လီဗာပူး အသင်း ရဲ့ အသင်း ခေါင်းဆောင်ဟောင်း ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တွေ ဖြစ် ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်း တွေမှာ ခေါင်းဆောင် နိုင်မှု အရည် အသွေး နဲ့ စံပြ ကစားသမား တွေ ကင်းမဲ့ နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ဟာ ပရီးမီးယား လိဂ်ရဲ့ အောင်မြင် မှု အရှိဆုံး အသင်း တွေ ဖြစ်ကြ ပေမယ့် လက်ရှိ ရာသီ မှာတော့ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ရုန်းကန် နေကြ ရပြီး အမှတ်ပေး ဇယား အလယ်အလတ် နေရာ မှာသာ ရပ်တည် နေကြ ပါတယ် ။

သူတို့ နှစ်သင်းလုံး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံ လိဂ် ကစား ခွင့်တွေ ကိုယ်စီ ဆုံးရှုံး ထားခဲ့ ကြပြီး ယူရို ပါလိဂ် ပြိုင်ပွဲ မှာသာ ဝင်ရောက် ကစား နေရ ပါတယ် ။ ဒါ့ကြောင့် ဒီနှစ် မှာလည်း သူတို့ တွေဟာ အလားတူ အနေအထား မျိုး ဆက်လက် ကြံုတွေ့ နိုင်ခြေ မြင့်တက် နေကြ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ မကြာသေးခင် ကပဲ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေခဲ့ မှုကြောင့် နည်းပြ အမ်မရီ ကို ထုတ်ပယ် ထားခဲ့ ပြီး အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ဟာလည်း ဝေဖန် မှုတွေ ၊ ဖိအား တွေအောက် ကျရောက် နေခဲ့ ပါတယ် ။

ဒါ့ကြောင့်လည်း တစ်ချိန် တုန်းက အောင်မြင် ခဲ့ကြ သလောက် လက်ရှိ အချိန် မှာ အထူး ရုန်းကန် နေခဲ့ ကြတဲ့ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်း တွေ အပေါ် ဂရေမီ ဆောင်းနက်စ် က ဝေဖန် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” အကယ်လို့ ခင်ဗျား ဟာ အသင်း ရဲ့ အဝတ် လဲခန်း တွေထဲ ဝင်ရောက် သွားမယ် ဆိုရင် ‘ ယောကျာင်္း ကြီးတွေ က ဘယ်မှာ လဲ ? လို့ မေးမြန်း မိပါ လိမ့်မယ် ။ အမ်မရီ ဟာ သူ့ရဲ့ အချိန် တွေမှာ လိုအပ် နေ ခဲ့တာ အဲ့တာ တွေ ပါပဲ ။ သူဟာ ထုတ်ပယ် ခံလိုက် ရတဲ့ အချိန် အထိ အဲ့တာ ကို မပိုင်ဆိုင် နိုင်ခဲ့ ပါဘူး ”

” ယူနိုက်တက် အသင်း မှာလည်း အတူတူ ပါပဲ ။ အကယ်လို့ ခင်ဗျား ဟာ သူတို့ အသင်း တွေမှာ ရှိတဲ့ လူငယ် ကစားသမား တစ်ဦး သာ ဆိုရင် ခင်ဗျား ရဲ့ အသင်းဖော် တွေကို ကြည့်ပြီး တော့ ‘ ငါဟာ လာမယ့် နှစ် အနည်းငယ် မှာ သူတို့ တွေလို ဖြစ်ချင် ပါတယ် ‘ လို့ စိတ်ကူး ယဉ်ဖို့ တောင် ခက်ခဲ နေပါ လိမ့်မယ် ”

” အဲ့ဒီ အတွက် မတ်တီယို ဂွမ်ဒူဇီ ဟာ ဥပမာ ကောင်း တစ်ခု ပါပဲ ။ အသက် 20 သာ ရှိနေ သေးတဲ့ ကောင်လေး ဟာ သူ့ဖက် အခြမ်း မှာပဲ ဖြစ်ဖြစ် ပြိုင်ဖက် အသင်း ရဲ့ အခြမ်း မှာပဲ ဖြစ်ဖြစ် ကစား နေတဲ့ အချိန် တွေမှာ ဘောလုံး တွေကို ရယူ ကိုင်တွယ် ကစား ပြနိုင် ပါတယ် ”

” ဒါပေမယ့် သူဟာ အခု ထက်ထိ ပွဲစဉ် တွေကို နားမလည် နိုင်သေး ပါဘူး ။ သူဟာ အခု ထက်ထိ ကွင်း ပေါက်စ လေးတွေမှာ ကစားပြ နေသလို ပါပဲ ။ သူဟာ နေရာ ယူမှု တွေ အကြောင်း ကောင်းကောင်း သိရှိ နိုင်ဖို့ လိုအပ် နေပါ သေးတယ် ။ သူ့ရဲ့ ဆုံးဖြတ်ချက် တွေက အားနည်း နေဆဲ ပါပဲ ။ ဒီအတွက် သူဟာ ကောင်းကောင်း ဦးဆောင် ညွှန်ကြား နိုင်မယ့် နည်းပြ လိုအပ် နေ ပါတယ် ” လို့ ဂရေမီ ဆောင်းနက်းစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar