ကြားရက်က ဥရောပ ပွဲစဉ်တွေ ပြီးဆုံးပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ကတော့ ရောက်လာ ခဲ့ပါပြီ။ ဒီတစ်ပတ် မှာ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲတော့ မပါပေမယ့် ပရီးမီးယားလိဂ် ရဲ့ ထုံးစံ အတိုင်း ပွဲတွေဟာ အကြိတ်အနယ် ဖြစ်နေ အုံးမှာပါ။ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အို၀င်ဟာ ဒီတစ်ပတ် ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်း သုံးသပ်ချက် တွေကို ယခုလိုပဲ ချပြ သွားခဲ့ပါတယ်။

၁~ နယူးကာဆယ် Vs မန်စီးတီး
ပြီးခဲ့တဲ့ တနင်္လာနေ့က ဗီလာပက်မှာ နယူးကာဆယ် ကို ကျွန်တော် စိတ်ပျက် ခဲ့ပါတယ်။ သူတို့ရဲ့ တိုက်စစ် ကစားသမား တွေဟာ လက်ရှိမှာ ဂိုးသွင်းခွင့်တွေ ဖန်တီး နိုင်ဖို့ အတွက် ရုန်းကန် နေရပါတယ်။ စတိဘရု့ရဲ့ အသင်း အနေနဲ့ စနေနေ့ အစောပိုင်း ချန်ပီယံမန်စီးတီး တို့ လာရောက် ကစားတဲ့ အခါ အကောင်းဆုံး ပုံစံမှာ ရှိနေဖို့ လိုအပ် ပါတယ်။

အမှန်ပါပဲ။ the Magpies တို့ဟာ ပြီးခဲ့တဲ့ ရာသီ စိန့်ဂျိမ်းပက် မှာတုန်းက မန်စီးတီးကို နောက်ကနေ လိုက်ကစားကာ ၂-၁ နဲ့ နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် နိုင်ပွဲရရင် ထိပ်ဆုံးက လီဗာပူး ကို ၆ မှတ် အကွာနဲ့ ဖိအား ပေးလိုက်နိုင်မယ့် အခွင့်အရေးကို ပက်ဂွာဒီယိုလာ ရဲ့ အသင်း အဆုံးရှုံး မခံဘူးလို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – နယူးကာဆယ် ၀ – ၂ မန်စီးတီး

၂~ ချဲလ်ဆီး Vs ၀က်ဟမ်း
၀က်ဟမ်းဟာ နောက်ဆုံး ၂၁ မှတ်မှာ ၂ မှတ်သာ ရယူ ထားနိုင်ခဲ့ပြီး မန်နူရယ်ပယ်လီဂရီနီ ရဲ့ အသင်း အနေနဲ့ စတန်းဖို့ဘရစ်ချ် ရဲ့ လန်ဒန်ဒါဘီမှာ တစ်စုံတစ်ရာ ရယူ နိုင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော် အံ့သြ မိမှာပါ။ လမ်းပတ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က အတော်ကြည့်ကောင်း ခဲ့တဲ့ ပွဲမှာ မန်စီးတီးကို ကပ်ပြီး ရှံုးခဲ့ ပါတယ်။

ကျွန်တော် ကတော့ The Blues တို့ဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၃ ပွဲမှာ တစ်ပွဲကို ၃ ဂိုး ပေးထား ရတဲ့ ၀က်ဟမ်း နဲ့ပွဲမှာ ပြန်လည် ရုန်းထွက် နိုင်လိမ့်မယ််လို့ မျှော်လင့် ထားပါတယ်။ ချဲလ်ဆီးဟာ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်မှာ ဗလင်စီယာ နဲ့ အကြိတ်အနယ် ကစားကာ သရေကျ ခဲ့ပြီး မက်တဲလားမှာ ဒဏ်ရာ ရခဲ့တဲ့ အေဗရာဟမ် ရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့် မိပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – ချဲလ်ဆီး ၃ – ၁ ၀က်ဟမ်း

၃~ လီဗာပူး Vs ဘရိုက်တန်
လီဗာပူးဟာ ပဲလေ့စ်ကို အနိုင်ယူ ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၁၃ ပွဲမှာ ၁၂ ပွဲထိ နိုင်ကာ ဇယားထိပ် ကနေ ပြေးနေပြီး နောက်ဆုံး လိဂ် ပွဲစဉ် ၃၀ ကို ရှံုးပွဲ မရှိအောင် ကစားထား တာကို ကြည့်မယ် ဆိုရင် ဥရောပ ချန်ပီယံဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ဘယ်လောက်တောင် ခြေစွမ်း တည်ငြိမ် ကောင်းမွန် နေသလဲ ဆိုတာ ကောင်းကောင်း မြင်နိုင် ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပုံစံကောင်း ပြသနေတဲ့ လက်စတာ ကို ယှဉ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက် တစ်ကြိမ်မှ မတည့် ခဲ့ပါဘူး။ လီဗာပူး အတွက် အနိုင် ၃ မှတ်က လွဲပြီး ဘာမှ မမြင်မိ ပါဘူး။

အို၀င်ရဲ့ ခန့်မှန်းချက် – လီဗာပူး ၃ – ၀ ဘရိုက်တန်

၄~ တော့တင်ဟမ် Vs ဘုန်းမောက်
စပါးဟာ ကြားရက် အိုလံပီယာကော့စ် အသင်း နဲ့ ပွဲမှာ ၂ ဂိုး အရှံုးကနေ ၄ ဂိုးသွင်းကာ ပြန်လာ နိုင်ခဲ့ပြီး နည်းပြသစ် ဟိုဆေး မော်ရင်ညို ရဲ့ လက်အောက်မှာ ၂ ပွဲကစား ၂ ပွဲစလုံး အနိုင် ရထား ခဲ့ပြီး သွင်းဂိုး ကလည်း ရ ဂိုး ရှိထား ခဲ့ပါတယ်။ လာမည့် စနေနေ့ ဘုန်းမောက် တို့ တော့တင်ဟမ်ဟော့စပါး ကွင်းကို လာရောက် ကစားတဲ့ အခါ သွင်းဂိုး တွေကို ထပ်ပြီး မြင်တွေ့ ရအုံးမယ်လို့ ကျွန်တော် ယူဆ ထားပါတယ်။

The Cherries တို့ဟာ နောက်ဆုံး ကစား ထားတဲ့ လိဂ်ပွဲစဉ် ၂ ပွဲစလုံးကို ရှံုးနိမ့် ထားခဲ့ပြီး ဒီရာသီ အက်ဒီဟောင်း အသင်းရဲ့ သွင်းဂိုး ၁၆ ဂိုးမှာ ၅၀% ဟာ set-pieces တွေကနေ ရခဲ့တာကို အံ့အားသင့်ဖွယ် တွေ့ခဲ့ ရပြီး ဒီအချက်အလက် ထဲမှာ ပင်နယ်တီ ဂိုးတွေတော့ မပါပါဘူး။ စပါးအသင်းဟာ ပြီးခဲ့တဲ့ ၀က်ဟမ်း ၊ အိုလံပီယာကော့စ် တို့နဲ့ ပွဲစဉ် တွေမှာ set-pieces တွေကနေ ဂိုးတွေ ပေးထား ခဲ့ရတာကို တွေ့ခဲ့ ရပါတယ်။ ဒါဟာ ဘုန်းမောက် အသင်းနဲ့ မကစားမီ ဟိုဆေးမော်ရင်ညို ပြင်ဆင် သွားဖို့ ရှိနေတဲ့ အရာ ဖြစ်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – စပါး ၃ – ၁ ဘုန်းမောက်

၅~ နော့ဝှစ် Vs အာဆင်နယ်
နော့ဝှစ် အသင်းဟာ စနေနေ့က ဂွတ်ဒီဆင်ပက်မှာ ထိုက်တန်စွာ အနိုင် ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ကာရိုးရုတ်မှာ အကောင်းဆုံး တိုက်စစ် စွမ်းရည်ကို ပြသကာ လန်ဒန်ကို အနိုင် ၃ မှတ် ယူသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က အမ်းမရိတ်မှာ ဆောက်သမ်တန် ဆီကနေ ကံကောင်းစွာနဲ့ သရေ ရခဲ့တာ ဖြစ်ပါတယ်။ ဂန်းနား တို့ဟာ နောက်ဆုံး လိဂ်ပွဲစဉ် ၅ ပွဲစလုံးမှာ နိုင်ပွဲလည်း ပျောက်နေ ခဲ့ပါတယ်။

ဒီလို ရလဒ်ဆိုး တွေကြောင့် အူနိုင်းအမ်မရီရဲ့ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာကို ရောက်သွား ခဲ့ပြီး အာဆင်နယ်ဟာ ရာသီအဖွင့်ပွဲစဉ် တုန်းက စိန့်ဂျိမ်းပက်မှာ အနိုင် ရခဲ့ပြီး နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ အဝေးကွင်း နိုင်ပွဲ ပျောက်နေ ခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ်က မာဆေးဆိုက်မှာ နိုင်ထား ခဲ့တာကြောင့် ယုံကြည်မှု ပြန်လည် မြင့်တက် နိုင်မယ့် နော့ဝှစ် နဲ့ ပွဲမှာ ခြေစွမ်းတည်ငြိမ်မှု ၊ ခံစစ် စွမ်းရည် အပြင် အရည်အသွေးကိုပါ ပြသ နိုင်ဖို့ လိုအပ်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – နော့ဝှစ် ၂ – ၄ အာဆင်နယ်

၆~ မန်ယူနိုက်တက် Vs အက်စတွန်ဗီလာ
အက်စတွန်ဗီလာဟာ တနင်္လာနေ့က ဗီလာပက်မှာ နယူးကာဆယ် ကို သက်တောင့်သက်သာ နဲ့ ၂-၀ နဲ့ နိုင်ခဲ့ပြီး ဒဏ်ရာကနေ ပြန်လာ ခဲ့တဲ့ ဂျက်ဂရီလစ်ချ် ကလည်း သူဟာ ဒင်းစမစ်ရဲ့ အသင်း အတွက် ဘယ်လောက် လွှမ်းမိုးမှှု ကြီးမားသလဲ ဆိုတာ ပြသခဲ့ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ ဖျော်ဖြေမှု အပြည့် ပေးနိုင်မယ့် ပွဲမှာ မန်ယူနိုက်တက်ပဲ အိုးထရပ်ဖို့ဒ် မှာ အနိုင် ၃ မှတ် ရသွားမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

ယူနိုက်တက်ဟာ အက်စ်တာနာ နဲ့ ပွဲမတိုင်မီ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲကို ၃ ဂိုးစီ သွင်းယူ ထားခဲ့ပြီး အိုလီဂန်နာဆိုးရှား အသင်းရဲ့ တိုက်စစ်ဟာ နယူးကာဆယ် နဲ့ ပွဲမှာ သိပ်ပြီး အလုပ်မရှုပ် ခဲ့တဲ့ ဗီလာ ရဲ့ နောက်တန်း လေးဦးကို အတော့်ကို ပြသနာ ပေးနိုင်ပါလိမ့်မယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – မန်ယူနိုက်တက် ၂ – ၁ အက်စတွန်ဗီလာ

အခြား ပွဲစဉ်တွေ အတွက် အို၀င်ရဲ့ ခန့်မှန်းချက် ကတော့

ဘန်လေ ၂ – ၁ ခရစ်စတယ်ပဲလေ့စ်
ဆောက်သမ်တန် ၂ – ၀ ၀က်ဖို့ဒ်
၀ုဖ် ၁ – ၀ ရှက်ဖီးယူနိုက်တက်
လက်စတာ ၃ – ၁ အဲဗာတန်

SM