ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ ပြောင်းရွှေ့ လာခဲ့ပေမယ့် လက်စွမ်းကောင်း ရရှိဖို့ အခု အချိန် ထိ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။

ရီးရဲလ် မက်ဒရစ် မန်နေဂျာ ဇီဒန်း ကတော့ အရင် နှစ် ဘောလုံးရာသီ တွေမှာ အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၃ကြိမ် ဆွတ်ခူး ပေးခဲ့တဲ့ ဂိုးသမား ကေလာ နာဗက်စ် ကိုပါ ခေါက်ထားပြီး ကော်တွိုက်စ် ကို ဦးစားပေး ပွဲထွက်ခွင့် တွေ ပေးခဲ့ပေမယ့် ကော်တွိုက်စ် ရဲ့ လက်စွမ်း က တက်မလာပဲ ရှိခဲ့ရပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ ကေလာ နာဗက်စ် ဟာ ပွဲထွက်ခွင့် အာမခံချက် မရှိတော့တဲ့ ရီးရဲလ် မက်ဒရစ် ကနေ ပြင်သစ် လီဂူး ထိပ်သီး ကလပ် ပီအက်စ်ဂျီ အသင်း သို့ အငှား ပြောင်းရွှေ့ ခဲ့သလို ၊ ရီးရဲလ် မက်ဒရစ် ကလည်း ပီအက်စ်ဂျီ အသင်း ရဲ့ ပြင်သစ် ဂိုးသမား အေရီယိုလာ ကို အငှား ပြန်ခေါ် ခဲ့ပါတယ် ။

ပထမ ဦးစားပေး ဂိုးသမား ဖြစ်တဲ့ ကော်တွိုက်စ် ဟာ ချန်ပီယံလိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ ဘရုဂျက် နဲ့ ပွဲစဉ် မှာ အတော်လေး လက်စွမ်း ဆိုးရွားခဲ့လို့ ၊ ဝေဖန် ခံခဲ့ရကာ ၊ ထို ပွဲစဉ် ရဲ့ ဒုတိယပိုင်း ပြန်အစ မှာပဲ အေရီယိုလာ နဲ့ လူစားလဲ ခံခဲ့ ရပါတယ် ။ အခု နောက်ပိုင်း မှာတော့ ပွဲထွက်ခွင့် တွေ ပုံမှန် ပြန်ရနေပြီ ဆိုပေမယ့် ကော်တွိုက်စ် ရဲ့ လက်စွမ်း က သာမန် အဆင့် တခု လောက်မှာသာ ရှိနေပါသေးတယ် ။

သို့ပေမယ့် လည်း ဘယ်လ်ဂျီယမ် လက်ရွေးစင် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ကတော့ ကော်တွိုက်စ် ဟာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း ချီးကျူး ခဲ့သလို ၊ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ ဂိုးပေါက် ကို ကာကွယ်ဖို့ အသင့်လျော်ဆုံး ဂိုးသမား ဖြစ်တယ် လို့ ကာကွယ် ပြောဆို သွားခဲ့ပါတယ် ။

မာတီနက်ဇ် က ” သီဘောက် ဟာ ကျွန်တော့ အတွက်တော့ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမား ပါပဲ ။ သူဟာ ကျွန်တော် တို့ အသင်း နဲ့ အတူ ၂၀၁၈ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ မယုံနိုင်ဖွယ် လက်စွမ်းကောင်း တွေ ပြသ နိုင်ခဲ့သူပါ ။ အဲ့ဒီ အချိန် ကနေ စပြီး ၊ သူဟာ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ ဂိုးပေါက် ကို ကာကွယ် ပေးဖို့ အကောင်းဆုံး ဂိုးသမား တဦး လို့ ကျွန်တော် ယူဆ ထားခဲ့ပါတယ် ။ ”

” ရီးရဲလ် မက်ဒရစ် ကို ရောက်ရှိပြီး ကတည်းက သူ့ အတွက် အရမ်း ခက်ခဲတဲ့ အချိန် ကာလ တွေကို ဖြတ်ကျော် ခဲ့ရတာ မှန်ပါတယ် ။ ဒါပေမယ့် နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ တွေမှာ သူ ကျွန်တော် တို့ အသင်း နဲ့ ပြန်ပူးပေါင်း တဲ့ အခါ မှာ ၊ ယုံကြည်မှု တွေ ၊ လက်စွမ်းကောင်း တွေ ပြန်ရလာ ခဲ့တာကို မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ဒါကြောင့်မို့ တချိန်တည်း မှာပဲ ကျွန်တော် ကတော့ သူ့ကို ရီးရဲလ် မက်ဒရစ် အသင်း နဲ့ အတူ အောင်မြင်မှု တွေ ရယူပေးဖို့ အလိုရှိသလို ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း မှာလည်း သူ့ရဲ့ လက်စွမ်းကောင်း တွေနဲ့ ယူရို ပြိုင်ပွဲ မှာ အောင်မြင်မှု ရယူပေးနိုင်ဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR