စပိန် သတင်း တခု ဖြစ်တဲ့ Estadio de la Ceramica ရဲ့ အဆိုတခု အရ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ လီဗာပူး အသင်း ဟာ ဗီလာရီးရဲလ် အသင်း ရဲ့ အသက် ၂၀ အရွယ် ရှိ နိုင်ဂျီးရီးယား လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမား ဆမ်မြူရယ် ချူကွီဇီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် လို့ သိရပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ ၊ လာလီဂါ မှာ ချူကွီဇီ ဟာ ဗီလာရီးရဲလ် အသင်း နဲ့ အတူ စုစုပေါင်း ၁၄ ပွဲ ကစား ပေးထားကာ ၊ သွင်းဂိုး ၃ဂိုး ၊ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ထားခဲ့ပြီး ဖြစ်ပါတယ် ။ လျင်မြန်မှု နဲ့ ကစားပုံ သေသပ်မှု တွေကြောင့် ဥရောပ ထိပ်တန်း အသင်းကြီး တွေ အတွက် မျက်စိ ကျစရာ ဖြစ်လာတဲ့ ချူကွီဇီ က သူဟာ လန်ဒန် မြို့ခံ ကလပ် ချယ်လ်ဆီး အသင်း ကို အားပေးသူ ဖြစ်ကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

နိုင်ဂျီးရီးယား အခြေစိုက် မီဒီယာ တခု ဖြစ်တဲ့ Soccer Net နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ချူကွီဇီ က သူဟာ ချယ်လ်ဆီး အသင်း ကို ၄င်းတို့ရဲ့ နိုင်ဂျီးရီးယား Icon ကစားသမား တဦး လည်း ဖြစ် ၊ ချယ်လ်ဆီး ကွင်းလယ်လူဟောင်း တဦး လည်း ဖြစ်ခဲ့တဲ့ ဂျွန်အိုဘီ မီခေးလ် ကြောင့် အားပေး ဖြစ်ခဲ့ကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

ချူကွီဇီ က ” ကျွန်တော် ဟာ ငယ်ငယ် ကတည်းက ၊ နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမား တွေ ကစား ခဲ့ကြတဲ့ ဥရောပ ကလပ် အသင်း တွေ မှန်သမျှ အားပေး ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီထဲ မှာ ကျွန်တော် ချယ်လ်ဆီး အသင်း ကို အဓိက အားပေး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော့ ရဲ့ အကြိုက်ဆုံး အသင်း က ချယ်လ်ဆီး ဖြစ်နေရခြင်း အကြောင်းအရင်း က မီခေးလ် ကြောင့်ပါ ။ ”

” အခု လောလောဆယ် မှာတော့ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ကို ပြောင်းရွှေ့မယ့် အကြောင်း မစဉ်းစား ချင်သေးပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဟာ လက်ရှိ ဗီလာရီးရဲလ် အသင်းသား တဦး ဖြစ်နေတာကြောင့်ပါ ။ နောက်ပြီး ကျွန်တော့ အနေနဲ့ အခုထက် ပိုပြီး ယုံကြည်မှု တွေ မြင့်မားဖို့ လိုအပ်နေပါသေးတယ် ။ ”

” လောလောဆယ် မှာ ကျွန်တော် ဟာ ဗီလာရီးရံလ် အသင်း ရဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ၊ တခြား ကလပ် တွေကိုလည်း ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသေးပါဘူး ။ အပြင် က လူတွေရဲ့ ဝေဖန် စကားသံ တွေကို နားယောင်ပြီး လမ်းမှား မလိုက်မိဖို့ လိုပါတယ် ။ အခု လက်ရှိ ဗီလာရီးရဲလ် အသင်း ရာသီ အကုန် မှာ ဘယ်လို ပုံစံ နဲ့ အကောင်းဆုံး ရပ်တည် ပေးနိုင်အောင် လုပ်ဆောင်ရမလဲ ဆိုတာကိုပဲ ကျွန်တော် အပြည့်အဝ အာရုံစိုက် ထားပါတယ် ။ ”

” ကျွန်တော့ အတွက် လက်ရှိ အချိန် မှာ အာရုံစိုက်မှု အပြည့် ရဖို့ လိုအပ်နေပါတယ် ။ ဒါပေမယ့် အနာဂတ် မှာတော့ အပြောင်းအရွှေ့ အတွက် ဖြစ်လာ နိုင်ပါတယ် ။ အခု အချိန် မှာတော့ ဗီလာရီးရဲလ် အသင်း အတွက်ပဲ ဦးစားပေး ထားပါတယ် ။ အနာဂတ် မှာ ကျွန်တော် ရင့်ကျက် တည်ငြိမ်မှု အချို့ ရလာမှ ၊ ကျွန်တော့ အတွက် အသင်းပြောင်းဖို့ ပို အဆင်ပြေမယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

လက်ရှိ အချိန် ၊ ချူကွီဇီ ရဲ့ ပေါက်စျေး ဟာ အနည်းဆုံး ပေါင်သန်း ၃၀ ရှိနေပြီး ၊ ညာတောင်ပံ တိုက်စစ် နေရာ မှာ ဝီလီယံ ရဲ့ နေရာ ကို ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီး အသင်း အတွက် ချူကွီဇီ ဟာ ငယ်ရွယ်ပြီး အလားအလာ ကောင်းတဲ့ ညာတောင်ပံ ကြယ်ပွင့် ကစားသမား တဦး ဆိုတာ သေချာ နေပါတယ် ။

SPORTS MYANMAR