ထိန်းချုပ် မရတဲ့ အကျင့် တခု အကြောင်း ပြောပြ သွားတဲ့ #ဆာရီ

ဂျူဗင်တပ် အသင်း ဟာ မကြာသေးခင် ကမှ ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ကို ၄င်းတို့ရဲ့ မန်နေဂျာ သစ် အဖြစ် ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။ ဆာရီ အတွက် ဂျူဗင်တပ် အသင်း ဟာ ချယ်လ်ဆီး အသင်း ကို စာချုပ်ပါ လျော်ကြေး ပေါင် ၆သန်း ဝန်ကျင် ပေးချေ ခဲ့ရကြောင်း သိရပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဆာရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ချယ်လ်ဆီး အသင်း ကို ၃နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ လာတာ ဖြစ်တဲ့ အတွက် ဂျူဗင်တပ် အသင်း ဟာ လက်ကျန် စာချုပ် ပါ လျော်ကြေး အတိုင်း ပေးချေ ပြီး ဆာရီ ကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ ဆာရီ ဟာ ဂျူဗင်တပ် အသင်း ရဲ့ ဦးစားပေး ပစ်မှတ် မဟုတ်ခဲ့ပဲ ဆာရီ မတိုင်မီ က ၄င်းတို့ဟာ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ နဲ့ တော့တင်ဟမ် နည်းပြ မော်ရစ်စီယို ပိုချက်တီနို တို့ကို ခေါ်ယူဖို့ ချဉ်းကပ် ခဲ့ပါသေးတယ် ။

ဒါပေမယ့် အောင်မြင်မှု မရတဲ့ အဆုံး မှာ ချယ်လ်ဆီး အသင်း မှာ ပျော်ရွှင် နေခြင်း မရှိတဲ့ ဆာရီ ကို လွယ်လင့်တကူ ၊ ညှိနှိုင်းစရာ သိပ်မလိုပဲ အရခေါ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဆာရီ ဟာ အခုလို ဂျူဗင်တပ် အသင်း ကို ၄င်းရဲ့ အသင်းဟောင်း နာပိုလီ ပရိသတ် တွေရဲ့ မုန်းတီးခြင်း ကို ခံရမှာ သိလျက်သားနဲ့ ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ် ။

ဆာရီ
Chelsea’s Italian head coach Maurizio Sarri attends a training session at Chelsea Training Ground, in Cobham, Surrey on May 22, 2019, ahead of their Europa League final football match against Arsenal on May 29. (Photo by Ben STANSALL / AFP)

ဆာရီ ဟာ နာပိုလီ အသင်း ကို ၃ရာသီ ကြာ ကိုင်တွယ်ပြီး တိုက်စစ်ဆန်ဆန် ကစားဟန် ကြောင့် လူသိ များလာခဲ့တာ ဖြစ်ပါတယ် ။ နာပိုလီ ပရိသတ် တွေဟာလည်း ၄င်းတို့ရဲ့ အသင်း ကစားပုံ နဲ့ ကလပ် အဆင့်အတန်း ကို ပြန်ပြီး မြှင့်တင် ပေးတဲ့ ဆာရီ အပေါ် သံယောဇဉ် ထားကြ ပေမယ့် ခါးသီး တဲ့ ပြိုင်ဖက် ဂျူဗင်တပ် အသင်း ကို ပြောင်းရွှေ့ သွားရာမှာတော့ ဆာရီ အပေါ် အတော် မုန်းတီး သွားကြပြီ ဖြစ်ပါတယ် ။

ဆာရီ ဟာ မကြာသေးခင် ကမှ ၄င်းရဲ့ ဂျူဗင်တပ် နည်းပြ ဘဝ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ကို ပြုလုပ် ခဲ့သလို ထို သတင်းစာ ရှင်းလင်းပွဲ မှာ ဂျူဗင်တပ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချရတာ သူ့ အတွက် မခက်ခဲကြောင်း နဲ့ ဂျူဗီ မှ စူပါစတား တွေကို ကိုင်တွယ် ရတော့မှာ ဖြစ်လို့ ရင်ခုန် စိတ်လှုပ်ရှား နေကြောင်း ဆိုခဲ့ပါတယ် ။

လောလောဆယ် မှာတော့ ဆာရီ ဟာ Ascoli-Piceno ဆိုတဲ့ နေရာလေး မှာ ၄င်းရဲ့ အားလပ်ရက် တွေကို ကျော်ဖြတ် လျက်ရှိ နေကြောင်း သိရပါတယ် ။ မနေ့က သတင်းထောက် တွေနဲ့ တွေ့ဆုံ တဲ့ အင်တာဗျူး တခုမှာတော့ သူ့မှာ ဘယ်လိုမှ ဖျောက်ဖျက်မရ တဲ့ အမူအကျင့် တခု ရှိနေပြီး အဲ့ဒီ အမူအကျင့် ကတော့ တနေ့ကို ဆေးလိပ် အလိပ် ၆၀ လောက် အထိ စွဲစွဲမြဲမြဲ သောက်တတ်တဲ့ အကျင့် ဖြစ်ကြောင်း ဖွင့်ဟ ဆိုလာခဲ့ပါတယ် ။

Empoli’s coach Maurizio Sarri smokes a cigarette before the Italian Serie A football match Juventus Vs Empoli on April 4, 2015 at the “Juventus Stadium” in Turin. AFP PHOTO / MARCO BERTORELLO (Photo by MARCO BERTORELLO / AFP)

ဆာရီ က ” ကျွန်တော် ဟာ တရက် ကို ဆေးလိပ် အလိပ် ၆၀ လောက် ဖွာတတ်ပါတယ် ။ ဒါဟာ အရမ်း များတဲ့ ပမာဏ ဖြစ်သလို ကျန်းမားရေး အတွက်လည်း အရမ်း ဆိုးကျိုး ဖြစ်စေတာ ကျွန်တော် လည်း သိပါတယ် ။ ကျွန်တော် ဟာ ပုံမှန် အားဖြင့် ပွဲကစားတဲ့ အချိန် အတွင်း မှာတော့ ဆေးလိပ် မသောက်တတ် သလို ၊ ဆေးလိပ် သောက်ချင်စိတ်လည်း မဖြစ်မိပါဘူး ။ ဒါပေမယ့် နေ့စဉ် တော့ ဆေးလိပ် သောက်တာ က ကျွန်တော့ အတွက် မရှိမဖြစ် လိုအပ် လာပါတယ် ။ ”

” ကျွန်တော့ မှာ အတော် ခံရခက်တဲ့ ခါးနာ တဲ့ ဒဏ် ကို ရက်သတ္တပတ် အတော်ကြာ ခံစား ခဲ့ရပါတယ် ။ ဒါပေမယ့် အခု အချိန် မှာတော့ အဲ့ဒီ ဒဏ်ကနေ အတော် သက်သာ သွားခဲ့ပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆာရီ ဟာ ဆေးလိပ် ကို အရမ်း စွဲစွဲမြဲမြဲ သောက်တတ်သူ ဖြစ်တဲ့ အတွက် အင်္ဂလန် ပရီးမီးယားလိဂ် နဲ့ ချယ်လ်ဆီး အသင်း မှာ သူ့ အတွက် ပွဲချိန် အတွင်း ဆေးလိပ် သောက်ခွင့် မရှိတာတော့ အတော် ကို ခံရခက်တဲ့ အနေအထား တခု အဖြစ် ရှိနေခဲ့ဖူးပါတယ် ။

SPORTS MYANMAR