နေမာ နဲ့ ဘာစီလိုနာ တို့ အကြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရရှိခဲ့ပြီလို့ ကတ်တလန် သတင်းစာ ဖော်ပြ

လက်ရှိ အပြောင်းအရွှေ့ ရဲ့ အဟော့ဆုံး သတင်းတစ်ပုဒ် ဖြစ်တဲ့ နေမာ နဲ့ ဘာစီလိုနာ တို့ ပြန်ပေါင်းထုတ်မယ့် ဇာတ်လမ်း တစ်ဖြေးဖြေး နဲ့ အရှိန်မြင့်တက် လာနေပါတယ်။ ဒီကနေ့ထုတ် ကတ်တလန် သတင်းစာ တစ်စောင် ဖြစ်တဲ့ Sport မှာတော့ ကစားသမား နဲ့ ကလပ် အသင်းတို့ အကြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ကြိုတင် ရယူထားနိုင်ခဲ့ပြီ လို့ အခိုင်အာ ဆိုထားပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အဲဒီ သဘောတူညီမှု မှာ အဓိက ပါဝင်နေတဲ့ အချက်အလက်တွေ ကတော့ –

1. ဘာစီလိုနာဟာ နေမာ ကို အနည်းဆုံး 5 နှစ် စာချုပ် ချုပ်ဆိုပေးရမှာပါ။ ဒါကြောင့် ကစားသမားဟာ အသက် 32 နှစ် ရောက်တဲ့ အထိ နူးကမ့်မှာ ဆက်ရှိသွားမှာ ဖြစ်ပါတယ် ။

2. သို့သော် အဲဒီ ပမာဏမျိုး ချုပ်ဆိုဖို့ အတွက် ကစားသမား ရဲ့ ဘက်က လစာ ပမာဏကို ယူရို 12 သန်း ကျော် အထိ လျှော့ယူပေး ရမှာပါ။ နေမာဟာ လက်ရှိ ပီအက်စ်ဂျီ မှာ တစ်နှစ် လုပ်ခ ယူရို 36.8 သန်း ရရှိနေတာ ဖြစ်ပြီး ၊ ဘာစီလိုနာ ကို ပြောင်းရွှေ့ လာပါက ယခင်က သူ ရရှိခဲ့တဲ့ လစာ ပမာဏ ယူရို 24 သန်း အတိုင်းသာ ရယူရမှာ ဖြစ်ပါတယ်။

Brazilian football player Neymar (C) speaks to media members as he leaves on crutches from the Women’s Defence Precinct in Sao Paulo, Brazil, on June 13, 2019, after testifying due to Brazilian Najila Trindade filed a complaint against him on May 31, saying he assaulted her after inviting her to visit him in Paris. – Brazilian police said on Thursday they had filed a defamation suit against the woman who has accused football star Neymar of rape, after she insinuated the force was corrupt. (Photo by Nelson Almeida / AFP)

3. နေမာ နဲ့ ဘာစီလိုနာ တို့ အကြား စာချုပ်သစ် ကိစ္စ နဲ့ ပတ်သက်ပြီး ၊ လက်မှတ်ထိုးကြေး အတွက် ဘောနပ် ပေးချေရမယ့် အကြောင်းအရာနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့ တရားရေး ဆိုင်ရာ ကိစ္စရပ်တွေဟာ အခုချိန်ထိ ပြီးဆုံးသွားခြင်း မရှိသေး ပါဘူး။ တကယ်လို့ နေမာဟာ ပီအက်စ်ဂျီ ကနေ ဘာစီလိုနာ ကို ပြန်လည် ပြောင်းရွှေ့လာမယ် ဆိုရင် အဲဒီ အမှုကို အပြီးအပိုင် ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဘာစီလိုနာ ဟာ နေမာ ရဲ့ အပြောင်းအရွှေ့ အတွက် ပီအက်စ်ဂျီ နဲ့ သဘောတူညီမှု ရရှိဖို့ အတွက်သာ ကြိုးစားရတော့မှာ ဖြစ်ပြီး ၊ နာမည်ကြီး အေးဂျင့် တွေ ဖြစ်တဲ့ ဂျော်ရဘ်ချိန် ၊ ဇဟာဗီ တို့က ဦးဆောင် လှုပ်ရှားလျှက် ရှိနေပါတယ်။

neymar

ပီအက်စ်ဂျီ ဘက်ကတော့ ပြောင်းရွှေ့ကြေး ပမာဏ ကို ယူရို သန်း 300 သတ်မှတ် ထားပြီး ၊ ကစားသမား အလိုက်ပေး တဲ့ ပုံစံမျိုး နဲ့လဲ လက်ခံသွားဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ကော်တင်ဟို ရဲ့ အေးဂျင့် ဂျော်ရဘ်ချိန် ကိုယ်တိုင် ဦးဆောင် လှုပ်ရှားနေတာ ကို ကြည့်ရရင် ၊ ဘာစီလိုနာ ဘက်က ကော်တင်ဟို ကို အလိုက်ပေး ကမ်းလှမ်းဖို့ ပစ်မှတ်ထားဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

ကော်တင်ဟို ကိုယ်တိုင် ကလဲ ဘာစီလိုနာ မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ သူ ဖြစ်ပြီး ၊ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာလဲ သူ့ရဲ့ အနာဂတ်ဟာ ဘယ်မှာ ရှိမလဲ ဆိုတာ သူကိုယ်တိုင်တောင် မသိသေးဘူးလို့ ၀န်ခံထားခဲ့တာပါ။

ဘာစီလိုနာ မနေ့ညက ပဲ အရံဂိုးသမား စီလက်ဆန် ကို ဗလင်စီယာ အသင်းဆီ ပြောင်းရွှေ့ခွင့် ပေးခဲ့သလို ၊ ကွင်းလယ် ကစားသမား အန်ဒရီ ဂိုးမက်ဇ် ကိုလဲ အဲဗာတန် အသင်းဆီ ယူရို 25 သန်း နဲ့ အပြီးသတ် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရာဖင်ဟာ ၊ ဒင်းနစ် ဆွာရက် တို့ကိုလဲ မကြာခင်မှာ ဆက်လက် ရောင်းချနိုင်ဖွယ် ရှိနေပါတယ်။

Paris Saint-Germain’s Brazilian forward Neymar is tackled by Strasbourg’s Tunisian midfielder Moataz Zemzemi during the French Cup round of 32 football match between Paris Saint-Germain (PSG) and Strasbourg (RCS) at the Parc des Princes stadium in Paris on January 23, 2019. – Neymar has suffered a fresh injury to his right metatarsal, three weeks ahead of the first leg of PSG’s crunch Champions League clash against Manchester United. (Photo by FRANCK FIFE / AFP)

သူတို့ဟာ အေဂျက် နောက်တန်း ကစားသမား ဒီလစ်ကို လဲ ခေါ်ယူဖို့ မသေချာတော့ တာကြောင့် ၊ နေမာ ရဲ့ အပြောင်းအရွှေ့မှာ ကော်တင်ဟို + ပြောင်းရွှေ့ ပမာဏ များစွာ ထည့်သွင်း အသုံးပြုလာဖွယ် ရှိနေတယ်လို့ သုံးသပ်ရတော့မှာပါ။

မဟာပြိုင်ဘက်ကြီး ရီးရဲ မက်ဒရစ်က ယူရို သန်း 350 ကျော် သုံးစွဲထားချိန်မှာ ၊ ဘာစီလိုနာ ရဲ့ နေမာ ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ခြေလှမ်းကလဲ ဒီနှစ်အကြား အားပြိုင်မှုကို သိသာစွာ မြင်လာခဲ့ရပြီး ၊ လာမယ့်ရာသီမှာ ဘယ်အသင်းက အသာစီး ရရှိမလဲ ဆိုတာတော့ စောင့်ကြည့် သွားရတော့မှာပဲ ဖြစ်ပါတယ်။