Old Lady ကို ပြန်မယ့် ဘူဖွန် ၊ လိုင်ယွန်ကွင်းလယ်လူ နဲ့ နီးစပ်လာတဲ့ စပါး တို့ အပါ အ၀င် . . . . . . နောက်ဆုံးရ အပြောင်း အရွှေ့ သတင်းများb

Buffon

PSG နဲ့ လမ်းခွဲ လာခဲ့ပြီ ဖြစ်တဲ့ အီတလီ ၀ါရင့် ဂိုးသမာ ကြီး ဘူဖွန် ဟာ အသင်း ဟောင်း ယူဗင်တပ် ကို တစ်ရာသီ စာချုပ် နဲ့ ပြန်လည် သွားရောက် ကစား ဖို့ နီးစပ် နေပြီလို့ သိရ ပါတယ် ။ ယူဗင်တပ် နည်းပြသစ် ဆာရီ ဟာ ဘူဖွန် ကို အသင်းထံ ပြန်လည် ခေါ်ယူ လိုခဲ့တာ ကြောင့် ဖြစ်တယ် လို့ သိရ ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

စပါး အသင်း ကတော့ ဥရောပ ထိပ်သီး အသင်းတွေ မျက်စိ ကျနေတဲ့ လိုင်ယွန် ကွင်းလယ်လူ အန်ဒွန်ဘီလီ ကို ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီ လို့ ကြားသိ ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ရဲ့ အေးဂျင့် ဟာ အင်တာမီလန် အသင်း တာဝန်ရှိ သူတွေ နဲ့ ဆုံတွေ့ ခဲ့ပြီး အပြောင်း အရွှေ့ ကိစ္စ ကို လုပ်ဆောင် ဆွေးနွေး နေပြီလို့ သိရ ပါတယ် ။ လူကာကူ ကလည်း သူ့ရဲ့ စိတ်ဆန္ဒ တွေကို ယူနိုက်တက် ထံ ထုတ်ပြောပြီး ဖြစ်တယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ စီးတီး ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗား ကတော့ အသင်း နဲ့ စာချုပ် ကုန်ဆုံးမယ့် ယခု ရာသီ အကုန် မှာ အစ်တီဟတ် ကို နှုတ်ဆက် တော့မယ့် အကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် အသင်း ကတော့ ၂၀၂၀ ရာသီ မှာ အမျိုး သမီး အသင်း ကို စတင် ဖွဲ့စည်း ယှဉ်ပြိုင် စေတော့ မယ် ဖြစ်ကြောင်းး အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

ဗလင်စီယာ အသင်း ဟာ ဘာစီလိုနာ ဂိုး သမား ဂျက်စပါ ဆီလက်ဆန် ကို ၃ နှစ် စာချုပ် ဖြင့် ခေါ်ယူနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။ ဘာစီလိုနာ ကလည်း ဗလင်စီယာ ဂိုး သမား နီတို ကို ခေါ်ယူ ဖို့ စဉ်းစား နေပြီး ယခု ရာသီ မှာ ဖြစ်စေ ၊ လာမယ့် ရာသီ အကုန် မှာ အလွတ် ဖြင့် ဖြစ်စေ ခေါ်ယူ မယ် လို့ သိရ ပါတယ် ။

အဲဗာတန် အသင်း ကတော့ မနှစ် က အငှား လာကစား ခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်လူ အန်ဒရေ ဂိုးမက် ကို အပြီး သတ် ခေါ်ယူ လိုက်ပြီ ဖြစ် ပါတယ် ။ ဂိုးမက် အတွက် အဲဗာတန် ဟာ ယူရို ၂၅ သန်း ပေးချေ ရမှာ ဖြစ်ပြီး ဆုကြေး တွေ အပါ အ၀င် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း အထိ ရှိသွားလိမ့် မယ် လို့ လည်း သိရ ပါတယ် ။

အန်ဒရေ ဂိုးမက်
Barcelona’s Portuguese midfielder Andre Gomes (L) celebrates after scoring a goal during the Spanish league football match FC Barcelona vs CA Osasuna at the Camp Nou stadium in Barcelona on April 26, 2017. (Photo by LLUIS GENE / AFP)

ဆမ့်ဒိုးရီးယား အသင်း ကတော့ နာပိုလီ ကွင်းလယ်လူ ဆီမြွန်နီ ဗာဒီ ကို စောင့်ကြည့် နေတယ် လို့ သိရပါတယ်

မိုနာကို အသင်း ဟာ အင်တာ ကွင်းလယ်လူ ဂျာအို မာရီယို ကို ခေါ်ယူ ဖို့ အတွက် ဆွေးနွေး မှု ပြုလုပ် နေတယ် လို့ သိရ ပါတယ် ။

နာပိုလီ ဟာ ရိုးမား နောက်ခံလူ မာနိုလက်စ် အတွက် ယူရို ၁၆ သန်း + ဒီယာဝါရာ နဲ့ ကမ်းလှမ်း ထားတယ် လို့ အီတလီ သတင်းစာ တွေ မှာ ဖော်ပြ လာခဲ့ ပါတယ် ။

ရိုးမား အသင်း ဟာ တိုက်စစ်မှုး ဒီဇစ်ကို ကို အင်တာ မီလန် အသင်း ထံ ရောင်းချ ဖို့ သဘောတူညီ လု နီး ဖြစ်နေပြီ လို့ သိရ ပါတယ် ။ ရိုးမား ဟာ ဇစ်ကို အတွက် ယူရို ၁၀ သန်း နဲ့ အင်တာ လူငယ် တိုက်စစ်မှုး ဗာဂါနီ တို့ကို တောင်းဆို နေတယ် လို့ သိရ ပါတယ် ။

Dzeko
AS Roma Bosnian forward Edin Dzeko celebrates after opening the scoring during the Italian Serie A football match AS Roma vs Udinese on April 13, 2019 at the Olympic stadium in Rome. (Photo by Tiziana FABI / AFP)

အေစီမီလန် အသင်း ကတော့ အာဆင်နယ် ကွင်းလယ်လူ လူးကပ် တော်ရီးယား ကို ၂ နှစ် အငှား + အပြီးသတ် ၀ယ်ယူ ခွင့် နဲ့ ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

ဗီလာရီးရဲ အသင်း ဟာ လီဗာပူး နဲ့ စာချုပ် ပြည့် လို့ ထွက်ခွာ လာတော့မယ့် အယ်ဘာတို မိုရီနို ကို ခေါ်ယူ ဖို့ လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

ရီးရဲ ဘက်တစ် အသင်းဟာလည်း လီဗာပူး နဲ့ စာချုပ် ကုန်တော့ မယ့် လူငယ် တိုက်စစ်မှုးလေး အိုရီဂီ ယူရို ၁၁ သန်း ဖြင့် ကမ်းလှမ်း ဖို့ စီစဉ်နေတယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လူကာကူ ကို ရောင်းထုတ် ဖြစ်ခဲ့ ပါက ဆီဗီးလား အသင်း တိုက်စစ်မှုး ဘန် ယက်ဒါ ကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၄၀ ပေးချေ ကာ ခေါ်ယူ မယ် လို့ သိရ ပါတယ် ။

ကတ်တလန် အခြေစိုက် မွန်ဒို သတင်းစာ ကတော့ ဘာစီလိုနာ အသင်း ဟာ အိုင်ယက်စ် ခံစစ်မှုး ဒီလစ် ကို မခေါ်ယူ တော့ဘဲ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဗစ်တာ လင်ဒီလောာ့ဖ် ကို ပြောင်းလဲ ပစ်မှတ် ထားဖို့ စဉ်းစား နေတယ် လို့ ဖော်ပြ သွားခဲ့ ပါတယ် ။

နေမာ ရဲ့ ဖခင် ကတော့ ဘာစီလိုနာ ကို ပြန်ပြောင်း နိုင်ဖို့ အတွက် PSG အသင်း နဲ့ ညှိနှိုင်း ဆွေးနွေး မှုတွေ စတင် နေပြီလို့ သိရ ပါတယ် ။ ဘာကာ ဘက်က တော့ လာမယ့် အပတ် ထဲ မှာ ဂရစ်ဇ်မန်း ( သို့ ) နေမာ တစ်ဦးဦး ကို ခေါ်ယူ နိုင်ကြောင်း ကြေညာ ဖို့ မျှော်လင့် ထားတယ် လို့ သိရ ပါတယ် ။

ဝက်စ်ဟမ်း တိုက်စစ်မှုး ဟာနန်ဒက် ကတော့ ယခု အပြောင်း အရွှေ့ အတွင်း မှာ လန်ဒန် ကလပ် ကို စွန့်ခွာ ဖို့ စိတ်ပိုင်း ဖြတ်ထားပြီ လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ ဆဲလ်တစ် ဘယ်နောက်ခံလူ တိုင်ယာနီ အတွက် ပေါင် ၁၉ သန်း ဖြင့် နောက်တစ်ကြိမ် ကမ်းလှမ်း လိုက်ပြန်ပြီ လို့ သိရ ပါတယ် ခင်ဗျာ . . . . .

SPORTS MYANMAR