မန်စီးတီး အသင်းရဲ့ အသင်း ခေါင်း ဆောင် ဟောင်းတဦးဖြစ်တဲ့ မော်ရစ်ဆင် လက်ရှိ အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ် ကစားသမား လေး ဂျေးဆု ဟာကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲ က ဦးဖြစ်လာနိုင်တယ် လို့ သုံးသပ် ပြောဆို လိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ဂျေးဆု ဟာ ၂၀၁၇ ခုနှစ်မှာ ပါးမီးရက်စ် အသင်းကနေပေါင် ၂၇သန်းနဲ့ ပြောင်း ရွှေ့လာ ခဲ့တာဖြစ်ပြီး အီတီဟတ် မြေမှာ အံ့မခန်း ခြေစွမ်းကောင်း ကို ပြသနေ ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လည်း အာဂျင်တီးနားသားကြီး အဂွေရို ရဲ့ ခြေစွမ်းကောင်းတွေကြောင့် အခုထိအရံကစားသ မားအဖြစ်သာရှိနေသေးတာဖြစ်ပါတယ်။

ဂျေးဆု ဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ၁၀ ပွဲအထိ ပါဝင် ကစားခွင့် ရရှိ ထားပြီး သွင်းဂိုး ၃ဂိုး နဲ့ ဖန်တီး မှု ၁ ကြိမ်စွမ်းဆောင် ပေးထားနိုင် ခဲ့ပါတယ်။သူဟာ ပွဲစဉ်အများစုမှာ အရံခုံကနေသာ ပါဝင် နေခဲ့ရလို့ မပျော်မရွှင်ဖြစ်မိပေမေယ့် အဂွေရိုဆီကနေ လေ့လာသင့်ယူ မှု တွေ အများကြီးပြုလုပ်နိုင်လို့ ကျေနပ်မိတဲ့ အကြောင်းကို ထုတ်ပြောထားခဲ့ပါသေးတယ်။

ဒါပေမယ့် မန်စီးတီးအသင်းမှာ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ် အတွင်း ကစားခဲ့ဖူးတဲ့ ဗဟို ခံစစ် မှူး တဦးလည်း ဖြစ်၊ အသင်းခေါင်း ဆောင် ဟောင်း တဦး လည်းဖြစ်တဲ့ မော်ရစ်ဆင်ကတော့ ဂျေးဆုသာ သူ့ရဲ့အခုခြေစွမ်းကို ဆက်ထိန်းထားနိုင်ခဲ့ပါက ပွဲရဲ့ အဆင့်အမြင့်ဆုံး ကစားသမားတဦးဖြစ်လာနိုင် ခြေရှိနေတယ်လို့ ဆိုသွားခဲ့ပါတယ်။

Love Sport Radio နဲ့ အင်တာဗျူးမှာ မော်ရစ်ဆင်က – ” ဂျေးဆုဟာ ကမ္ဘာ့အကောင်း ဆုံး ကစားသမား တွေထဲက တဦး ဖြစ်လာနိုင်တယ် လို့ ကျွန်တော်ကတော့ ယူဆထားပါတယ်။သူ့ရဲ့ အသက် အရွယ်ကို ကြည့်လိုက်ပါဦးဗျာ။သူ ဟာ ငယ်ငယ်ရွယ်ရွယ်မှာပဲ ဒီအသင်း ကို ရောက် လာပြီးကတည်းက အလုံး စုံ တိုးတက်မှု တွေရှိထားခဲ့ပြီး ကျွန်တော့်အမြင်မှာတော့သူ ဟာ ကစားသမားကောင်းတဦးမှာ လိုအပ်တာတွေအကုန် ရရှိနေပါတယ်။သူ့ရဲ့ လုပ်အားနှုန်းကလည်း တိုးတက်မှု ရှိထားခဲ့ပါတယ်။

သူဟာ ကြီးကျယ် ခန်းနားတဲ့ သွင်းယူ တတ်တဲ့ တိုက်စစ်မှူး တဦးလို့ တော့ ကျွန်တော် မထင်ပါဘူး။သူဟာအသင်း အတွက် ဂိုးတွေ အများအပြား သွင်းယူ ပေးသူသာ ဖြစ်ပါတယ်။အဲ့ဒီလို ဂိုးတွေကို ဘယ်လို ပုံစံမျိုးနဲ့ ပဲ သွင်းယူ သွင်းယူ အရေးမကြီးပါဘူး။ဘောလုံးကို ထိလိုက်ရုံ နဲ့ ပဲ ဂိုးသွင်းနိုင် ဂိုးသွင်းနိုင်၊ ဂိုးပေါက်နဲ့ အနီးကပ် ကနေပဲ ပိတ်သွင်းသွင်းကိစ္စတော့ မရှိပါဘူး။သူူဟာ အဆုံးသတ် ကောင်းတဲ့ သဘာဝကို ပိုင်ဆိုင်ထားပြီး ပြိုင်ဘက် ဂိုးဧရိယာ အတွင်းမှာ ဆိုရင် အတော်လေး ထက်မြတ်တဲ့ ကစားသမား တဦးဖြစ်ပါတယ်။

သူရဲ့ဂိုးတွေမှာ အဂွေရို သွင်းယူတတ်တဲ့ ပုံစံ မျိုး လို ပြိုင်ဘက် ကစားသမား အများစုကို ကျော်ဖြတ်ပြီး ဂိုးသမား ဘယ်လိုမှ မမီနိုင်တဲ့ အပေါ် ထောင့် ကန်သွင်းယူထား ဖူးတဲ့ ဂိုးမျိုး ကျွန်တော် မမြင်ဖူးသေးပါဘူး။ဒါပေမယ့်လည်း သူက ဂိုးတွေသွင်းယူ နိုင်နေတာဖြစ်ပါတယ်။သူဟာ လျင်မြန်ပြီး၊ ကြံ့ခိုင်သန်မာ သလို တိုက်စစ် မှူး တဦးဆိုတဲ့ သဘာဝကို ပိုင်ဆိုင်ထားပါတယ်။သူ့ဆီမှာ အကုန်လုံးရှိနေတာဖြစ်ပြီး ပွဲတွေ အတွင်း ပြေးလွှား ကစားနေမှု တွေကနေ သူက အခွင့် အရေး ကောင်းကို ရတတ်ပါတယ်။

သူဆီမှာ ဆိုရင် မယုံနိုင်စရာကောင်းတဲ့ မိမိကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်ဓာတ်မျိုး အတွင်းမှာရှိထားပါတယ်။သူဟာ အသင်းမှာ ပါဝင် ခွင့်ရသင့်တယ်၊ ဒီလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ် မှူးဖြစ်သင့်တယ်ဆိုတဲ့ အတွေးမျိုးလည်း ရှိထားပါတယ်။ဒါဟာ သူ့ရဲ့ စရိုက် လက္ခဏာ တွေ နဲ့ ပတ်သက်ပြီး အတော်လေး ကောင်းတဲ့ သက်သေ အထောက် အထားတွေ လည်းဖြစ်ပါတယ်။ အဲ့ဒီ အရာတွေကို အခုချိန် မှာ သက်သေပြ သနိုင်ဖို့ကိုပဲ သူလုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မော်ရစ်ဆင်ဟာ မန်စီးတီး အသင်းမှာ ရှိနေတဲ့ အချိန်သိပ်မကြာခဲ့သလို သူပါဝင် ကစားခွင့်ရခဲ့တဲ့ လိဂ်ပွဲအရေအတွက် ကလည်း အရမ်း များများ မရှိခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ဦးဆောင်မှုနဲ့အတူ မန်စီးတီးအသင်းက ၂နှစ်ဆက် တန်းတက် နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR