မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ယူရို ပါလိဂ် အုပ်စု ပွဲစဉ် 5 အဖြစ် အက်စတာနာ အသင်းကို အဝေးကွင်း မှာ ရင်ဆိုင် ခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက လူငယ် ကစားသမား အတော် များများ ကို နေရာ ပေး ကစား စေခဲ့ ပါတယ် ။

အဆိုပါ ကစားသမား အများစု ထဲမှ ယူနိုက်တက် ပရိသတ် တွေရဲ့ ချစ်ခင်မုှ ကို သိမ်းပိုက် သွားနိုင် ခဲ့သူ ကတော့ ညာ ခံစစ် ကစားသမား လေး အီသန် လဲ့ယာဒ် ပဲ ဖြစ်ခဲ့ ပါတယ် ။ သူဟာ အဆိုပါ ပွဲစဉ် အတွင်း တောင်ပံ တစ်လျောက် မှာ အတက် အဆင်း မှန်မှန် နဲ့ ခြေစွမ်း ကောင်းပြ ကစား သွားနိုင် ခဲ့ ပါတယ် ။

အထူးသဖြင့် အဆိုပါ ပွဲစဉ်မှာ လဲ့ယာဒ် ဟာ တစ်ဦးချင်း ဘောလုံး ယှဉ်လုမှု 11 ကြိမ်ထိ ပြုလုပ် သွားနိုင် ခဲ့ကာ ဘောလုံး ရှင်းထုတ် မှု 2 ကြိမ် ၊ ပြိုင်ဖက်ကို လိန်ခေါက် ကျော်ဖြတ်မှု လေးကြိမ် 4 ကြိမ် ၊ ထိပ်တိုက် ယှဉ်လုမှု 2 ကြိမ် ၊ အမြင့်ဘော ဦးယူ နိုင်မှု 1 ကြိမ် ၊ ခံစစ်မှာ ပိတ်ဆို့ ဟန့်တားမှု 3 ကြိမ် တို့ကို ပြုလုပ် နိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒါဟာ အသင်း တစ်သင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ပါဝင် ကစား ပေးတဲ့ ကစားသမား တစ်ဦး အတွက် ကောင်းမွန် လှတဲ့ မှတ်တမ်း တစ်ခု ပါပဲ ။ ဒါ့ကြောင့်လည်း ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း အိုဝင် ဟားဂရေ့ဗ် အပါအဝင် လူမှု ကွန်ယက် ပေါ်က ပရိသတ် တွေကပါ သူ့ကို နှစ်ခြိုက် ခဲ့ကြ တာပဲ ဖြစ်ပါတယ် ။

အခုတော့ ပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ စီနီယာ အသင်း အတွက် ပထမဆုံး ပွဲထွက် ခွင့် ရရှိ ခဲ့ခြင်း က တစ်ကယ့် ကို ကြည်နူး စရာ ကောင်းလှ ကြောင်း အသက် 18 နှစ် အရွယ် ခံစစ် ကစားသမား လေး လဲ့ယာဒ် က သူ့ရဲ့ ခံစားချက် တွေကို ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ကစား ရ တော့မယ် လို့ ကြားလိုက် ရတဲ့ အချိန် နားထဲ မှာ လူတွေ အများကြီး စကား ပြောနေ ကြ သလို အသံ တွေ အဆက် မပြတ် ကြားနေ ခဲ့ရ ပါတယ် ။ ဒါဟာ စိတ် မကျေနပ် စရာ ရလဒ် ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ အဲ့တာ ကနေ လေ့လာ သင်ယူ မှုတွေ ပြုလုပ် နိုင်ခဲ့ ကြ ပါတယ် ”

” အကယ်လို့ ခင်ဗျား ဟာ ဂျက်စီ ( လင်ဂတ် ) လို စီနီယာ တစ်ဦး ရဲ့ နှစ်သက်မှု တွေကို ရရှိ နေပြီ ဆိုရင် အဲ့တာ က ယုံကြည် မှု တွေကို တိုးပွား စေပါတယ် ။ ကျွန်တော် ဟာ ကွင်းထဲမှာ ယုံကြည် မှုတွေ အပြည့် ရှိနေခဲ့ ပါတယ် ” လို့ လဲ့ယာဒ် က အသင်း ခေါင်းဆောင် ဖြစ်သူမှ သူ့ အပေါ် အကူအညီ ဖြစ်စေ ခဲ့တဲ့ အကြောင်း ကိုပါ ထည့်သွင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ဆိုးလ်ရှား ဟာ လဲ့ယာဒ် အပါအဝင် ဘားနက်ဒ် ၊ လီဗစ် တို့ကို ပါ ပွဲထွက် ကစား ခွင့် ပေးသွား ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီပွဲ က အရှံုး ဖြစ်စေ မယ့် own goal ကို သွင်းယူ ခဲ့တဲ့ ဘားနက်ဒ် အတွက် စိတ်ပျက်ဖွယ် အမှတ်တရ ဖြစ်သွား စေခဲ့ ပါတယ် ။

ဒါပေမယ့် လဲ့ယာဒ် ကတော့ ဒါဟာ သူ့ရဲ့ အသင်းဖော် ဖြစ်သူ အပေါ် ဘယ်လို မှ သက်ရောက် စေမှာ မဟုတ် တဲ့ အကြောင်း ၊ သူတို့ အားလုံး က ဆိုးလ်ရှား ဆီက အခွင့်အရေး ရရှိ ခဲ့မှု နဲ့ လေ့လာ သင်ယူ မုှတွေ ပြုလုပ် ခဲ့တဲ့ အကြောင်း ကိုပဲ တွေးတော နေ ကြမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော် တို့ ဒီပွဲ ကနေ သင်ယူမှု တွေကို ပြုလုပ် နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ အခုလို ကစား ဖို့ အခွင့် အရေး ရရှိ ခဲ့တာ ကိုက ခမ်းနား လှ ပါပြီ ” လို့ လဲ့ယာဒ် က ရလဒ် ရဲ့ သက်ရောက် မှုကို ခံစား နေမှာ မဟုတ်ကြောင်း အပေါင်း လက္ခဏာ ဆောင်တဲ့ စကား ကို ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar