တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ်လူ အဲရစ် ဒိုင်ယာ က သူတို့ ရဲ့ နည်းပြ ဟိုဆေး မော်ရင်ဟို ဟာ အသင်း ဟောင်းနဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် အတွက် အမှန်အကန် ပြင်ဆင် နေပြီ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း ကို သတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မနေ့ က ကစား ခဲ့တဲ့ ပွဲစဉ် မှာ တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ဘုန်းမောက် အသင်း ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင် ခဲ့တဲ့ နောက် ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ရာနှုန်းပြည့် နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ မှတ်တမ်း ကောင်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဟိုဆေး မော်ရင်ဟို ရဲ့ လက်အောက် မှာ ဆက်တိုက် တောက်ပ နေ ခဲ့တဲ့ ဒီလီ အလီ က 2 ဂိုး သွင်းယူ ခဲ့ပြီး မူဆာ ဆစ်ဆိုခို က တစ်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဆွန်ဟောင်မင်း ဟာလည်း 2 ဂိုး ဖန်တီး သွားနိုင် ခဲ့ ပါတယ် ။

အခုတော့ ဟိုဆေး မော်ရင်ဟို ဦးဆောင် တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ နောက် တစ်ပါတ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပြန်လည် ရင်ဆိုင် ကစား ရပါ တော့မယ် ။ ဒီအတွက် မော်ရင်ဟို ဟာ အသင်း ဟောင်းကို ရင်ဆိုင် ဖို့ အတွက် ပြင်ဆင် နေပြီ ဖြစ်ကြောင်း ဒိုင်ယာ က ပြောကြား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ ကောင်းမွန် တဲ့ အရာ တွေကို လုပ်ဆောင် နိုင်ကြ ပါပြီ ။ ကျွန်တော် တို့ဟာ သုံးပွဲ ဆက်တိုက် အနိုင် ရယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒီအတွက် ကျွန်တော် တို့ ပျော်ရွှင် နေကြ ပါတယ် ။ ကျွန်တော် တို့ရဲ့ ခံစားချက် တွေ ကောင်းမွန် နေ သလို အခုလို ပွဲ ကစား ခွင့်တွေ ပြန်လည် ရရှိ တဲ့ အတွက် လည်း ပျော်ရွှင် မိ ပါတယ် ”

” မနေ့ က ပွဲမှာ ထွက်ပေါ် ခဲ့တဲ့ ရလဒ် အတွက် တော့ ကျွန်တော် တို့ စိတ်ပျက် မိကြ ပါတယ် ။ ကျွန်တော် တို့ 3 – 0 နဲ့ နိုင် နေတဲ့ အချိန် ခံစစ် ကစားပုံ တွေ ပိုကောင်း ခဲ့သင့် ပါတယ် ။ ကျွန်တော် တို့ ပွဲစဉ် ကို ဒီ ရလဒ် နဲ့ပဲ အဆုံးသတ် ပစ်နိုင် ခဲ့သင့် ပါတယ် ”

” နောက် တစ်ပါတ် မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် က ကျွန်တော် တို့ အတွက် ထူးကဲ တဲ့ ပွဲစဉ် တစ်ပွဲ ပါပဲ ။ အိုးလ် ထရပ်ဖို့ဒ် ကို ပြန်သွား တော့မယ့် မန်နေဂျာ အတွက် ရောပေါ့ ။ ဒီကို သွားရောက် ကစား ရခြင်း က အမြဲတမ်း ခမ်းနား လှ ပါတယ် ။ ကျွန်တော် တို့ ဒီမှာ ရလဒ် ကောင်း အချို့ ပိုင်ဆိုင် ခဲ့ဖူး ကြ သလို ဒီ တစ်ကြိမ် မှာလည်း ရလဒ် ကောင်းဖို့ မျှော်လင့် ပါတယ် ” လို့ ဒိုင်ယာ က ပြောကြား သွားခဲ့ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ကတော့ သူနဲ့ အတူ တော့တင်ဟမ် တို့ နိုင်ပွဲ ဆက်နေ ခဲ့တာ နဲ့ ပတ်သက်လို့ …

” ကျွန်တော် ဒီကို စတင် ရောက်ရှိ ခဲ့စဉ် တုန်းက ချန်ပီယံ လိဂ် ဝင်ခွင့် အောက် 12 မှတ် အကွာ မှာ ရပ်တည် ခဲ့ကြ ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း ဒီ အကြောင်း တွေကို မတွေး ချင်ဘူး လို့ ပြောခဲ့ ပါတယ် ။ ကျွန်တော် တို့ ယူရို ပါလိဂ် ဝင်ခွင့် နဲ့တောင် 8 – 9 မှတ်လောက် ကွာခဲ့ ကြ ပါတယ် ”

” ဒါပေမယ့် ကျွန်တော် တို့ ဒီ အကြောင်း တွေသာ တွေးမယ် ဆိုရင် စိတ်ဓါတ် ပျက်ပြား သွားနိုင် ပါတယ် ။ နောက် ရာသီ မှာ ဥရောပ ပြိုင်ပွဲ မှာတောင် ဝင် ကစား ရဖို့ ခက်ခဲ သွားနိုင် ပါ လိမ့်မယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ဒီ အကြောင်း ကို လုံးဝ မတွေးခဲ့ ပါဘူး ”

” အခုတော့ ကျွန်တော် တို့ဟာ ဥရောပ မှာ ကစား ခွင့်နဲ့ နီးကပ် သထက် နီးကပ် လာကြ ပါပြီ ။ ကျွန်တော် တို့ဟာ ခရစ္စမတ် အထိ ပွဲ ၊ ပွဲ ၊ ပွဲတွေ ဆက်တိုက် ဆိုသလို ကစား ကြရ ပါ တော့မယ် ။ ကျွန်တော် တို့ ဆက်လက် တိုးတက် ကောင်းမွန် ကြဖို့ လိုအပ် နေသေး သလို အလုပ် တွေ ဆက်လုပ် ရပါ ဦးမယ် ” လို့ မော်ရင်ဟို က ပြောခဲ့ ပါတယ် ။

#Sports_Myanmar