အင်္ဂလန် ရဲ့ အထင်ကရအသင်း ကြီးတသင်းဖြစ်တဲ့ လီဗာပူး တို့ဟာ ပြည်တွင်း အမှတ်ပေးချန်ပီယံ ဆုကြီးနဲ့ ဝေးကွာနေ ခဲ့တာကတော့ နှစ်ပေါင်း ၃၀ အထိရှိနေခဲ့ ပြီဖြစ်ပါတယ်။အထူးသဖြင့်တော့ သူတို့ဟာ ပရီးမီးယားလိဂ် လို့ အမည်ပြောင်း လဲကျင်းပခဲ့အပြီး မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ထားနိုင့်ခင်း မရှိသေးတာဖြစ်ပါတယ်။

ဒါကြောင့် လည်းနည်းစနစ် အကျော်အမော် ဂျာမန်သား နည်းပြကြီး ကလော့ပ်ရဲ့ ဦးဆောင် မှုနဲ့အတူ အပြင်းအထန် ကြိုးစားနေကြတာဖြစ်ပါတယ်။ယမန်နှစ်က သူတို့ရဲ့ ကြိုးစားအားထုတ်မှုက အောင်မြင်လုနီးပါး အထိ ဖြစ်ခဲ့ပြီး မန်စီးတီး အသင်းရဲ့နောက်တမှတ်အကွာနဲ့ ကပ်လွဲ ခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ပြည်တွင်းပြိုင်ဘက် စပါးကို အနိုင်ယူပြီး ချန်ပီယံဆုကြီးကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း အင်္ဂလန်ရဲ့ ဥရောပအောင်မြင်မှု အများဆုံး အသင်းအဖြစ် လည်းဆက်ပြီး မှတ်တမ်းဝင်သွားခဲ့ပါတယ်။

တဖက် မှာတော့ မန်စီးတီး အသင်း တာဝန် ရှိသူတွေက သူတို့သမိုင်းမှာ တခါမှ မရထားဖူးသေးတဲ့ ချန်ပီယံ လိဂ်အောင် မြင်မှု ကြီးအတွက် ကမ္ဘာကျော်နည်းပြ ကြီး တဦးဖြစ်တဲ့ ဂွာဒီယိုလာကို ခေါ်ယူတာဝန်ပေးထားတာဖြစ်ပါတယ်။ဒါပေမယိ့လည်း ပြည်တွင်းမှာသာပြိုင်ဘက် မရှိ ဖြစ်အောင်စွမ်းဆောင်ပေးထားပြီး ချန်ပီယံလိဂ်မှာတော့ အခြေအနေ မကောင်းသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီး အသင်းကို တရာသီအတွင်း မှာ အင်္ဂလန် ပြည်တွင်း ဖလား အကုန်လုံး ရအောင်ယူပေးနိုင် ခဲ့တဲ့ ဂွာဒီယိုလာကို ဘောလုံးသတင်းစာ ဆရာများ အဖွဲ့အစည်းက ဆုတံဆိပ်ကို တနင်္ဂနွေ နေ့ မှာပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ အခမ်း အနားကို လီဗာပူး နည်းပြ ကြီး ကလော့ပ် အပါအဝင်အင်္ဂလန်ဘောလုံးလောက ကထင်ရှားသူအချို့ လည်းတက်ရောက်ခဲ့ကြပါတယ်။ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ဟာ သက်ဆိုင်ရာအသင်းတွေကို အောင်မြင်မှု တွေရယူပေးနိုင်ခဲ့ ပေမယ့် အသင်းရဲ့ လိုအပ်ချက်တွေနဲ့ တော့ လွဲနေခဲ့ကြသေးတာဖြစိပါတယ်။

ဒါကြောင့်လည်း ဂွာဒီယိုလာက မိမိတို့ နှစ်ယောက် ဆုဖလားတွေ လဲလှယ်ကြမလား ဆိုပြီး ကလော့ပ်ကို ရည်ညွှန်း စနောက် သွားခဲ့တာ ဖြစ်ပါတယ်။သတင်းထောက် တွေနဲ့အင်တာဗျူး မှာ ဂွာဒီယိုလာက –

” ကျွန်တော့် နည်းပြ ဘဝမှာ ဂုဏ်အယူရဆုံး အရာကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီဆုဖလားကြီးကို ရယူနိုင်ခဲ့အပြီး မှာ သိလိုက်ရတာကတော့ လူတွေက ကျွန်တော်တို့ အမြဲတမ်း အမှတ် ၁၀၀ ရအောင် လုပ်ရမယ်ဆိုပြီးမြင်လာကြသလိုပါပဲ။

ကျွန်တော့် ဟာ မွေးရပ်မြေအသင်းလည်းဖြစ် နှလုံးသားထဲက အသင်းလည်းဖြစ်တဲ့ ဘာစီလိုနာ အသင်းမှာ ကစားခွင့်ရခဲ့ပြီး ကံကောင်းခဲ့တာကြောင့်လည်း အံ့မခန်း ကစားသမား ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ကျွန်တော်ဘယ်လောက်အထိ ကံကောင်းခဲ့တာကို ကလော့ပ်နဲ့ သူ့အသင်းကိုပြောပြခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော်ဟာ သူနဲ့ ဂျာမန် မြေမှာ လည်း ရင်ဆိုင်ထားခဲ့ပြီးပါပြီ။ကျွန်တော့်ရဲ့ အသင်းတွေဟာ လိဂ်ပြိုင်ပွဲတွေမှာ ဆုဖလားတွေအများအပြားရရှိထားခဲ့တယ်ဆိုတာတော့ အမှန်ပါပဲ။ဒါပေမယ့်လည်း ယမန်နှစ်ကတော့ လီဗာပူး အသင်းရဲ့ အရည်အသွေးကြောင့် အခက်ခဲဆုံး နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။

ကလော့ပ်ရဲ့ အသင်းတွေနဲ့ ရင်ဆိုင် ရတိုင်း မှာ အမြဲတမ်း တော့ ခက်ခဲ တာပါပဲ။သူ့ရဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ ကျွန်တော် အမြဲတမ်း သင်ယူမှုတွေ လုပ်ဆောင်ရပါတယ်။ဒါပေမယ့် လည်း ချန်တော် ချန်ပီယံလိဂ် ဖလားကြီးကို ရယူချင်နေပါတယ်။

ကလော့ပ် အနေနဲ့ လည်း လက်ရှိ အချိန် မှာ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ဖလား ( ပရီးမီးယားလိဂ်ချန်ပီယံဆု ) ကြီးကို လိုချင်နေမယ်ဆိုတာ ကျိန်းသေပြောရဲပါတယ်။ကျွန်တော်တို့ တွေ အဲ့ဒီ ဖလား ၂ လုံးကို လဲကောင်း လဲသွားကြနိုင်ပါတယ်ဗျာ ” လို့ အရွှန်းဖောက်ပြောဆိုသွား ခဲ့တာဖြစ်ပါတယ်။

နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရပ်တန့် လို့ မရတဲ့ ပုံစံမျိုးနဲ့အတူ ရှုံးပွဲမရှိ အောင် ကစားထားနိုင်နေပါတယ်။သူတို့ဟာ ပွဲစဉ်၁၃ အပြီးမှာ ဒုတိယနေရာက လက်စတာကို ၈မှတ်၊ တတိယနေရာက မန်စီးတီးကို ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေပါတယ်။