ဖရန့် လမ်းပတ် ချယ်လ်ဆီး နည်းပြ ဖြစ်လာတာနဲ့ ဖြေရှင်း ရမယ့် အချက် ၅ ချက်

ချဲလ်ဆီး

ချယ်လ်ဆီး အသင်း ဟာ မနေ့က ပဲ ဖရန့် လမ်းပတ် ကို ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ အတွက် ဒါဘီ အသင်း ရဲ့ တရားဝင် ခွင့်ပြုချက် ကို ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။ ထို့ အတွက်ကြောင့် လမ်းပတ် ဟာ မကြာမီ ရက်ပိုင်း အတွင်း မှာ ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာဖို့ သေချာ သလောက် ဖြစ်နေပါပြီ ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

သို့ပေမယ့်လည်း ဖရန့် အတွက် နည်းပြ ဖြစ်လာတာနဲ့ ပန်းခင်းလမ်း တွေကို လျှောက်လှမ်း ရမှာ မဟုတ်ပဲ အခက်အခဲ များစွာ ရင်ဆိုင် ရဖို့လည်း ရှိနေပါတယ် ။ ဖရန့် အတွက် ချယ်လ်ဆီး နည်းပြ ဖြစ်လာတာနဲ့ လုပ်ဆောင် ရမယ့် အချက် ၅ချက် ကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ် ။

၁ ။ အထောင် တိုက်စစ် ပြဿနာ

ချယ်လ်ဆီး အသင်း ဟာ အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဒီယေဂို ကော်စတာ မရှိတော့တဲ့ နောက်ပိုင်း မှာ အခု အချိန် အထိ အထောင် တိုက်စစ် ပြဿနာ ဟာ ဖြေရှင်းလို့ မရတဲ့ ပုစ္ဆာ တပုဒ် အနေနဲ့ ရှိလို့ နေပါတယ် ။ လာမယ့် ဘောလုံး ရာသီ မှာ လမ်းပတ် သာ မန်နေဂျာ ဖြစ်လာပါက ချယ်လ်ဆီး အသင်း ဟာ အထောင် တိုက်စစ် မှာ မနှစ်က အက်စတွန် ဗီလာ အသင်း မှာ ခြေစွမ်း ပြခဲ့တဲ့ အေဘရာဟမ် ကို နေရာပေးဖို့ များနေပါတယ် ။ ဒါ့အပြင် ကွန်တီ ၊ ဆာရီ တို့ရဲ့ အပယ်ခံ တိုက်စစ်မှူး ဘတ်ရှူဝါရီ ရဲ့ အနာဂတ် ကရော ဘယ်လို ရှိလာမှာလဲ ? ဂျရူး ၊ မိုရာတာ တို့ကို ရော လမ်းပတ် ဘယ်လို ဆုံးဖြတ် မှာလဲ ? ဒီ အခက်အခဲ ရဲ့ အဖြေ ကိုလည်း လမ်းပတ် တယောက်တည်းသာ သိမှာ ဖြစ်ပါတယ် ။

Chelsea’s French striker Olivier Giroud (C) celebrates with teammates after scoring a goal during UEFA Europa League final football match between Chelsea FC and Arsenal FC at the Baku Olympic Stadium in Baku, Azerbaijian, on May 29, 2019. (Photo by Kirill KUDRYAVTSEV / AFP)

၂ ။ ဟာဇတ် နေရာ အတွက် ဘယ်လို ဖြည့်တင်းမှာလဲ ?

ချယ်လ်ဆီး အတွက် ၇ ရာသီ ကြာ ကစားပေး ခဲ့ကာ အသင်း ရဲ့ အရေးပါဆုံး တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် ကို ပြောင်းရွှေ့ သွားခဲ့ပါပြီ ။ ၄င်းရဲ့ နေရာ အတွက် ဘယ်သူတွေနဲ့ အစားထိုးမှာလဲ ? ဟာဇတ် နေရာ အတွက် အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ဝီလီယံ ၊ ပတ်ဒရို တို့က ဖြည့်တင်းပေး နိုင်မှာ မဟုတ်ပါဘူး ။ လူငယ် ခြေတက် ၂ယောက် ဖြစ်တဲ့ အိုဒွိုင်း နဲ့ ပူလီဆစ် တို့ကို အားကိုးမှာလား ? ဒါလည်း ဖရန့် အနေနဲ့ နောက်ထပ် ဖြေရှင်း ရမယ့် ပြဿနာ ဖြစ်ပါတယ် ။

၃ ။ ကန်တေ ကို ကွင်းလယ် အဖျက်ပိုင်းမှာ ပြန်ပြီး အသုံးပြုဖို့ …

ကန်တေ ဟာ ချယ်လ်ဆီး ကို ရောက်ရှိ လာတဲ့ နည်းပြ ကွန်တီ လက်ထက် မှာကတည်းက ကွင်းလယ် အဖျက် မှာပဲ ကစား ခဲ့ပြီး မနှစ်က နည်းပြ ဆာရီ လက်ထက် မှာမှ တိုက်စစ်ပိုင်း ကို ပိုကူ ရမယ့် တာဝန် ကို ယူခဲ့ရပါတယ် ။ သို့ပေမယ့်လည်း ကန်တေ နဲ့ ဘယ်လိုမှ လိုက်ဖက်မှု မရှိခဲ့ပေမယ့် သူ အတတ်နိုင်ဆုံး လိုက်ဖြည့် ကစားပေး ခဲ့ပါတယ် ။ အခု အခါမှာတော့ လမ်းပတ် ဟာ ကန်တေ ကို လူမှန် နေရာမှန် ထားပေးဖို့ လိုလာပြီ ဖြစ်ပါတယ် ။

၎ ။ အငှားချ ကစားသမား တွေကို စနစ်တကျ အသုံးပြု ပေးဖို့ …

မနှစ်က ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ ကစားသမား ၄၂ ယောက် အထိ ကို ဥရောပ တလွှားမှ အသင်း တွေဆီ အငှား ချထားခဲ့ပါတယ် ။ ထို အထဲမှ ဇူးမား ၊ ဘာကာယိုကို ၊ မေဆင်မောင့်တ် ၊ ရိစ်ဂျိမ်းစ် ၊ တမ်မီ အေဘရာဟမ် အစရှိတဲ့ ကစားသမား တွေ အထူး ခြေစွမ်း ပြခဲ့ပြီး နည်းပြသစ် ဖြစ်လာတော့မယ့် လမ်းပတ် ရဲ့ လက်အောက် မှာ ပွဲထွက်ခွင့် တနေရာ အတွက် အသင်း ရဲ့ ရှိရင်းစွဲ ကစားသမား တွေနဲ့ အပြိုင်အဆိုင် ကြိုးစား ကြတော့မှာ ဖြစ်ပါတယ် ။ ထို ကစားသမား တွေကိုလည်း လမ်းပတ် အနေနဲ့ ပါးနပ်မှု ရှိရှိ နဲ့ အသုံးပြု နိုင်ဖို့ လိုပါတယ် ။

Chelsea’s players celebrate with the trophy the UEFA Europa League final football match between Chelsea FC and Arsenal FC at the Baku Olympic Stadium in Baku, Azerbaijian, on May 29, 2019. (Photo by Kirill KUDRYAVTSEV / AFP)

၅ ။ အသင်း ရဲ့ ပရိသတ် ၊ ကစားသမား ၊ နည်းပြ တသားတည်း ဖြစ်စေဖို့ …

ဒါကတော့ လမ်းပတ် အတွက် အလွယ်ကူဆုံး တာဝန် လို့ ဆိုရင် မမှားပါဘူး ။ လမ်းပတ် ဟာ ကစားသမား ဘဝ မှာကတည်းက ချယ်လ်ဆီး အသင်း ပရိသတ် တွေရဲ့ အသည်းစွဲ အချစ်တော် ကစားသမား လည်း ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ၄င်း ချယ်လ်ဆီး ကို မရောက်လာသေး ခင်ကတည်းက ချယ်လ်ဆီး ပရိသတ် တွေဟာ ၄င်းကို စိတ်လှုပ်တရှား နဲ့ စောင့်ကြို နေကြပါတယ် ။ လမ်းပတ် ချယ်လ်ဆီး နည်းပြ ဖြစ်လာပါက ပရိသတ် ၊ ကစားသမား ၊ နည်းပြ တသားတည်း ဖြစ်စေမှာတော့ သံသယ ဖြစ်စရာ မရှိပါဘူး ။

SPORTS MYANMAR