အူနိုင်းအမ်မရီ ကတော့ ရလဒ်ဆိုးတွေကြောင့် ယနေ့ည မှာပဲ ရာထူး ကနေ ထုတ်ပယ် ခံလိုက် ရပါပြီ။ ဒါပေမယ့် အခြား ပရီးမီးယားလိဂ် မန်နေဂျာတွေ အတွက်လည်း ဖိအားတွေဟာ မြင့်မား နေဆဲပါ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ဟာ သူတို့ရဲ့ အနာဂတ် အတွက် အရေးကြီးတဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။

၁~ နယူးကာဆယ် Vs မန်စီးတီး

မန်စီးတီး ဟာ အခု အချိန်မှာ နောက်ကနေ လိုက်နေ ရပါတယ်။ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာ ကို ရှုံးနိမ့် ခဲ့ပေမယ့် စတိဘရု ရဲ့ လက်အောက်မှာ ကောင်းကောင်း လုပ်ပြ ထားခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီး ဟာ title race အတွက် အမှတ်တွေ လိုအပ် နေပါတယ်။ ကျွန်တော် ကတော့ စီးတီးဟာ အနိုင် ၃ မှတ် အတွက် အစွမ်းကုန် အားထုတ် သွားမယ်လို့ မျှော်လင့် ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – နယူးကာဆယ် ၀ – ၂ မန်စီးတီး

၂~ ချဲလ်ဆီး Vs ဝက်ဟမ်း
ဝက်ဟမ်း အသင်း ရဲ့ အခြေအနေ ဟာ စိုးရိမ်စရာပါ။ ဝက်ဟမ်း ဟာ အသင်းမှာ ကစားသမား ကောင်းတွေ ရှိနေ ပေမယ့်လည်း ဒီရာသီ ခြေစွမ်းပိုင်း က မတည်မငြိမ် ဖြစ်နေ ခဲ့ပါတယ်။ ဒဏ်ရာ ပြသာနာတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဟမ်းမား တို့ရဲ့ နည်းပြ ပယ်လီဂရီနီဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် ကျရောက် နေပါတယ်။ ဝက်ဟမ်း အနေနဲ့ အောက်ဆုံး ၃သင်းထဲ ရောက်သွား နိုင်တဲ့ အခြေအနေ ရှိနေ ပါတယ်။ ချဲလ်ဆီးဟာ ပုံစံကောင်း ရနေပြီး ကျွန်တော် ကတော့ အိမ်ရှင် အသင်းပဲ ဒီပွဲကို နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၁ ဝက်ဟမ်း

၃~ လီဗာပူး Vs ဘရိုက်တန်
လီဗာပူး နဲ့ တွေ့ဆုံတဲ့ အခါ ဘရိုက်တန် အနေနဲ့ ဒီရာသီ ကစားနေတဲ့ ပုံစံ ဖြစ်တဲ့ နောက်တန်း ကနေ ကစားကွက် စတင်ကာ ဖွင့်ကစား သွားမလား ဆိုတာတော့ စိတ်ဝင်စား စရာပါပဲ။ The Seagulls တို့ဟာ တိုက်စစ်ပိုင်း ကစားပုံ ကောင်းပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ဘယ်အသင်းကို မဆို အနိုင်ယူ နိုင်စွမ်း ရှိတယ် ဆိုတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင် ထားပါတယ်။ ဒီပွဲကို ဖာဘင်ညို တော့ ပါဝင် နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ဒီရာသီ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်တာကြောင့် လီဗာပူး အတွက် ကြီးမားတဲ့ ဆုံးရှံုးမှုပါ။ ဒါပေမယ့် ကျွန်တော် ကတော့ ၎င်းရဲ့ မပါဝင်မှုဟာ ဒီပွဲရဲ့ ရလဒ် အပေါ် သက်ရောက်မှု ရှိမယ်လို့ မထင်မိ ပါဘူး။

လော်ရိုးရဲ့ ခန့်မှန်းချက် – လီဗာပူး ၃ – ၀ ဘရိုက်တန်

၄~ စပါး Vs ဘုန်းမောက်
ဟိုဆေး ရဲ့ ပြန်အလာမှာ စပါးဟာ ၂ ပွဲကစား ၂ ပွဲစလုံး အနိုင် ရထား ခဲ့ပါတယ်။ ကျွန်တော် ကတော့ တော့တင်ဟမ် ရဲ့ ပြန်လည် နိုးထ လာမှုဟာ ဒီတစ်ပတ်မှာလည်း ဆက်လက် တည်ရှိနေဦးမယ်လို့ မြင်နေ ပါတယ်။ စပါး အဝတ်လဲခန်း နဲ့ လေ့ကျင့်ရေးကွင်း တို့မှာ ခြားနားတဲ့ အသံ ဖြစ်သွား ခဲ့ပါတယ်။ ကျွန်တော် ကတော့ စပါးဟာ တောက်လျှောက် အခြေအနေ ကောင်းနေမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဘုန်းမောက် အသင်းဟာ top 6 အသင်း တွေနဲ့ တွေ့တဲ့ အခါ အခြေအနေ ကောင်းတာ သိပ်မရှိ ခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲကို တော့တင်ဟမ်ပဲ နိုင်ပါလိမ့်မယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – စပါး ၂ – ၀ ဘုန်းမောက်

၅~ နော့ဝှစ် Vs အာဆင်နယ်
နော့ဝှစ်ဟာ ခံစစ်ပိုင်း ဒဏ်ရာ ပြသနာတွေ ကြံုတွေ့ နေရပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်က အဲဗာတန် နဲ့ ပွဲမှာ တကယ် ကောင်းတဲ့ရလဒ်ကို ရယူ နိုင်ခဲ့ ပါတယ်။ အာဆင်နယ် နဲ့ ပွဲမှာတော့ နော့ဝှစ်ဟာ သေချာပေါက် စိတ်ဓာတ် တက်ကြွ နေမှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အဝေးကွင်း ရလဒ်ဆိုးတဲ့ အသင်းနဲ့ တွေ့နေလို့ပါ။ ယူရိုပါလိဂ်မှာ အာဆင်နယ် ရဲ့ ရလဒ် ကတော့ တကယ့်ကို စိတ်ပျက်စရာ ပါပဲ။ ဒီပွဲဟာ အာဆင်နယ် ရဲ့ ပြီးခဲ့တဲ စွမ်းဆောင်ရည်တွေ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ဖို့ အတွက် အရမ်း စောနေ သေးပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – နော့ဝှစ် ၁ – ၁ အာဆင်နယ်

၆~ မန်ယူနိုက်တက် Vs အက်စတွန်ဗီလာ
ဗီလာ ရဲ့ ဒီရာသီ ခြေစွမ်းကို ကျွန်တော် ကောင်းကောင်း မြင်တွေ့ ခဲ့ပြီး ဖြစ်ကာ သူတို့ဟာ ဒီရာသီ တန်းဆင်း အန္တရာယ် ကနေ ရှောင်လွှဲ နိုင်ပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကတော့ ခက်ခဲတဲ့ ပွဲဖြစ်ပါတယ်။ သူတို့ဟာ ကြွေစေ့ တစ်ခုလို ပါပဲ။ ခေါင်းဘက် မှာတော့ သူတို့ဟာ ကောင်းမွန်တဲ့ အသင်းပုံစံ ဖြစ်နေ ပါတယ်။ ဒါပေမယ့် အမြှီးဘက် မှာတော့ ဒါနဲ့ ပြောင်းပြန်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ရှက်ဖီးယူနိုက်တက် နဲ့ ပွဲမှာ သူတို့ဟာ အဖိုးတန် သရေ တစ်မှတ် ရခဲ့ ပါတယ်။ ဒါပေမယ့် ၃ မှတ် ရခဲ့သင့်တာပါ။ ယူနိုက်တက်ဟာ အိုလီဂန်နာ ဆိုးရှား ရဲ့ လက်အောက်မှာ တည်ဆောက်ဆဲ ကာလပဲ ရှိနေ ပါသေးတယ်။

လော်ရိုးရဲ့ ခန့်မှန်းချက် – မန်ယူနိုက်တက် ၂ – ၀ အက်စတွန်ဗီလာ

အခြား ပွဲတွေ အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ

ဘန်လေ ၂ – ၀ ပဲလေ့စ်
ဆောက်သမ်တန် ၂ – ၁ ဝက်ဖို့ဒ်
ဝုဖ် ၂ – ၀ ရှက်ဖီးယူနိုက်တက်
လက်စတာ ၂ – ၀

SM