မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်တဲ့ ဂယ်ရီ နဗီးလ် က လက်ရှိ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား လေးတွေ ဖြစ်ကြတဲ့ အန်သိုနီ မာရှယ် ၊ ဒန်နီယယ် ဂျိမ်းစ် ၊ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ မာဆွန် ဂရင်းဝုဒ် တို့ကို စီနီယာ ကစားသမား ဟောင်းတွေ ဖြစ်ကြတဲ့ စီ ရော်နယ်ဒို ၊ ဝိန်း ရွန်းနီ တို့လို အမြင့် တက်လှမ်း နိုင်ဖို့ ၊ သူတို့ ကို အတုယူ ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ဘရာမော လိန်းမှာ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ တစ်ဖက် သုံးဂိုးစီ သရေ ရဘဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် တုန်းက ဂယ်ရီ နဗီးလ် ဟာ အသင်းဟောင်း ရဲ့ တိုက်စစ် ကစားသမား သုံးဦး တို့ရဲ့ စွမ်းဆောင်ရည် တွေ အပေါ် စိတ်ပျက် လက်ပျက် ဖြစ်ခဲ့ ပါ သေးတယ် ။ အထူးသဖြင့် ပွဲချိန် မိနစ် 70 မတိုင်မီ တိုက်စစ် ကစားသမား တွေရဲ့ ခြေစွမ်း အပေါ် ဂယ်ရီ နဗီးလ် က အားမလို အားမရ ဖြစ်နေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဂယ်ရီ နဗီးလ်က အသင်း ဆီကို ရောက်ရှိ လာ ခဲ့တဲ့ နောက် ရုတ်ချည်း ဆိုသလို အချိန်တို အတွင်း ခြေစွမ်း တွေ ထူးခြား ကောင်းမွန် လာခဲ့ ကြတဲ့ ၊ အသင်း ရဲ့ အဓိက ကစားသမား တွေ ဖြစ်လာ ခဲ့ ကြတဲ့ ရော်နယ်ဒို နဲ့ ဝိန်း ရွန်းနီ တို့ကို စံပြ တွေ အဖြစ် အတုယူ ကြိုးစား အားထုတ် ဖို့ လိုအပ် နေပြီ ဖြစ်ကြောင်း လက်ရှိ အသင်းသား တွေကို တိုက်တွန်း သွားခဲ့ လိုက်တာ ပဲ ဖြစ်ပါတယ် ။

” ယူနိုက်တက် ဟာ တစ်ကယ့် ကို ကောင်းမွန် လာ နိုင်မယ့် ကစားသမား အချို့ ကို ပိုင်ဆိုင် ထား ပါတယ် ။ အန်သိုနီ မာရှယ် ၊ မားကပ်စ် ရပ်ရှ်ဖို့ ၊ မာဆွန် ဂရင်းဝုဒ် နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ပေါ့ ။ သူတို့ တွေဟာ လက်ရှိ အချိန် မှာ အနာဂတ် အတွက် တစ်ကယ့် ကို အလား အလာ ကောင်းမယ့် ၊ ထူးခြား ကောင်းမွန် သူတွေ ဖြစ်လာ နိုင်မယ့် အနေ အထား တွေကို ပိုင်ဆိုင် ထားခဲ့ ကြ ပါတယ် ”

” သူတို့ အနေ နဲ့ စီ ရော်နယ်ဒို နဲ့ ဝိန်း တို့လို အမြင့် ခုန်တက် နိုင်စွမ်း ရှိဖို့ လိုအပ် ပါ့မယ် ။ ရော်နယ်ဒို နဲ့ နာနီ တို့ အဲ့တာ တွေကို လုပ်နိုင် ခဲ့ ကြတာ ကို ကျွန်တော် မြင်တွေ့ ခဲ့ဖူး ပါတယ် ။ အဲ့ဒီ ထဲမှာ ဝိန်းဟာ အကောင်းဆုံး ဆိုတဲ့ အနေအထား မှာ မရှိ ခဲ့ ပါဘူး ။ ဒါပေမယ့် သူတို့ အားလုံး ဟာ အသင်း မှာ တစ်ကယ့် ကို ထူးထူးခြားခြား တိုးတက် ကောင်းမွန် လာခဲ့ ကြ ပါတယ် ”

” လက်ရှိ ကစားသမား တွေလည်း ငယ်ရွယ် ကြပါ သေးတယ် ။ ဒါပေမယ့် ရှက်ဖီး အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ကြတဲ့ ပွဲစဉ် အတွင်း သူတို့ တွေက ကျွန်တော့် ကို မိနစ် 70 အတွက် အရမ်း ပဲ စိတ်ပျက် စေခဲ့ ကြ ပါတယ် ။ သူတို့ တွေ ဖက်က ကစား ပုံ မကောင်းတဲ့ အခါ ကျရင် ဒီ အသင်း အတွက် သူတို့ တွေ ကစား ပေး ကြဖို့ ထိုက်တန်မှု မှ ရှိကြ ရဲ့လား ဆိုတဲ့ အတွေး တွေကို ဖြစ်စေ ခဲ့ကြ ပါတယ် ”

” သူတို့ ခြေစွမ်း မပြနိုင် ခြင်းက ကျွန်တော့် အတွက် တော့ ပြသနာ မရှိ ပါဘူး ။ ဒါပေမယ့် ခြေစွမ်း မကောင်းတဲ့ အချိန် မှာတောင် သူတို့ တစ်စုံတခု လုပ်ပြ နိုင်သင့် ပါတယ် ။ သူတို့ ဒီပွဲမှာ ပြိုင်ဖက် ခံစစ် ကိုတောင် သိပ်ပြီး ဒုက္ခ မပေးနုုိင် ခဲ့ကြ ဘူးလေ ။ သူတို့ တွေရဲ့ ကစားပုံ ကို ကြည့်ပြီး တစ်ကယ် ပဲ ဝမ်းနည်း ခဲ့ရ ပါတယ် ။ သူတို့ ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု တွေက ဘယ် နေရာ မှ မကောင်းမွန် ခဲ့ ပါဘူး ”

” ဒါဟာ ဆိုးလ်ရှား နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အတွက် ဒီ တိုက်စစ် ကစားသမား တွေကို ဆက်ပြီး လမ်းကြောင်း တည့်ပေး ရဦးမယ် ဆိုတာ ပြသ ခဲ့ခြင်း ပါပဲ ။ နည်းပြ တစ်ဦး အတွက် တော့ ‘ ဒါဟာ လုံးဝ မဖြစ် သင့်ဘူး ၊ ဒါကို ကြည့်ဦး ၊ ဒီ နေရာ မှာ မင်းတို့ တွေ ကစား ပုံက တစ်ကယ် ကောင်း ခဲ့တယ် ‘ လို့ ပြောဆို ရတာ လောက် ပိုကောင်းတဲ့ ခံစားချက် ဆိုတာ မရှိ ပါဘူး ။ နောက်ဆုံး 15 မိနစ် မှာတော့ မဖြစ် သင့်တာ တွေ ဖြစ်ခဲ့ ရတယ်လေ ”

” ဒီလို အနေအထား မှာ လုပ်ဆောင် ရမှာ က အမှား တွေနဲ့ ပတ်သက် လို့ သင်ကြား ပေးခြင်း နဲ့ နည်းပြ ပေးခြင်း တွေ ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေက ငယ်ရွယ် ပြီး တက်သိ သင့်တာ လေးတွေ ရှိနေ ကြ သေးတယ် လေ ။ ဒါပေမယ့် အဲ့ဒီ ပွဲကို ကြည့်တဲ့ အခါ ပထမဆုံး မိနစ် 70 က ဖြန့်ဝေမှု ပိုင်း ဆိုင်ရာ တွေမှာ အသင်း အတွက် လုံလောက်စွာ မကောင်းမွန် ကြ သေးဘူး ဆိုတာ သိသာ ထင်ရှား ခဲ့ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar