ဖရန့် လမ်းပတ် ကို ချယ်လ်ဆီး နည်းပြသစ် ခန့်အပ်ဖို့ ထောက်ခံ ပေးလိုက်တဲ့ #ကွန်ပနီ

ဖရန့်

မနေ့ ညနေ ကပဲ ချန်ပီယံရှစ် ကလပ် ဒါဘီ အသင်း ဟာ ချယ်လ်ဆီး အသင်း နဲ့ ၄င်းတို့ အသင်း ရဲ့ နည်းပြ ဖြစ်တဲ့ ဖရန့် လမ်းပတ် နဲ့ တရားဝင် ဆွေးနွေးခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ၄င်းတို့ အသင်း ရဲ့ တရားဝင် တွစ်တာ အကောင့် ကနေ ဖော်ပြ ခဲ့ပါတယ် ။ လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်း ဟာ ထို မတိုင်ခင် ကတည်းက နည်းပြသစ် ရာထူး အတွက် အတော်လေး အရေးပေးခြင်း ခံနေခဲ့ ရတာ ဖြစ်ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ပရော်ဖက်ရှင်နယ် နည်းပြ ဘဝ ကို ဒါဘီ အသင်း နဲ့ အတူ စတင် ခဲ့ကာ ၄င်းရဲ့ ပထမဆုံး နည်းပြ ဘဝ က အခြေအနေ အတော်ကောင်း ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ လမ်းပတ် ဟာ ဒါဘီ အသင်း ကို ချန်ပီယံရှစ် မှာ အဆင့် ၆ နေရာ မှာ ရပ်တည် စေခဲ့သလို ပရီးမီးယားလိဂ် တန်းတက်ခွင့် ရရှိဖို့ နောက်ဆုံး play-off ဗိုလ်လုပွဲ အထိ ပို့ဆောင် နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း နောက်ဆုံး ဗိုလ်လုပွဲ မှာ အက်စတွန် ဗီလာ အသင်း ကို ၂ – ၁ နဲ့ ကပ်ပြီး အရေးနိမ့် ခဲ့တာကြောင့် ဒါဘီ အသင်း အဖို့ ပရီးမီးယားလိဂ် တန်းတက်ခွင့် ကို ဆုံးရှုံး ခဲ့ရပါတယ် ။ လောလောဆယ် မှာတော့ လမ်းပတ် ကို ချယ်လ်ဆီး အသင်း ဟာ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄သန်း ဝန်းကျင် ပေးချေ သွားဖို့ ရှိပြီး အသင်း နဲ့ ၃နှစ် စာချုပ် ချုပ်ဆို သွားဖို့လည်း ရှိနေပါတယ် ။

မန်စီးတီး
Manchester City’s Belgian defender Vincent Kompany (C) holds up the Premier League trophy after their 4-1 victory in the English Premier League football match between Brighton and Hove Albion and Manchester City at the American Express Community Stadium in Brighton, southern England on May 12, 2019. – Manchester City held off a titanic challenge from Liverpool to become the first side in a decade to retain the Premier League on Sunday by coming from behind to beat Brighton 4-1 on Sunday. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ချယ်လ်ဆီး ပရိသတ် တွေကတော့ ၄င်းတို့ရဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျ ကွင်းသို့ နည်းပြ အဖြစ် တဖန် ပြန်ပြီး ရောက်ရှိ လာတော့မယ့် ဖရန့် လမ်းပတ် ကို မျှော်လင့်တကြီး စောင့်ကြို နေကြပြီ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီက လမ်းပတ် ဟာ ကာရာဘောင် ဖလား မှာ ချယ်လ်ဆီး အသင်း နဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လာကစား ခဲ့ရပြီး ချယ်လ်ဆီး ပရိသတ် တွေရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုမှု ကို ရရှိ ခဲ့ပါတယ် ။

မန်စီးတီး မှာလည်း ကစား ခဲ့တဲ့ လမ်းပတ် ကို စီးတီး အသင်း ခေါင်းဆောင်ဟောင်း ဗင့်ဆင့် ကွန်ပနီ ကတော့ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ဖို့ အတွက် အသင့်လျော်ဆုံး နည်းပြ ဖြစ်တယ် လို့ ထောက်ခံ ပေးလိုက်သလို လမ်းပတ် ဟာ ထိပ်တန်း ကစားသမား တွေနဲ့လည်း အတူ တွဲကစားခဲ့ဖူးတဲ့ အတွက် ချယ်လ်ဆီး ကို ကိုင်တွယ် ရာမှာလည်း လွယ်ကူမှု ရှိမယ် လို့ သုံးသပ် ခဲ့ပါတယ် ။

ကွန်ပနီ က ” ဖရန့် ကို စာချုပ် ချုပ်လိုက်ပါတယ် ။ သူဟာ ချယ်လ်ဆီး အတွက် အလိုက်ဖက်ဆုံး မန်နေဂျာ ပါပဲ ။ ဖရန့် ဟာ အရမ်း ခင်ဖို့ ကောင်းတဲ့သူ တယောက် ဖြစ်သလို ကျွန်တော့ ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ အပေါ် ပြောင်းလဲမှု တစုံတခု ပေးစေတဲ့သူ လည်း ဖြစ်ပါတယ် ။ သူ့ ဆီကနေ ကျွန်တော် အရေးပါတဲ့ သင်ယူမှု တချို့ ပြုလုပ် ခဲ့ရပါတယ် ။ ”

Derby County’s English manager Frank Lampard looks on during the English Championship play-off final football match between Aston Villa and Derby County at Wembley Stadium in London on May 27, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

” ဖရန့် ဟာ မန်စီးတီး ကို ရောက်လာတုန်း က အသက်ကြီးရင့် နေပြီး ဖြစ်ပြီး တကယ် ရှည်လျားတဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ကို ပိုင်ဆိုင် ထားပြီးသား ဖြစ်နေပါပြီ ။ သူ စီးတီး ကို ရောက်လာတာနဲ့ တပြိုင်နက် အသင်း ရဲ့ ကစားသမား တွေရဲ့ အဆင့်အတန်း ကို နောက်တဆင့် ကို မြှင့်ပေး လိုက်သလိုပါပဲ ။ ဒါကြောင့်မို့ ကျွန်တော် ဟာ ဖရန့် ရဲ့ အသင်း အပေါ် လွှမ်းမိုးမှု ဘယ်လောက်ထိ ရှိသလဲ ဆိုတာ ကျွန်တော် ပြောနိုင်တာပါ ။ ”

” ကျွန်တော် ကိုယ်တိုင် လည်း သူ့လိုပဲ အခု အန်ဒါလက်ခ်ျ အသင်း မှာ အသင်းသား တွေကို လွှမ်းမိုး နိုင်ဖို့ မျှော်လင့် မိပါတယ် ။ ဖရန့် ဟာ အရင် ကတည်းက အတော်ဆုံး ကစားသမား တွေနဲ့ လက်တွဲ ကစား လာခဲ့တာပါ ။ ဒါကြောင့်မို့ ချယ်လ်ဆီး အသင်း နဲ့ သူနဲ့ဟာ သဘာဝ ကျကျ လိုက်ဖက်မှု ရှိနေပါတယ် ။ ကျွန်တော် သူ့ကို ချယ်လ်ဆီး နည်းပြ ဖြစ်လာဖို့ ထောက်ခံမှု အပြည့်အဝ ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR