အင်္ဂလန် မှာ လာရောက် ကစားရခြင်းရဲ့ အခက်အခဲတွေကို ပြောပြရင်း ဗြိတိန်သူတွေ ချောလှကြောင်း ဖွင့်ဆိုသွားတဲ့ ရစ်ချလီဆင်

အဲဗာတန် အသင်း မှာ ကစား နေတဲ့ ဘရာဇီး လက်ရွေးစင် ရစ်ချ လီဆင် ဟာ အင်္ဂလန် မြေ ကို ရောက်နေ ခဲ့တာ ၂ နှစ် ကြာခဲ့ ပြီ ဖြစ် ပါတယ် ။ ဒါပေမယ့် အခု အချိန် အထိ သူ့ အတွက် အသားမကျ သေးတဲ့ အရာတွေ ရှိ နေဆဲ ပါပဲ ။ တောင် အမေရိက ကနေ စွန့်စားရောက်လာ ခဲ့တဲ့ ရစ်ချလီဆင် အတွက် တော့ ကွဲပြား ခြားနား မှုတွေ အောက်မှာ သင်ယူ လေ့လာ နေရဆဲ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့်လည်း အင်္ဂလန် မှာ သူ သဘောကျ တဲ့ အရာ တွေ ရှိနေ ပါသတဲ့ . . .

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ရစ်ချလီဆင် ဟာ ၂၀၁၇ ခုနှစ် က ၀က်ဖိုဒ့် အသင်း ဆီ ပြောင်းရွှေ့ လာခဲ့ ပြီး ပရီးမီးယားလိဂ် ကို စတင် မြည်းစမ်းခွင့် ရခဲ့ ပါတယ် ။ အဆိုပါ ရာသီမှာပဲ ဘရာဇီးသား လေး ဟာ တောက်ပ လာခဲ့ပြီး အဲဗာတန် ရဲ့ ခေါ်ယူ မှု ကို ခံခဲ့ရ ပါတယ် ။

မနှစ် က ရာသီ တုန်းက လည်း ရစ်ချလီဆင် ဟာ လီဗာပူး မြို့ခံ ကလပ် မှာ ပရိသတ်တွေ နှစ်သက်တဲ့ ကစား သမားး တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ အဲဗာတန် အတွက် ၃၅ ပွဲ ကစား ပေးခဲ့ ပြီး ၁၃ ဂိုး သွင်းယူ ပေးနိုင် ကာ ကိုပါ အမေရိက ဖလား ပြိုင်ပွဲဝင် ဘရာဇီး အသင်း အတွက် ဆင့်ခေါ် ခြင်း ခံခဲ့ရ ပါတယ် ။

Brazil’s Richarlison leaves the field to the substituted by teammate Gabriel Jesus during their Copa America football tournament group match against Venezuela at the Fonte Nova Arena in Salvador, Brazil, on June 18, 2019. (Photo by Raul ARBOLEDA / AFP)

ပြင်သစ် ဘောလုံး မဂ္ဂဇင်း ( France Football ) နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျုး မှာတော့ အင်္ဂလန် က သူ နဲ့ အဆင် မပြေတဲ့ အကြောင်း အရာတွေ ကို ရစ်ချလီဆင် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အင်္ဂလန် က ပထမဆုံး ရာသီ ဟာ တကယ် ကို ခက်ခဲ ခဲ့ ပါတယ် ။ အဓိက ကတော့ အပူချိန် ပါပဲ ။ ဒီမှာ က သိပ်ကို အေးလွန်း ပါတယ် ။ ကွင်းထဲ မှာ ခြေထောက် တွေ တုန် နေပြီး နားရွက်တွေ ဆိုရင် ပြတ်ထွက် တော့မယ် လို့ တောင် ထင် မိ ပါတယ်” လို့ ဘရာဇီး နဲ့ အင်္ဂလန် တို့ရဲ့ ရာသီဥတု ကွာခြားမှု ကို ရစ်ချလီဆင် က ရှင်းပြ သွားခဲ့ ပါတယ် ။

ဒါ့အပြင် ရစ်ချလီဆင် ဟာ ဥရောပ ရဲ့ အစား အသောက်တွေ နဲ့ အသားမကျ သေး ကြောင်း နဲ့ အင်္ဂလိပ် တွေ အစားများ တဲ့ အာလူးချောင်းကြော် ၊ ငါးပြား ကြော်တွေ ကိုလည်း မနှစ်သက် သေးကြောင်း ဆိုသွား ခဲ့ ပါတယ်

“ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက် က အင်္ဂလိပ် တွေ နဲ့ တော်တော်လေး ကွဲပါတယ်။ အစား အသောက် က အစပေါ့ ။ ၀က်ဖိုဒ့် ကို စရောက် တုန်းက ဆိုရင် ၅ ပေါင် လောက် ကို ကျသွားခဲ့ ပါတယ် ။ ဘာလို့ လည်း ဆိုတော့ ကျွန်တော် မစားတဲ့ အစားအသောက် တွေ က တော်တော်လေး များခဲ့တာကိုး ။ အခုထိ အချို့ အစားအသောက် တွေကို အရသာ ခံ နိုင်ဖို့ ခက်ခဲ နေတုန်း ပါပဲ” လို့ ရစ်ချ လီဆင် က ဆိုသွား ခဲ့ ပါတယ် ။

ဒါပေမယ့် ဘရာဇီးသားလေး ဟာ ဥရောပ သူ တွေ ရဲ့ အသားအရောင် နဲ့ ချောမော လှပမှု ကို သဘောကျ နှစ်သက် နေပုံရပြီး အင်တာဗျုး မှာ ဗြိတိန်သူတွေ ချောမော လှပကြောင်း ဖွင့်ဆို သွားခဲ့ ပါတယ် ။

Brazil’s defender Dani Alves (R) heads the ball next to forward Richarlison during a training session of the national team in Porto Alegre, Rio Grande do Sul, Brazil, on June 24, 2019, during the Copa America football tournament. (Photo by Juan MABROMATA / AFP)

“အင်္ဂလန် မှာ လူတွေ က ကျွန်တော်တို့ ဆီမှာ ထက် ပိုပြီး ဖော်ရွေ ကြတယ် ၊ ပညာလည်း ပိုတတ် ကြပါတယ် ။ ပြီးတော့ ကောင်မလေးတွေ ကလည်း အရမ်း လှကြတယ်ဗျာ” လို့ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဘရာဇီးသား လေး က ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

ရစ်ချလီဆင် ဟာ ဘရာဇီး ရဲ့ ကိုပါ အမေရိက အုပ်စု ပွဲစဉ် ၂ ပွဲ မှာ ပါဝင် ကစားခွင့် ရခဲ့ပြီး တစ်ပွဲ ကတော့ အရန်ခုံ ထိုင်ခဲ့ရ ပါတယ် ။ မနက်ဖြန် မှာတော့ ဘရာဇီး ဟာ ကွာတား ဖိုင်နယ် ပွဲစဉ် အဖြစ် ပါရာဂွေး အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ဒီပွဲ မှာ တော့ ရစ်ချလီဆင် က ပါဝင် ကစားခွင့် ရဖို့ မျှော်လင့် ထားတယ် လို့ ကြားသိရ ပါတယ် ခင်ဗျာ . . . . .

SPORTS MYANMAR