မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က ပြီးခဲ့တဲ့ ကြာသပတေး နေ့ တုန်းက အက်စတာနာ အသင်း ကို ယူနိုက်တက် တို့ 2 – 1 နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှ လူငယ် ကစားသမား သုံးဦးရဲ့ အားစိုက် ကြိုးစား မှု တွေကို ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် တုန်းကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဆိုးလ်ရှားက အဝေးကွင်း ဆီကို ဆယ်ကျော်သက် ကစားသမား 14 ဦး အထိ ခေါ်ဆောင် သွားခဲ့ပြီး ပွဲဆက် နေခဲ့ ကြတဲ့ စီနီယာ ကစားသမား တွေကို အားလပ်ရက် ပေး နားစေ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဆိုးလ်ရှား ဟာ စီနီယာ အသင်း မှာ ကစား နေကြ မဟုတ်တဲ့ ကစားသမား တွေကို ပွဲထွက် ကစား ခွင့်တွေ ပေးခဲ့ ပြီး လီဗစ် ၊ လဲ့ယာ့ဒ် ၊ ဘားနက်ဒ် နဲ့ ဂိုးသမား လီ ဂရန့် တို့ကို စီနီယာ အသင်း မှာ ပွဲထွက် ကစားခွင့် ရရှိ စေခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ယူနိုက်တက် တို့ ရှံုးနိမ့် ခဲ့ကြ ပေမယ့် အသင်း ရဲ့ လူငယ် ကစားသမား အချို့ က အစွမ်း အစ ရှိတဲ့ အကြောင်း သိရှိ ခဲ့ရ ခြင်းက အမြတ် ဖြစ်ခဲ့ ရ ပါတယ် ။ ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ် ကတော့ အဆိုပါ ပွဲစဉ် မှာ ပါဝင် ကစား ခဲ့ ကြတဲ့ ဒိုင်လန် လီဗစ် ၊ ဂျိမ်းစ် ဂါနာ နဲ့ အီသန် လဲ့ယာ့ဒ် တို့ကို ချီးကျူး ခဲ့လိုက် ပါတယ် ။

အထူး သဖြင့် အဆိုပါ ပွဲစဉ် အတွင်း ယူနိုက်တက် ရဲ့ ကွင်းလယ် မှာ တွဲဖက် ကစား ခဲ့ ကြတဲ့ ဂျိမ်းစ် ဂါနာ နဲ့ လီဗစ် တို့ရဲ့ တွဲ ကစားပုံ ကို သူ ကြိုက် နှစ်သက် မိကြောင်း ဆိုးလ်ရှား က ရော်ဘီ ဆာဗေ့ချ် နဲ့ ပြုလုပ် ခဲ့တဲ့ စကားဝိုင်း မှာ ထုတ်ဖော် ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ဟုတ်ပါတယ် ။ အသင်း ရဲ့ ကောင်လေး အချို့ ကို ကျွန်တော် နှစ်သက် သဘောကျ မိခဲ့ ပါတယ် ။ အထူး သဖြင့် အသင်း ရဲ့ ဗဟို ကွင်းလယ် နေရာ မှာ အတူ တွဲ ကစား ခဲ့ ကြတဲ့ လစ်ဗစ် နဲ့ ဂါနာ တို့ အတွဲ ကို ကျွန်တော် ပိုပြီး နှစ်သက် သဘောကျ ခဲ့ ပါတယ် ”

” သူတို့ တွေဟာ ပွဲချိန် အတွင်း စွန့်စား မှုတွေ ကို အများကြီး မလုပ်ဆောင် ခဲ့ကြ ပါဘူး ။ ကျွန်တော် ကတော့ သူတို့ နှစ်ဦး ဟာ တစ်ကယ် ပဲ ကောင်းမွန်စွာ တွဲဖက် ကစား ပြနိုင် ခဲ့ကြ ပြီး ပွဲစဉ် အပေါ် ထိန်းချုပ် လွှမ်းမိုး နိုင်ခဲ့ ကြတယ် လို့ ထင်မိ ပါတယ် ”

” ပြီးတော့ ညာ ခံစစ် မှာ ကစား ခဲ့တဲ့ ကောင်လေး ကိုလည်း ကျွန်တော် နှစ်သက် မိ ပါတယ် ။ ကျွန်တော် ဟာ လဲ့ယာ့ဒ် ကို အကြိမ် အများကြီး မမြင်ဖူး ခဲ့ ပါဘူး ။ သူဟာ ခြေစွမ်း ကောင်းမွန် သလို အင်အား အပြည့် နဲ့ ကစား ပြခဲ့ ပါတယ် ။ သူဟာ တစ်ကယ့် ကို သန်မာ တဲ့သူ တစ်ယောက် လို ပါပဲ ”

” အိုလီ ဟာ ဒါတွေ ကို အရင် ကလည်း လုပ်ဆောင် ခဲ့ဖူး ပါတယ် ။ သူဟာ လူငယ် ကစားသမား တွေ ဖက်က လုံလောက် စွာ ခြေစွမ်း ပြ ကစား ကြမယ် ဆိုရင် အခွင့် အရေး ပေးမယ် လို့ တွေးနေ သူပါ ။ ဒါဟာ တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ” လို့ ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။