ချက် ပေးခဲ့ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

” ခရစ္စတီယာနို နဲ့ အတူ ကစား ရခြင်း ဆိုတာ တစ်ကယ့် ကို ခမ်းနား လှ ပါတယ် ။ ကျွန်တော် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက PSG အသင်း မှာ နေမာ ၊ အမ်ဘက်ပီ တို့လို ချန်ပီယံ တွေနဲ့ အတူ ကစား ခဲ့ရ ပါတယ် ။ အခုတော့ ဂျူဗီ ကို ကျေးဇူး တင် ပါတယ် ၊ ကျွန်တော် ရော်နယ်ဒို နဲ့ ကစားရ လိမ့်မယ် လေ ၊ ဒါဟာ တစ်ကယ့်ကို ခမ်းနား တဲ့ လက်ဆောင် မွန် တစ်ခု ပါပဲ ”

” ကျွန်တော် နည်းပြ ဆာရီ နဲ့ တွေ့ခဲ့ ပါ သေးတယ် ။ သူဟာ ကျွန်တော့် အပေါ် တစ်ကယ့် ကို ထူးကဲ ကောင်းမွန် တဲ့ ထင်မြင်ချက် ပေးခဲ့ ပါတယ် ။ သူ သတင်းစာ ရှင်းလင်းပွဲ ရှိတဲ့ နေ့ တွေမှာ အခြား သူတွေ အပေါ် ထားရှိ တဲ့ တူညီ တဲ့ စိတ်ထား မျိုး ကျွန်တော့် အပေါ် လည်း ထားခဲ့ ပါတယ် ”

” ခင်ဗျား ဟာ ဘောလုံး ရာသီ တစ်ခုကို စတင် တာနဲ့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး ရမယ် ဆိုတဲ့ စိတ်ဓါတ် နဲ့ စတင် လို့ မရ နိုင် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာ က ရာသီ ကို အရှုံး နဲ့ စတင် ရတာ နဲ့ တစ်ကယ့် ကို ညီမျှ နေလို့ ပါပဲ ”

” သိပ် ဟုတ်တာ ပေါ့ ၊ ဒါဟာ တစ်ကယ့် ကို ကြီးကျယ် တဲ့ ၊ ဂုဏ် ရှိတဲ့ ဆု ဖလား တစ်ခု ပါ ။ ဒါပေမယ့် ဖိုင်နယ် ပွဲ ဆိုတာ မေ လ အကုန် လောက် ၊ တစ်ခါတလေ ဇွန်လ အစ လောက်မှာ တောင် ကစား ရ ပါတယ် ။ အဲ့ဒီ ကြားထဲ မှာ ကျွန်တော် တို့ တွေဟာ တစ်ကယ့် ကို အရေးကြီး လှတဲ့ အချိန် 10 လတာ ကို ဖြတ်သန်း ကြရ မယ်လေ ” လို့ ဘူဖွန် က ချန်ပီယံ လိဂ် ဖလား ဆွတ်ခူးရေး နဲ့ ပတ်သက်လို့ ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အသင်းဖော် ချီလီနီ နဲ့ ဆက်ဇ်နီ တို့က အသင်း ခေါင်းဆောင် ရာထူး ၊ နံပါတ် တစ် ဂျာစီ အတွက် သူ့ကို စကား ပြောခဲ့ ကြကြောင်း ၊ ဒါပေမယ့် သူဟာ လက်ခံ မှာ မဟုတ်တဲ့ အကြောင်း ၊ နံပါတ် 77 ဂျာစီ ကို ဝတ်ဆင် ဖို့ ရွေးချယ် ထားတဲ့ အကြောင်း ဘူဖွန် က ဆိုသွား ခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းက အသင်း ခေါင်းဆောင် ရာထူး နဲ့ နံပါတ် တစ် ဂျာစီ အတွက် ကျွန်တော့် ကို ကမ်းလှမ်း ခဲ့ ကြတဲ့ ချီလီနီ နဲ့ ဆက်ဇ်နီ တို့ကို ကျွန်တော် ကျေးဇူးတင် ပါတယ် ။ တစ်ကယ့် ကို သင့်တင့် မျှတတဲ့ အရာ တစ်ခု က ပွဲထွက် ကစားခွင့် ရမဲ့ သူသာ နံပါတ် တစ် ဖြစ်သင့် တာလေ ။ ပြီးတော့ ချီလီနီ က ကျွန်တော် နဲ့ ညီအစ်ကို လို နေတဲ့ သူပါ ။ သူပဲ အသင်း ခေါင်းဆောင် အဖြစ် ဆက်လက် ရှိသင့် ပါတယ် ”

” ကျွန်တော့် ရဲ့ နံပါတ် က ဘာဖြစ် လိမ့်မလဲ ? ကျွန်တော် ကတော့ 77 လို့ တွေး ပါတယ် ။ အဲ့တာ က ကျွန်တော့် ပုံပြင် တစ်ခု ကို ကိုယ်စားပြု ပါတယ် ။ ကျွန်တော် ပါးမား အသင်း မှာ ကစား ခဲ့တုန်း က အဲ့ဒီ နံပါတ် ကို ဝတ်ပြီး တစ်ကယ့် ကို ကောင်းမွန်တဲ့ ဘောလုံး ရာသီ ပိုင်ဆိုင် ခဲ့တဲ့ အပြင် ဂျူဗင်တပ် ဆီကိုပါ ရောက်လာ နိုင်ခဲ့ တယ်လေ ” လို့ ဘူဖွန် က နံပါတ် 77 ဂျာစီ ဝတ်ဆင် လိုတဲ့ အကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

” ကျွန်တော် အခုလို အိမ်ကို ပြန်လာ ခဲ့ ရတဲ့ အတွက် ၊ ခင်ဗျား တို့ အားလုံး ကို တစ်ဖန် ပြန်လည် ပွေ့ဖက် နှုတ်ဆက် ခွင့် ရရှိ တဲ့ အတွက် အရမ်း ကို ပျော်ရွှင်မိ ပါတယ် ။ ဒါဟာ ကျွန်တော့် ဘဝ ရဲ့ အပျော်ရွှင်ဆုံး အချိန် ပါပဲ ။ အခုတော့ ဘဝ ဟာ တစ်ကယ့် ကို ဆန်းကျယ်တဲ့ အကြောင်း ၊ အိပ်မက် တွေက ထိုက်တန် ကြောင်း ကျွန်တော် အတည်ပြုနိုင် ပါပြီ ”

” ကောင်မလေး ရဲ့ ဖိတ်ခေါ်ချက်ကို မငြင်းဆန် နိုင်သလိုမျိုး ကျွန်တော် ပြန်လာ ခဲ့ရ ပါတယ် ။ ဒါဟာ ကျွန်တော့် ရဲ့ အိမ် ဖြစ်တဲ့ အတွက် ကျွန်တော် ပြန်လာခဲ့ ရတာပါ ” လို့ ဘူဖွန် က ဂျူဗင်တပ် ဆီ ပြန်လာ ခဲ့ ရတဲ့ ပျော်ရွှင်မှု အကြောင်း အထူးညွှန်းဆို လိုက်ခဲ့ ပါတယ် ။

#Sports_Myanmar