ယမန်နေ့ည ပိုင်း မှာကစား သွားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုပွဲစဉ်မှာ အက်စ်တာနာ အသင်းက ယူနိုက်တက် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ လင်ဂတ်ရဲ့ဂိုးနဲ့ ယူနိုက်တက်တို့ဦး ဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင် အက်စ်တာနာအသင်း နောက်ကနေပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အက်စ်တာနာ အသင်း အတွက်ချေပဂိုးကိုတော့ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာ ခံစစ်ကစားသာမား ရွှန်ကို ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီ နောက် မကြာ ခင်မှာပဲ ဘားနတ်ဒ်က ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့မိလို့ ယူနိုက်တက်တို့ကာ ဇက်စတန်မြေမှာ ရှုံးပွဲတွေ့သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ အခုပွဲစဉ် မတိုင်မီ ကတည်းက နောက်တဆင့် အတွက် သေချာ နေခဲ့ပြီးဖြစ်လို့ အကယ်ဒမီထွက်လူငယ်အများစု ကိုအခြေခံပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်။အသင်းခေါင်းဆောင် အဖြစ်တော့ လင်ဂတ်ကို ထူးထူးခြားခြားတာဝန်ပေး ခဲ့တာဖြစ်ပါတယ်။

အက်စ်တာနာ အသင်းဟာ အခုပွဲမှာ အုပ်စုတွင်း ပထမဆုံး နိုင်ပွဲရခဲ့တာ ဖြစ်ပြီနောက်တဆင့်အတွက်တော့ မဖြစ်နိုင်တော့တာဖြစ်ပါတယ်။ဒါပေမယ့် လည်းယူနိုက်တက်လို ကမ္ဘာကျော်အသင်းတသင်းဘက်ကို ဒီပွဲမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ကြသူတွေအတွက် အမှတ်တရတွေပိုင်ဆိုင်ခွင့်ရလိုက်တာဖြစ်ပါတယ်။

အက်စ်တာနာ အတွက် ချေပဂိုး ရှင် အသက် ၂၉နှစ်အရွယ်ခံစစ်မှူး ရွှန်ကို ကတော့ သူဂိုးသွင်းနိုင်ခဲ့တဲ့ အကြောင်းကို မြေးတွေအထိ ပြောပြမှာဖြစ်တယ်လို့ ဆိုပါတယ်။UEFA ရဲ့ တရားဝင် က်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ ရွှန်ကို က –

” အခုနှစ်အတွက် နောက်ဆုံး အိမ်ကွင်း ပွဲစဉ် မှာ ပရိသတ်တွေ ပျော်ရွှင် အောင်ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် လို့ ထင်ပါတယ်။ပွဲကို အနိုင်ရခဲ့တဲ့အတွက် ကြီးကျယ်ခန်းနားတဲ့ စိတ်ခံစားချက်ကောင်းတွေ ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။

ဒီလို ထိပ်သီးအသင်းတသင်းနဲ့ ရင်ဆိုင်နိုင် မယ့် အခွင့် အရေးကို နှစ်တိုင်းတော့ မရပါဘူး။ဒီနေ့ပွဲကို အနိုင်ရလိုက်တာ တကယ်ကောင်းပါတယ်။ဒီလို စိတ်ဓာတ်အသွေးအသားကောင်းကို အသင်းမှာဆက်ရှိစေဖို့ ဘုရားသခင်က ကောင်းချီးပေးမယ်လို့လည်းမျှော်လင့်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဒီပွဲအကြောင်းကို မြေးတွေရတဲ့ အထိပြောပြမှာလားလို့ မေးမြန်းရာမှာတော့ ရွှန်ကို က – ” ကျွန်တော်ပြော ဖြစ်ပါလိမ့်မယ်။ ‘တခါတုန်းကကွာ ငါ ဟာ ယူနိုက်တက် အသင်းဘက်ကို ဂိုးသွင်းယူခဲ့ဖူးတယ် ‘ ဆိုပြီးတော့ပေါ့ဗျာ။

ဒါပေမယ့် အရေးအကြီးဆုံးကတော့ ပွဲကိုဟအနိုင် ရဖို့ပဲ ဖြစ်ပြီး ဘယ်သူပဲ ဂိုးသွင်းသွင်း အိုကေပါတယ်။ကြီးကျယ်ခန်းနားတဲ့ ခံစားချက်ကောင်းတွေလည်းဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ ဟာလုပ်ချင်တာ အကုန်လုံးကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။

ရွှန်ကို ဟာ ၂၀၁၁ ခုနှစ်မှာ အက်စတာနာ အသင်းကို စတင်ရောက်လာခဲ့တာဖြစ်ပြီး အခုထိပြိုင်ပွဲစုံ မှာ ၂၄၄ ပွဲအထိ ပါဝင် ကစားပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။အက်စ်တာနာအသင်းဟာ ကာဇက်စတန်နိုင်ငံမှာတော့ အကောင်းဆုံးအသင်းတသင်းဖြစ်ပြီးပရီးမီးယားလိဂ်ဖလားကို ၆နှစ်ဆက် ဗိုလ်စွဲထားတဲ့ အသင်းဖြစ်ပါတယ်။