မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ဘရာမော လိန်းမှာ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့ပြီး တစ်ဖက် 3 ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ်မှာ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လူငယ် လေးတွေ ဖြစ်ကြ တဲ့ မာဆွန် ဂရင်းဝုဒ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အသင်း အတွက် ပထမဆုံး အကြိမ် ဂိုး သွင်းယူ နိုင်ခဲ့ ကြ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် ဟာ ကွင်းထဲ အကြောက် အရွံ့ ကင်းမဲ့သူ တစ်ဦး ဖြစ်သလို ဂိုးသွင်း ကောင်းတဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အကယ်ဒမီ မှ ရောက်ရှိ လာ ခဲ့တဲ့ မာဆွန် ဂရင်းဝုဒ် ဟာ ဒီ ရာသီ အသင်း အတွက် 4 ကြိမ် ပွဲထွက် ကစား ပေးထား ခဲ့ပြီး 3 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာတော့ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကာဒစ်ဖ် နဲ့ ကစား ခဲ့တဲ့ ရာသီ ပိတ် ပွဲစဉ် မှာပဲ သူဟာ နောက်ဆုံး အကြိမ် အဖြစ် ပွဲထွက် ခွင့် ရရှိ ထားခဲ့ သူပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် ပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲမှာ ပွဲချိန် အတွင်း သူ့ရဲ့ ကစားသမား တွေက ဘာတွေ လေ့လာ သင်ယူ နိုင်ခဲ့ ကြ သလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် ဆိုးလ်ရှား က …

” ကျွန်တော် တို့ ဂိုး စတင် သွင်းယူ ခဲ့တဲ့ ပွဲချိန် 10 မိနစ် အတွင်း ကစား ခဲ့ကြ သလို ပဲ ကစား ပေးကြ ပါ ။ ကျွန်တော် တို့ အနေနဲ့ ကြောက်ရွံ့ နေတဲ့ စိတ်ကို ဖယ်ထုတ် ပြီး ယုံကြည်မှု အပြည့် ၊ ယုံကြည်စိတ် အပြည့် နဲ့ ကစား ပြ နိုင်ရ ပါ့မယ် ”

” ကောင်လေး အများစု ပေါ့ ၊ သူတို့ တွေက အသင်း ရဲ့ အကယ်ဒမီ ကနေ ရောက်ရှိ လာခဲ့ ကြတယ် သူတွေ ပါ ။ မာဆွန် ကွင်းထဲ ဝင်လာ ခဲ့ပြီး အကြောက် အရွံ့ ကင်းမဲ့စွာ ကစား ခဲ့ ပါတယ် ။ ဘရန်ဒန် ဝီလီယံ ဟာ ကောင်းမွန် လှတဲ့ ဂိုးကို သွင်းယူ နိုင်ခဲ့ ပါတယ် ”

” ဒါဟာ ကျွန်တော် တို့ သင်ကြား ပေးလို ကြတဲ့ အရာ တွေ ပါပဲ ။ အကယ်ဒမီ ကစားသမား ဘဝ တစ်လျောက်မှာ ဆိုရင် ဒီလို ပွဲစဉ် တွေကို မကစား ရဘူးလေ ။ သူတို့ တွေဟာ မိနစ် 90 အတွင်း အတော်လေး လေ့လာ သင်ယူ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် အဲ့တာ တွေက အပေါင်း လက္ခဏာ ဆောင်တယ် လို့ ဆိုရ ပါ့မယ် ”

” ကျွန်တော် တို့ဟာ မာဆွန် နဲ့ အတူ လူငယ် ကစားသမား တွေကို ခေါ်ဆောင် လာခဲ့ ကြတယ် ဆိုတာ ခင်ဗျား တို့ တွေ့မြင် ကြမှာ ပါ ။ ဘရန်ဒန် က ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် နွေတုန်းက ခေါ်ယူ ထားတဲ့ ကစားသမား သုံးယောက် ရှိကြ ပါတယ် ။ သူတို့ ဟာလည်း အသင်း အပေါ် ကောင်းမွန် တဲ့ သက်ရောက် မှုတွေ ပေးနေ ခဲ့ကြ ပါတယ် ”

” ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ပြောကြား ရမယ် ဆိုရင် သူတို့ တွေဟာ 71 မိနစ် ကနေ 95 မိနစ် အထိ လေ့လာ သင်ယူ မှုတွေ လုပ်ဆောင် နိုင်ခဲ့ ကြတယ်လို့ ဆိုရ ပါ့မယ် ။ အဲ့ဒီ ထဲမှာ အကြီးမားဆုံး အရာ တစ်ခု က သူတို့ တွေဟာ ပွဲစဉ် ထဲမှာ ပဲ စီးမျော နေခဲ့ ကြပြီး ရလဒ် ကို ပြောင်းပြန် လှန်နိုင် ခဲ့ခြင်း ပါပဲ ”

” သူ ( ဂရင်းဝုဒ် ) ဟာ သဘာဝ ကျကျ ဂိုးသွင်း နိုင်သူ တစ်ဦး ပါ ။ အဲ့တာ ကို ကျွန်တော် အမြဲတမ်း လိုပဲ ပြောခဲ့ ဖူး ပါတယ် ။ ဒီ တစ်ပါတ် အင်တာဗျူး မှာလည်း သူဟာ အသင်း အပေါ် သက်ရောက် မှုတွေ ပြုလုပ် နိုင်ဖို့ မိနစ် တွေ လိုအပ်တဲ့ အကြောင်း ဆွေးနွေး ခဲ့ကြပါ သေးတယ် ။ အခုတော့ မိနစ် 70 အကြာ ဆိုးရွား နေတဲ့ ခံစားချက် ကို အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ အဖြစ် ပြောင်းလဲ နိုင်ခြင်း က တစ်ကယ် ပဲ ကောင်းလှ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။