မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ က သရဲနီ တို့ အာဆင်နယ် အသင်း နဲ့ 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ နောက် ပါဝင် ကစား ပေးနိုင် ခြင်း မရှိ ခဲ့ပဲ ဒဏ်ရာ ပြသနာ တွေ အကြား ရုန်းကန် နေခဲ့ ရ ပါတယ် ။

ယူနိုက်တက် အသင်း ဖက်မှ ထုတ်ဖော် ပြောကြားချက် အရ ပေါ့ဂ်ဘာ ကြွက်သား ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာ ရရှိ နေတယ် လို့ သိရှိ ခဲ့ရ ပေမယ့် ယခင် တုန်းက အသင်း ပြောင်းရွှေ့ ဖို့ အတွက် သတင်း ကြီးနေ ခဲ့တဲ့ သူဟာ စက်တင်ဘာ လ ကနေ ယခု နိုဝင်ဘာ လ ကုန်ဆုံး တဲ့ အထိ ပါဝင် ကစား ပေး နိုင်ခြင်း မရှိ သေးခဲ့ ပါဘူး ။

ဒါ့ကြောင့် ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် အသင်း အတွက် နောက်ထပ် ကစား ပေးနိုင် လိမ့်ဦး မလား ၊ ဒါမှ မဟုတ် မ ကစား ပေးပဲ အသင်း ပြောင်းရွှေ့ သွားလိမ့် မလား ဆိုတဲ့ သတင်း တွေက အခု တလော မှာ ယခင် ကထက် ပိုမို ကျယ်ပြန့်စွာ ထွက်ပေါ် လာခဲ့ ပါတယ် ။

အခုတော့ သူရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ မရေရာ တဲ့ သတင်း တွေ ထွက်ပေါ် နေ ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ကို လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ရောင်းချ ပစ်ဖို့ ယူနိုက်တက် အသင်း ကို သရဲနီ ဂိုးသမား ဟောင်း ဖြစ်သူ မက်ခ် ဘော့စ်နစ်ချ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လက်ရှိ အနေအထား တွေက ကောင်းပုံ မပေါ် ပါဘူး ။ လက်ရှိ သတင်း တွေ အရ ဆိုရင် သူဟာ အသင်း ကနေ ထွက်ခွာ နိုင်ဖို့ အတွက် တစ်ဖက် တစ်လမ်း ကနေ ဖိအား ပေးနေ သလို ပါပဲ ။ အကယ်လို့ ဒီ အတိုင်းသာ ဖြစ်မှာ သေချာ နေခဲ့ရင် ယူနိုက်တက် အသင်း အနေ နဲ့ ချက်ချင်း ဆုံးဖြတ်ချက် ချမှတ် သင့် ပါတယ် ”

” ခင်ဗျား ဟာ ကမ႓ာ့ အဆင့် ကစားသမား ပဲ ဖြစ်နေ ပါစေ ၊ အရံခုံ ပေါ်မှာ လေး ၊ ငါးလ ထိုင်နေ မယ် ဆိုရင် အသင်း ဖက်က စိတ်ပျက် နေမှာ ပါပဲ ။ ဒါပေမယ့် အဲ့ဒီ လိုသာ မဟုတ်ရင်တော့ ခင်ဗျား နဲ့ ပတ်သက် လို့ ‘ အိုကေ ၊ ငါတို့ က မင်း အတွက် အကောင်းဆုံး စျေးနှုန်း ကို စောင့်မျှော် နေ ကြတယ် ‘ လို့ ပြော ရမှာ ပါပဲ ”

” ပြီးတော့ ကျွန်တော် သာ အဲ့ဒီ နေရာ မှာ ဆိုရင် သူ့ရဲ့ ထုုိက်သင့် တဲ့ ပမာဏ ထက် တစက်မှ စျေးလျော့ ရောင်းချ ပေး သွားမှာ မဟုတ် ပါဘူး ” လို့ သရဲနီ ဂိုးသမား ဟောင်း မက်ခ် ဘော့စ်နစ်ချ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ ပေါ့ဂ်ဘာ ဟာ တစ်ခါတလေ ခြေထောက် ဒဏ်ရာ ကို ပတ်တီး စီးတဲ့ ပုံတွေ လူမှု ကွန်ယက် မှာ တင်ပြ ပြီး သူဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေကြောင်း ပြသ နေခဲ့ သလို တစ်ခါတရံ မှာတော့ အကောင်း ပကတိ ရှိ နေတဲ့ ပုံစံ မျိုး ပြသ နေခဲ့ ပါတယ် ။

မကြာသေးခင် ကတော့ သူဟာ မီယာမီ မှာ ကမ႓ာ ကျော် ဘက်စကတ်ဘော သမား တွေနဲ့ တွေ့ဆုံ ပြီး ဘက်စကတ်ဘော ကစား နေတဲ့ ဗွီဒီယို ကို လူမှု ကွန်ယက် အပေါ် တင်ခဲ့ ပါ သေးတယ် ။ ဒါ့အပြင် သူဟာ ဒီဇင်ဘာ လ အစ မှာ အသင်း အတွက် ပြန်လည် ကစား နိုင် လိမ့်မယ် လို့ သတင်း ထွက်ပေါ် နေခဲ့ ပေမယ့် လက်ရှိ အချိန် မှာတော့ ကစား ပေးနိုင်း လိမ့် မလား ဆိုတဲ့ တိကျ တဲ့ အဖြေ တစ်ခု မပိုင်ဆိုင်ပဲ ရှိနေ ခဲ့ရ ပါတယ် ။

#Sports_Myanmar