အိုးလ် ထရပ်ဖို့ဒ် ဆီ ပြန်လည် သွားရောက် ရမယ့် ပွဲစဉ် မတိုင်မီ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ သစ် ဖြစ်လာ တဲ့ ဟိုဆေး မော်ရင်ဟို က သူဟာ အသင်း ဟောင်း ယူနိုက်တက် ရဲ့ ဗီလိန် တစ်ဦး မဟုတ်သလို ရန်သူ တစ်ဦး လည်း မဟုတ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီတစ်ပါတ် ကြာသာပတေး နံနက် မှာတော့ တော့တင်ဟမ် နည်းပြ သစ် ဖြစ်လာ ခဲ့သူ ဟိုဆေး မော်ရင်ဟို က ပထမဆုံး အကြိမ် အဖြစ် အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်း ကို အိုးလ် ထရပ်ဖို့ဒ် မှာ သွားရောက် ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ်ပါတယ် ။

ဒီအတွက် ယူနိုက်တက် နည်းပြ ဟောင်း ဖြစ်သူ က ကောင်းမွန် တဲ့ တုန့်ပြန် မှု တွေကို ယူနိုက်တက် ပရိသတ် တွေ ဆီက ရရှိ နိုင်ဖို့ မျျှော်လင့် ထား ပေမယ့် ပွဲချိန် စတင် တာနဲ့ ပရိသတ် တွေက သူ့ကို မေ့ပျောက် သွား ကြမှာ သေချာကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ ဗီလိန် တစ်ဦး မဟုတ် သလို ရန်သူ တစ်ယောက် လည်း မဟုတ် ပါဘူး ။ ဒါမေပယ့် ကျွန်တော် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို အနိုင်ယူ နိုင်ဖို့ ကြိုးစား သွားမယ့် သူ အဖြစ် ရှိ နေမှာ ပါ ။ သူတို့ ကတော့ ကျွန်တော့် ကို ဒီလို ပဲ ကြည့်မြင် ကြ လိမ့်မယ် လို့ ကျွန်တော် တွေးထား ပါတယ် ”

” အိုလီ ဂန်နား ဆိုးလ်ရှား နဲ့ ပတ်သက် လို့ ပြောကြား ရမယ် ဆိုရင် သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပရိသတ် တွေ အတွက် နိုင်ပွဲ တွေကို ရယူ ပေးသွား နိုင်ဖို့ ကြိုးစား နေသူ တစ်ဦး ပါပဲ ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် တွေက သူ့ကို ပဲ ထောက်ခံ အားပေး ကြမှာပါ ၊ ကျွန်တော့် ကို မဟုတ် ပါဘူး ”

” ကျွန်တော် တို့ တွေ့မြင် နိုင်မယ့် အရာ တစ်ခု ကတော့ ကောင်းမွန် တဲ့ တုန့်ပြန် မှု ဖြစ်သလို နောက် တစ်ခု ကတော့ ထောက်ခံ အားပေး မှု ပါပဲ ။ ဒါ့ကြောင့် ကောင်းမွန် တဲ့ တုန့်ပြန် မှုဟာ ကျွန်တော့် အတွက် ဖြစ်ဖို့ မျှော်လင့် ထား ပါတယ် ။ ထောက်ခံ အားပေး မှု ကတော့ ဆိုးလ်ရှား အတွက် ပေါ့ ။ ဒါဟာ ပွဲစဉ် တွေရဲ့ သဘာဝ ပါပဲ ”

” ဒါဟာ မယုံကြည် နိုင်ဖွယ် သမိုင်းကြောင်း တစ်ခု ကို ပိုင်ဆိုင် ထားတဲ့ နေရာ တစ်ခု ရဲ့ သဘာဝ တရား တစ်ခု ပါပဲ ။ ပရိသတ် တွေ ကလည်း တစ်သင်း အပေါ် ရူးသွပ် စွဲလန်း မှု ရှိနေ ရမယ် ဆိုတာ ရှင်းရှင်း လင်းလင်း သိထား ကြတယ် လေ ။ သူတို့ တွေဟာ အသင်း ကို ချစ် မြတ်နိုး ကြ ပါတယ် ၊ ဒါ့ကြောင့် သူတို့ တွေဟာ ဆိုးလ်ရှား ကိုလည်း ချစ်နေ ကြပါ လိမ့်မယ် ” လို့ မော်ရင်ဟို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေမှု ကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများစု ဟာ စိတ်ပျက် နေကြ ပြီး အချို့ ကတော့ ဆိုးလ်ရှား ကို ထုတ်ပယ် သွားဖို့ အထိ တောင် ဖိအား ပေး တောင်းဆို နေခဲ့ ကြ ပါတယ် ။ သတင်း အချို့ ကတော့ စပါး ၊ မန်ချက်စတာ ဒါဘီ ပွဲတွေ က ဆိုးလ်ရှား ရဲ့ အနာဂတ် ကို ဆုံးဖြတ် ပေးသွား လိမ့်မယ် လို့တောင် ရေးသား ဖော်ပြ နေခဲ့ ကြ ပါတယ် ။

#Sports_Myanmar