အာဆင္နယ္ အသင္းမွာ ပြဲထြက္ခြင့္ အတြက္ တုိက္ပြဲဝင္သြားမွာ ျဖစ္ေၾကာင္း နည္းျပ အမ္မရီကုိ အသိေပးလုိက္တဲ့ #နယ္လ္ဆင္

အသက္ ၁၉ ႏွစ္ အရြယ္သာ ရွိေသးတဲ့ ရုိင္းစ္နယ္လ္ဆင္ဟာ ျပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္း နဲ႔ ကာလရွည္ စာခ်ဳပ္ သက္တမ္း တုိးခဲ့ျပီး အေတြ႕အၾကံဳ ရဖုိ႔ အတြက္ ဘြန္ဒက္စ္လီဂါ ကလပ္ ေဟာ့ဖန္ဟိမ္း အသင္းကုိ တစ္ရာသီ အငွား ထြက္ကစား ခဲ့ပါတယ္ ။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

နယ္လ္ဆင္ ဟာ ေဟာ့ဖန္ဟိမ္း အသင္း အတြက္ ၁၉ ပြဲ ပါဝင္ ကစားေပး ခဲ့ျပီး ၇ ဂုိး သြင္းယူ ေပးခဲ့ပါတယ္ ။ နယ္လ္ဆင္ ဟာ ေနာက္ေက်ာ ဒဏ္ရာ မရခင္တုန္းက ေဟာ့ဖန္ဟိမ္း အသင္း အတြက္ ၁၁ ပြဲ ကစားထားရာမွာ ၆ ဂုိး အထိ သြင္းယူ ထား နုိင္ခဲ့ပါတယ္ ။

ရုိင္းစ္နယ္လ္ဆင္

ဒါ့အျပင္ နယ္လ္ဆင္ ဟာ အီတလီ နဲ႔ ဆန္မာရီႏုိ မွာ က်င္းပေနတဲ့ ယူရုိ ယူ-၂၁ ျပိဳင္ပြဲမွာလည္း အဂၤလန္ ယူ-၂၁ အသင္း အတြက္ တစ္ဂုိး သြင္းယူ ေပးနုိင္ခဲ့ပါတယ္ ။ နယ္လ္ဆင္ က လာမယ့္ ရာသီမွာ အငွား ထြက္မကစားခ်င္ေတာ့ေၾကာင္း နဲ႔ အာဆင္နယ္ အသင္းမွာ ပြဲထြက္ခြင့္ ရဖုိ႔ အတြက္ တုိက္ပြဲဝင္သြားမယ္လုိ႔ ဆုိပါတယ္ ။

အာဆင္နယ္ အသင္းဟာ ဒီေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ အသုံးစရိတ္ အနည္းငယ္သာ အသုံးျပဳဖုိ႕ အစီအစဥ္ ရွိေနတာေၾကာင့္ နယ္လ္ဆင္ ျပန္ေရာက္ လာတာဟာ နည္းျပ အမ္မရီ အတြက္ေတာ့ ဝမ္းသာ စရာ ကိစၥ တစ္ရပ္လည္း ျဖစ္ပါတယ္ ။

နယ္လ္ဆင္ က ဂ်ာမနီ မွာ သြားကစားတာ ေျခစြမ္းပုိင္း တုိးတက္ဖုိ႔ အေထာက္အကူ ျဖစ္သလား ဆုိတဲ့ ေမးခြန္းကုိ ” ၁၀၀ ရာခုိင္ႏႈန္း ပါပဲ ။ နည္းျပ အဖြဲ႕ဝင္ေတြဆီက အမ်ားၾကီး သင္ယူ ခဲ့သလုိ ၊ သူငယ္ခ်င္းေတြလည္း အမ်ားၾကီး ရခဲ့ပါတယ္ ။ မန္ေနဂ်ာ နဲ႔လည္း ဆက္ဆံေရး ေကာင္းမြန္ ခဲ့ပါတယ္ ။ ”

” က်ေနာ့္ ကစားသမား ဘဝ တုိးတက္ဖုိ႔ အတြက္ အမ်ားၾကီး သင္ယူ ေလ့လာ နုိင္ခဲ့ပါတယ္ ။ ေဟာ့ဖန္ဟိမ္း အသင္းကေန ထြက္ခြာ ရတာဟာ အင္မတန္ ခက္ခဲပါတယ္ ၊ ဒါေပမယ့္ အာဆင္နယ္ က က်ေနာ့္ အသင္းပါ ၊ အာဆင္နယ္ ကုိ ျပန္ျပီး ပြဲထြက္ ကစားခ်င္ပါတယ္ ။ ”

” က်ေနာ္ က အာဆင္နယ္ အသင္းကုိ အားေပးတဲ့ သူတစ္ေယာက္ပါ ။ မိသားစုဝင္ေတြ အကုန္လုံးကလည္း အာဆင္နယ္ အသင္း ပရိသတ္ေတြပါပဲ ။ ပရိသတ္ေတြကလည္း အရည္အခ်င္း ရွိတဲ့ လူငယ္ ကစားသမားေလးေတြကုိ အားေပး ၾကပါတယ္ ၊ ဒါက သိပါကုိ ေကာင္းတဲ့ အရာပါပဲ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အဂၤလန္ လူငယ္ ကစားသမားေလး ရုိင္းစ္နယ္လ္ဆင္ ဟာ လာမယ့္ ရာသီမွာ အာဆင္နယ္ အသင္းၾကီးမွာ ေနရာ ရလာဖြယ္ ရွိေနျပီး ဘယ္ေလာက္အထိ ေျခစြမ္းျပ ကစားနုိင္မလဲ ဆုိတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ ရမွာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း နည်းပြ အမ်မရီကို အသိပေးလိုက်တဲ့ #နယ်လ်ဆင်
=============================

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ရိုင်းစ်နယ်လ်ဆင်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်း နဲ့ ကာလရှည် စာချုပ် သက်တမ်း တိုးခဲ့ပြီး အတွေ့အကြုံ ရဖို့ အတွက် ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်ဟိမ်း အသင်းကို တစ်ရာသီ အငှား ထွက်ကစား ခဲ့ပါတယ် ။

နယ်လ်ဆင် ဟာ ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၉ ပွဲ ပါဝင် ကစားပေး ခဲ့ပြီး ရ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ နယ်လ်ဆင် ဟာ နောက်ကျော ဒဏ်ရာ မရခင်တုန်းက ဟော့ဖန်ဟိမ်း အသင်း အတွက် ၁၁ ပွဲ ကစားထားရာမှာ ၆ ဂိုး အထိ သွင်းယူ ထား နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် နယ်လ်ဆင် ဟာ အီတလီ နဲ့ ဆန်မာရီနို မှာ ကျင်းပနေတဲ့ ယူရို ယူ-၂၁ ပြိုင်ပွဲမှာလည်း အင်္ဂလန် ယူ-၂၁ အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ နယ်လ်ဆင် က လာမယ့် ရာသီမှာ အငှား ထွက်မကစားချင်တော့ကြောင်း နဲ့ အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် ရဖို့ အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသုံးစရိတ် အနည်းငယ်သာ အသုံးပြုဖို့ အစီအစဉ် ရှိနေတာကြောင့် နယ်လ်ဆင် ပြန်ရောက် လာတာဟာ နည်းပြ အမ်မရီ အတွက်တော့ ဝမ်းသာ စရာ ကိစ္စ တစ်ရပ်လည်း ဖြစ်ပါတယ် ။

နယ်လ်ဆင် က ဂျာမနီ မှာ သွားကစားတာ ခြေစွမ်းပိုင်း တိုးတက်ဖို့ အထောက်အကူ ဖြစ်သလား ဆိုတဲ့ မေးခွန်းကို ” ၁၀၀ ရာခိုင်နှုန်း ပါပဲ ။ နည်းပြ အဖွဲ့ဝင်တွေဆီက အများကြီး သင်ယူ ခဲ့သလို ၊ သူငယ်ချင်းတွေလည်း အများကြီး ရခဲ့ပါတယ် ။ မန်နေဂျာ နဲ့လည်း ဆက်ဆံရေး ကောင်းမွန် ခဲ့ပါတယ် ။ ”

” ကျနော့် ကစားသမား ဘဝ တိုးတက်ဖို့ အတွက် အများကြီး သင်ယူ လေ့လာ နိုင်ခဲ့ပါတယ် ။ ဟော့ဖန်ဟိမ်း အသင်းကနေ ထွက်ခွာ ရတာဟာ အင်မတန် ခက်ခဲပါတယ် ၊ ဒါပေမယ့် အာဆင်နယ် က ကျနော့် အသင်းပါ ၊ အာဆင်နယ် ကို ပြန်ပြီး ပွဲထွက် ကစားချင်ပါတယ် ။ ”

” ကျနော် က အာဆင်နယ် အသင်းကို အားပေးတဲ့ သူတစ်ယောက်ပါ ။ မိသားစုဝင်တွေ အကုန်လုံးကလည်း အာဆင်နယ် အသင်း ပရိသတ်တွေပါပဲ ။ ပရိသတ်တွေကလည်း အရည်အချင်း ရှိတဲ့ လူငယ် ကစားသမားလေးတွေကို အားပေး ကြပါတယ် ၊ ဒါက သိပါကို ကောင်းတဲ့ အရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် လူငယ် ကစားသမားလေး ရိုင်းစ်နယ်လ်ဆင် ဟာ လာမယ့် ရာသီမှာ အာဆင်နယ် အသင်းကြီးမှာ နေရာ ရလာဖွယ် ရှိနေပြီး ဘယ်လောက်အထိ ခြေစွမ်းပြ ကစားနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR