သူရဲ့ အနာဂတ်ဟာ ရေရာမှု မရှိတဲ့အကြောင်း ဝန်ခံဖွင့်ဟသွားတဲ့ PSG နဲ့ ယူနိုက်တက် ပစ်မှတ် #ကော်တင်ဟို

ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား ဖြစ်တဲ့ ဖိလစ်ပီ ကော်တင်ဟို က ဒီနွေ အတွင်း အသင်း မှ ထွက်ခွာ နိုင်ဖွယ် ရှိကောင်း ရှိနေ ကြောင်း ဖွင့်ဟ လိုက် ခြင်းဖြင့် သူ့ရဲ့ အပြောင်းအရွှေ့ သတင်း တွေကို တစ်ဖန် ပြန်လည် လှုက်ခတ် လိုက်စေ ခဲ့ ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ကော်တင်ဟို ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဘာစီလိုနာ အသင်း နဲ့ အတူ စိတ်ပျက်ဖွယ် ကောင်းတဲ့ ဘောလုံး ရာသီ တစ်ခု ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း ပရိသတ် တွေရဲ့ လှောင်ပြောင် ခနဲ့ မှု တွေကို လည်း မကြာခန ရရှိ ခဲ့ပါ သေးတယ် ။

ဒါ့ကြောင့် ဘာစီလိုနာ အသင်း ဆီ ပေါင် 142 သန်း နဲ့ ရောက်ရှိ ခဲ့တဲ့ ကွင်းလယ် ဖန်တီးရှင် ဟာ အသင်း ပြောင်းရွှေ့ ဖို့ အရမ်း ကို ရေပန်းစား နေတာ ဖြစ်ပြီး သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ပရီးမီးယား လိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း က သတင်း ကြီးနေ ခဲ့ ပါတယ် ။

ဒါအပြင် အခုတော့ နေမာကို ဆုံးရှုံး ရဖို့ သတင်း ကြီးနေ ခဲ့တဲ့ လီဂူး ဝမ်း ချန်ပီယံ PSG အသင်း ကပါ ဘရာဇီး စတား ကော်တင်ဟို ကို ယူနိုက်တက် နဲ့ အပြိုင် ခေါ်ယူ နိုင်ဖို့ စိတ်အား ထက်သန် နေခဲ့ ပြီလို့ သိရှိ လိုက်ရ ပါတယ် ။

ဖိလစ်​ပီ​ကော်​တင်​ညို
Brazil’s Philippe Coutinho celebrates after scoring against Bolivia during their Copa America football tournament group match at the Cicero Pompeu de Toledo Stadium, also known as Morumbi, in Sao Paulo, Brazil, on June 14, 2019. (Photo by Miguel SCHINCARIOL / AFP)

အခုတော့ ကိုပါ အမေရိက ပြိုင်ပွဲ ယှဉ်ပြိုင် ဖို့ အတွက် ဘရာဇီး မြေကို ရောက်ရှိ နေခဲ့တဲ့ ကော်တင်ဟို က သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

”’ကျွန်တော် ဟာ ဘာစီလိုနာ အသင်း နဲ့ စာချုပ် သက်တမ်း ရှိနှင့် နေသူ ပါ ။ ဒီ အသင်း မှာ အောင်မြင် ဖို့ ဆိုတာ ကျွန်တော့် အတွက် အမြဲတမ်း အိပ်မက် တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ”

” ဒါပေမယ့် အခု တော့ ကျွန်တော် ဒီမှာ ဘရာဇီး လက်ရွေးစင် အသင်း အတွက် အပြည့်အဝ အာရုံစိုက် နေ ပါတယ် ။ ဘာတွေ ဆက်ဖြစ် လာလိမ့် မလဲ ဆိုတာ ကျွန်တော် တို့ မသိရှိ ကြ ပါဘူး ”

” မီဒီယာ အထက် မှာ ပျံ့လွင့် နေတဲ့ သတင်း တိုင်းဟာ ရိုးရှင်းစွာ ပြော ရရင် အမှန် အကန် သတင်း တွေ မဟုတ် လှ ပါဘူး ။ အမှန်တရား တစ်ခု က ဘာဖြစ် လာလိမ့် မလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင် တောင် မသိရှိ သေးတာ ပါပဲ ” လို့ ကော်တင်ဟို က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘရာဇီး လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဘာစီလိုနာ အသင်း အတွက် ပြိုင်ပွဲ စုံ 54 ပွဲ အထိ ကစား ပေး ထားခဲ့ ပြီး အဆိုပါ ထဲမှ 18 ပွဲ ကတော့ အရန်ခုံ ပေါ် မှ ကစား ပေးရင်း 11 ဂိုး သွင်း ၊ 5 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

” ရိုးသားစွာ ပြောကြား ရမယ် ဆိုရင် ကျွန်တော် ဟာ ကောင်းမွန် တဲ့ ဘောလုံး ရာသီ တစ်ခု မပိုင်ဆိုင် ခဲ့ရ ပါဘူး ။ ကျွန်တော် လုပ်ချင် တာတွေ ကို မလုပ်နိုင် ခဲ့ သလို မျှော်လင့် ထားတာ တွေကို လည်း မလုပ်ပြ နိုင်ခဲ့ ပါဘူး ”

က်ာတင်ဟို

” ကျွန်တော့် ခြေစွမ်း တွေနဲ့ ဝေဖန် ခံရ မှု တွေနဲ့ ထိုက်တန်တယ် လို့ပဲ ထင် ပါတယ် ။ ဒါကြောင့် သင်ခန်းစာ တစ်ခု အနေ နဲ့ ကျွန်တော် အရင် တုန်းက ထက် ရရှိ လိုစိတ် ပြင်းထန် ရမယ် ဆိုတာ သိရှိ ခဲ့ရ ပါတယ် ။ ကျွန်တော် ရှေ့ဆက် အောင်မြင် နိုင်ဖို့ ဒီထက် ပိုပြီး အာရုံ စိုက်ရ ပါ့မယ် ”

” အခု ဒီလက်ရွေးစင် အသင်း မှာတော့ ကျွန်တော် ဟာ တူညီ တဲ့ တာဝန် တွေကို ထမ်းဆောင် နေရ ပါတယ် ။ ကျွန်တော် တို့ အတွက် ပေးအပ် ထားတဲ့ တာဝန် ကိုသာ ကျေပွန် အောင် လုပ်ဆောင် ရ ပါတယ် ”

”ကျွန်တော့် အတွက်တော့ ကောင်းမွန် တဲ့ ဘောလုံး ရာသီ ဖြစ်ချင် ဖြစ် ပါစေ ၊ ဒါမှ မဟုတ် ဆိုးရွား တဲ့ ဘောလုံး ရာသီ ဖြစ်ကောင်း ဖြစ် ပါစေ ၊ ကျွန်တော် ရဲ့ အနိုင်ယူ လိုတဲ့ စိတ်ဓါတ် ကတော့ ယခင်လို အတူတူ ပါပဲ ။ ပိုရင် တောင် ပိုနေ ပါ ဦးမယ် ” လို့ ကော်တင်ဟို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar