ပထမဆံုး ရာသီ မွာ ခ်ယ္လ္ဆီး ကို တန္းမဆင္းေအာင္ ကိုင္တြယ္ႏိုင္ရင္ပဲ လမ္းပတ္ အတြက္ လံုေလာက္ျပီ လို႕ သတင္း တခ်ိဳ႕ ထြက္ေပၚလာ

ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕ရဲ႕ နည္းျပသစ္ အျဖစ္ လက္ရွိ ဒါဘီ အသင္း ရဲ႕ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ကို ခန္႕အပ္ဖို႕ အတြက္ ေဆြးေႏြးလ်က္ ရွိပါတယ္ ။ ဒါဘီ အသင္း ကလည္း ခ်ယ္လ္ဆီး အသင္း နဲ႕ လမ္းပတ္ ကို နည္းျပသစ္ ရာထူး အတြက္ ေဆြးေႏြးဖို႕ မေန႕က ညေန ကပဲ တရားဝင္ ခြင့္ျပဳ ခဲ့ပါတယ္ ။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

ခ်ယ္လ္ဆီး အသင္း ဟာ ပံုမွန္ အားျဖင့္ နည္းျပ မ်ားကို ၄င္းတို႕ စိတ္တိုင္း မက်ရင္ မၾကာခဏ လဲလွယ္ ေလ့ ရွိတဲ့ အသင္း ျဖစ္ပါတယ္ ။ နာမည္ၾကီး နည္းျပ ေတြ ျဖစ္ၾကတဲ့ ဟိုေဆး ေမာ္ရင္ဟုိ ၊ ကာလို အန္ဆယ္ေလာ့တီ ၊ အန္တိုနီယုိ ကြန္တီ အစရွိတဲ့ သူေတြဟာလည္း ခ်ယ္လ္ဆီး အသင္း ရဲ႕ သားေကာင္ ေတြ ျဖစ္ကုန္ ခဲ့ၾကပါတယ္ ။

ပံုမွန္ အားျဖင့္ ခ်ယ္လ္ဆီး အသင္း ဟာ နည္းျပ တေယာက္ ကို သူ႕ရဲ႕ ကစားကြက္ စတိုင္လ္ မွာ အထိုင္က် ေစဖို႕ အတြက္ အခ်ိန္ သိပ္ေပးေလ့ မရွိပဲ ေအာင္ျမင္မႈ ရရွိဖို႕ အတြက္သာ အဓိက ထားေလ့ ရွိပါတယ္ ။ ထို႕ အတြက္ေၾကာင့္ နည္းျပ ေတြဟာ အသင္း ရဲ႕ လူငယ္ အကယ္ဒမီ ကစားသမား ေတြကို ေနရာ ေပးဖို႕ ထက္ အသင့္သံုး ကစားသမား ေတြနဲ႕ အသင္း ေအာင္ျမင္မႈ ရရွိဖို႕ အလြယ္နည္း နဲ႕ တည္ေဆာက္ လာၾကပါတယ္ ။

သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ မရရွိေတာ့ တာေၾကာင့္ အငွားခ် ထားတဲ့ ကစားသမား ေတြ ၊ အကယ္ဒမီ က လူငယ္ ကစားသမား ေတြကို အခြင့္အေရး ေပးဖို႕ လိုအပ္ လာျပီ ျဖစ္ပါတယ္ ။

Lampard

ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ ခ်ယ္လ္ဆီး ကို ကိုင္တြယ္ ခဲ့တဲ့ နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ဟာလည္း ဂ်ဴဗင္တပ္ ကို ေျပာင္းေရႊ႕ သြားျပီ ျဖစ္လို႕ ၄င္းရဲ႕ ေနရာ ကို အစားထိုးဖို႕ အတြက္ လူငယ္ ကစားသမား ေတြ အေၾကာင္း နားလည္ တဲ့ ၊ ေနရာေပး ႏိုင္မယ့္ နည္းျပ တေယာက္ ခန္႕အပ္ဖို႕ လိုေနပါတယ္ ။

ဒါေပမယ့္ ခ်ယ္လ္ဆီး အသင္း ဟာ ယခင္ က အတိုင္း နည္းျပ ေတြ ဆီကေန ေအာင္ျမင္မႈ ၾကီးၾကီးမားမား ေတာင္းဆို လို႕ မရေတာ့တဲ့ အေနအထား ကို ေရာက္ရွိ ေနပါတယ္ ။ အသင္း ရဲ႕ ဂႏၲဝင္ တဦးလည္း ျဖစ္ ၊ လူငယ္ ကစားသမား ေတြနဲ႕ ဒါဘီ အသင္း ကို တည္ေဆာက္ ခဲ့တဲ့ လမ္းပတ္ ဟာ ခ်ယ္လ္ဆီး တို႕ အလိုရွိ ေနတဲ့ နည္းျပ ပံုစံ ျဖစ္ပါတယ္ ။

ယေန႕ ညေနပိုင္း က ထြက္ေပၚ လာတဲ့ သတင္း ေတြ အရ လမ္းပတ္ ဟာ ခ်ယ္လ္ဆီး အသင္း ကို တန္းမဆင္း ေအာင္ ကိုင္တြယ္ရုံ နဲ႕ ပထမ ရာသီ အတြက္ လံုေလာက္မႈ ရွိျပီ လို႕ သိရပါတယ္ ။ ထိုေလာက္ ထိ မေပါ့ရင္ေတာင္မွ ခ်ယ္လ္ဆီး ဘုတ္အဖြဲ႕ ဟာ လမ္းပတ္ အေပၚ အနည္း နဲ႕ အမ်ား စိတ္ရွည္မႈ ရွိဖို႕ လိုေနပါတယ္ ။

လမ္းပတ္

အဓိက ကစားသမား တဦး ျဖစ္တဲ့ ဟာဇတ္ ကိုလည္း ဆံုးရႈံး ထားရတဲ့ အျပင္ ကစားသမားသစ္ ေတြနဲ႕ အစားထိုးခြင့္ မရွိေနတဲ့ အေနအထား ေၾကာင့္ လမ္းပတ္ ကို ခ်ယ္လ္ဆီး တို႕ ဖိအား အမ်ားအျပား မေပးပဲ အခ်ိန္ အတိုင္းအတာ တခု အထိ ေပးကာ အသင္း ကို တည္ေဆာက္ဖို႕ ညႊန္ၾကားဖြယ္ ရွိေနပါတယ္ ။

ဘယ္လိုပဲ ျဖစ္ျဖစ္ လမ္းပတ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ ၃ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႕ အေတာ္ နီးစပ္ ေနျပီ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး ဂိုးသမားေဟာင္း ပီတာခ်က္ ဟာလည္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ ကို နည္းစနစ္ ဒါရိုက္တာ အျဖစ္ ျပန္လာျပီ ျဖစ္လို႕ ဂႏၲဝင္ ေတြရဲ႕ လက္ထဲ က ခ်ယ္လ္ဆီး အသင္း ရဲ႕ အနာဂတ္ ဟာလည္း ဘယ္လို ပံုစံ ရွိလာမလဲ ဆိုတာ ဆက္လက္ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္ ။

SPORTD MYANMAR

Unicode

ပထမဆုံး ရာသီ မှာ ချယ်လ်ဆီး ကို တန်းမဆင်းအောင် ကိုင်တွယ်နိုင်ရင်ပဲ လမ်းပတ် အတွက် လုံလောက်ပြီ လို့ သတင်း တချို့ ထွက်ပေါ်လာ

ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် လက်ရှိ ဒါဘီ အသင်း ရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကို ခန့်အပ်ဖို့ အတွက် ဆွေးနွေးလျက် ရှိပါတယ် ။ ဒါဘီ အသင်း ကလည်း ချယ်လ်ဆီး အသင်း နဲ့ လမ်းပတ် ကို နည်းပြသစ် ရာထူး အတွက် ဆွေးနွေးဖို့ မနေ့က ညနေ ကပဲ တရားဝင် ခွင့်ပြု ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ပုံမှန် အားဖြင့် နည်းပြ များကို ၄င်းတို့ စိတ်တိုင်း မကျရင် မကြာခဏ လဲလှယ် လေ့ ရှိတဲ့ အသင်း ဖြစ်ပါတယ် ။ နာမည်ကြီး နည်းပြ တွေ ဖြစ်ကြတဲ့ ဟိုဆေး မော်ရင်ဟို ၊ ကာလို အန်ဆယ်လော့တီ ၊ အန်တိုနီယို ကွန်တီ အစရှိတဲ့ သူတွေဟာလည်း ချယ်လ်ဆီး အသင်း ရဲ့ သားကောင် တွေ ဖြစ်ကုန် ခဲ့ကြပါတယ် ။

ပုံမှန် အားဖြင့် ချယ်လ်ဆီး အသင်း ဟာ နည်းပြ တယောက် ကို သူ့ရဲ့ ကစားကွက် စတိုင်လ် မှာ အထိုင်ကျ စေဖို့ အတွက် အချိန် သိပ်ပေးလေ့ မရှိပဲ အောင်မြင်မှု ရရှိဖို့ အတွက်သာ အဓိက ထားလေ့ ရှိပါတယ် ။ ထို့ အတွက်ကြောင့် နည်းပြ တွေဟာ အသင်း ရဲ့ လူငယ် အကယ်ဒမီ ကစားသမား တွေကို နေရာ ပေးဖို့ ထက် အသင့်သုံး ကစားသမား တွေနဲ့ အသင်း အောင်မြင်မှု ရရှိဖို့ အလွယ်နည်း နဲ့ တည်ဆောက် လာကြပါတယ် ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရရှိတော့ တာကြောင့် အငှားချ ထားတဲ့ ကစားသမား တွေ ၊ အကယ်ဒမီ က လူငယ် ကစားသမား တွေကို အခွင့်အရေး ပေးဖို့ လိုအပ် လာပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ချယ်လ်ဆီး ကို ကိုင်တွယ် ခဲ့တဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာလည်း ဂျူဗင်တပ် ကို ပြောင်းရွှေ့ သွားပြီ ဖြစ်လို့ ၄င်းရဲ့ နေရာ ကို အစားထိုးဖို့ အတွက် လူငယ် ကစားသမား တွေ အကြောင်း နားလည် တဲ့ ၊ နေရာပေး နိုင်မယ့် နည်းပြ တယောက် ခန့်အပ်ဖို့ လိုနေပါတယ် ။

ဒါပေမယ့် ချယ်လ်ဆီး အသင်း ဟာ ယခင် က အတိုင်း နည်းပြ တွေ ဆီကနေ အောင်မြင်မှု ကြီးကြီးမားမား တောင်းဆို လို့ မရတော့တဲ့ အနေအထား ကို ရောက်ရှိ နေပါတယ် ။ အသင်း ရဲ့ ဂန္တဝင် တဦးလည်း ဖြစ် ၊ လူငယ် ကစားသမား တွေနဲ့ ဒါဘီ အသင်း ကို တည်ဆောက် ခဲ့တဲ့ လမ်းပတ် ဟာ ချယ်လ်ဆီး တို့ အလိုရှိ နေတဲ့ နည်းပြ ပုံစံ ဖြစ်ပါတယ် ။

ယနေ့ ညနေပိုင်း က ထွက်ပေါ် လာတဲ့ သတင်း တွေ အရ လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို တန်းမဆင်း အောင် ကိုင်တွယ်ရုံ နဲ့ ပထမ ရာသီ အတွက် လုံလောက်မှု ရှိပြီ လို့ သိရပါတယ် ။ ထိုလောက် ထိ မပေါ့ရင်တောင်မှ ချယ်လ်ဆီး ဘုတ်အဖွဲ့ ဟာ လမ်းပတ် အပေါ် အနည်း နဲ့ အများ စိတ်ရှည်မှု ရှိဖို့ လိုနေပါတယ် ။

အဓိက ကစားသမား တဦး ဖြစ်တဲ့ ဟာဇတ် ကိုလည်း ဆုံးရှုံး ထားရတဲ့ အပြင် ကစားသမားသစ် တွေနဲ့ အစားထိုးခွင့် မရှိနေတဲ့ အနေအထား ကြောင့် လမ်းပတ် ကို ချယ်လ်ဆီး တို့ ဖိအား အများအပြား မပေးပဲ အချိန် အတိုင်းအတာ တခု အထိ ပေးကာ အသင်း ကို တည်ဆောက်ဖို့ ညွှန်ကြားဖွယ် ရှိနေပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း နဲ့ ၃နှစ် စာချုပ် ချုပ်ဆိုဖို့ အတော် နီးစပ် နေပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ဂိုးသမားဟောင်း ပီတာချက် ဟာလည်း စတမ်းဖို့ဒ် ဘရစ်ချ် ကို နည်းစနစ် ဒါရိုက်တာ အဖြစ် ပြန်လာပြီ ဖြစ်လို့ ဂန္တဝင် တွေရဲ့ လက်ထဲ က ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ဟာလည်း ဘယ်လို ပုံစံ ရှိလာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

SPORTD MYANMAR