အာဆင်နယ် အသင်းဟာ မနေ့က ယာယီ နည်းပြ အဖြစ် ယွန်းဘတ် ကို ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး ဒီနေ့မှာတော့ မာတီဆက်ကာ ကိုလည်း ယွန်းဘတ် ရဲ့ လက်ထောက် အဖြစ် တာဝန် ပေးအပ် လိုက်ကြောင်း အတည်ပြု လိုက်ပါတယ် ။

အာဆင်နယ် အသင်းနဲ့ အတူ အက်ဖ်အေ ဖလား သုံးကြိမ် ဆွတ်ခူး ရရှိခဲ့တဲ့ ဂျာမန်သားကြီး မာတီဆက်ကာ ဟာ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီကုန်မှာ ကစားသမား ဘဝက အနားယူခဲ့ပြီး ဂန်းနားတို့ရဲ့ အကယ်ဒမီ မန်နေဂျာ အဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ် ။

အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာတီဆက်ကာ ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် နောဝှစ်ချ် အသင်း နဲ့ ပွဲမှာတော့ ယာယီ နည်းပြ ယွန်းဘတ် ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ပါဝင်နိုင်ဦးမှာ မဟုတ်သေးကြောင်းလည်း သိရပါတယ် ။

ဒါ့အပြင် ယွန်းဘတ် နဲ့ အာဆင်နယ် ယူ-၂၃ အသင်းမှာ အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့ အာဆင်နယ် နောက်ခံလူ ရိုင်ယန် ဂယ်ရီ ဟာလည်း နည်းပြ အဖွဲ့ဝင် ထဲမှာ ပါဝင်လာဖွယ် ရှိနေတယ်လို့လည်း သိရပါတယ် ။

Guardian ရဲ့ ဖော်ပြချက် အရ ယွန်းဘတ် ဟာ အသင်းဖော်ဟောင်း ဂီလ်ဘာတို ဆေးလ်ဗား ကိုလည်း သူ့ရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် လုပ်ကိုင်ဖို့ ဆက်သွယ်ထားတယ်လို့ သိရပြီး ကာယံကံရှင် ဖြစ်တဲ့ ဘရာဇီးသားကတော့ အာဆင်နယ် ဘက်က ဆက်သွယ် ကမ်းလှမ်းတာမျိုး မရှိသေးကြောင်း ငြင်းဆန် ထားပါတယ် ။

ဂီလ်ဘာတို ဆေးလ်ဗား က Soccer AM နဲ့ အင်တာဗျုးမှာ ” ကစားသမားဟောင်း တစ်ယောက်အနေနဲ့ အသင်းနဲ့ အလုပ် တွဲလုပ်ခွင့်သာ ရခဲ့ရင် တကယ့်ကို အံ့အား သင့်မိမှာပါ ၊ ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် သွားရမှာပါ ၊ ကျနော် လန်ဒန်မှာ ရှိနေပေမယ့် အသင်းဘက်က ဆက်သွယ်လာတာမျိုးတော့ မရှိသေးပါဘူး ။ ”

” ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျနော် ကိုယ်တိုင် မသိပေမယ့် အနာဂတ် မှာတော့ ဖြစ်လာနိုင်ချေ ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။ ဆက်လက်ပြီး ဆေးလ်ဗား က ယွန်းဘတ် အမြဲတမ်း နည်းပြ ဖြစ်လာနိုင်ချေ ရှိသလား ဆိုတဲ့ မေးခွန်းကိုလည်း အခုလို ဖြေကြား သွားခဲ့ပါတယ် ။

” ဒါပေါ့ဗျာ ၊ သူတို့ဘက်က ယွန်းဘတ် အပေါ် လေးစားမှု ရှိသလို အခွင့်အရေးကောင်းတွေလည်း ပေးနိုင်ပါတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အသင်း နည်းပြသစ် အဖြစ် ရေပန်းစားနေတဲ့ နာမည် တွေထဲမှာ ပိုချက်တီနို ၊ အန်ဆယ်လော့တီ ၊ အယ်လီဂရီ တို့ကို တွေ့လိုက်ပါတယ်၊တစ်သင်းလုံးကို ယုံကြည်မှု ရအောင် ပြန်လည် တည်ဆောက်ပေးနိုင်မယ့်သူကို ခေါ်မယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုပါတယ် ။