လီဗာပူး အသင်းဟာ ၎င်းတို့ သမိုင်း တစ်လျှောက် ပထမဦးဆုံး ကလပ် ကမ္ဘာ့ဖလား ကို ဆွတ်ခူး နိုင်ဖို့ အတွက် ကြိုးပမ်း သွားရန် လာမည့် လမှာ ကာတာကို ထွက်ခွာ ရတော့မှာ ဖြစ်ပါတယ်။ ဥရောပ ချန်ပီယံ လီဗာပူး ဟာ လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့် ကနေ စတင် ယှဉ်ပြိုင် သွားရမှာ ဖြစ်ပြီး ဖိုင်နယ် နဲ့ တတိယ နေရာလုပွဲ တွေကိုတော့ နောက် လေးရက် အကြာမှာ ကစား သွားရမှာ ဖြစ်ပါတယ်။

လာမည့် ဒီဇင်ဘာ ၁၁ နဲ့ ၁၄ ရက်နေ့ တို့မှာ ကစား ရမယ့် ပထမ အဆင့် နဲ့ ဒုတိယ အဆင့် ပွဲစဉ်တွေ အတွက် အသင်းစုံ ထွက်ပေါ် လာခဲ့ခြင်း မရှိခဲ့တာကြောင့် လီဗာပူး ရဲ့ ပြိုင်ဘက်ဟာ ဘယ်အသင်း ဖြစ်လာမလဲ ဆိုတာ မသိ ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ကျန်ရှိ နေတဲ့ ကိုပါလီဗာတေးတိုး နဲ့ AFC Champion League ပြိုင်ပွဲ တို့မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတွေ ထွက်ပေါ် လာခဲ့ပြီ ဖြစ်တာကြောင့် ကလပ် ကမ္ဘာ့ဖလား မှာ ဝင်ရောက် ယှဉ်ပြိုင် သွားရမယ့် အသင်းတွေ အားလုံး စုံလင် သွားခဲ့ ပါပြီ။

အယ်ဟိုင်လယ် အသင်းဟာ တနင်္ဂနွေနေ့ AFC Champion league ဖိုင်နယ်မှာ အူရာဝါရက် အသင်းကို နှစ်ကျော့ပေါင်း ၃-၀ နဲ့ အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ပြီး ဖလာမင်ဂိုး အသင်း ကလည်း ခါးသီးပြိုင်ဘက် ရေးဗားပလိတ် အသင်းကို ကိုပါလီဗာတေးတိုး ဖိုင်နယ်မှာ နောက်ကျဂိုးတွေ နဲ့ အနိုင်ယူပြီး ဗိုလ်စွဲ သွားခဲ့ ပါတယ်။

AFC Champion League ပြိုင်ပွဲမှာ ဗိုလ်စွဲ ခဲ့တာကြောင့် အယ်ဟိုင်လယ် အသင်းဟာ CWC ပြိုင်ပွဲရဲ့ ဒုတိယ အဆင့် ကနေ စတင် ယှဉ်ပြိုင် သွားရမှာ ဖြစ်ပြီး ဘရာဇီး ကလပ် ဖလာမင်ဂိုး အသင်း ကတော့ လီဗာပူး အသင်း လိုပဲ ဆီမီးဖိုင်နယ် အဆင့် ကနေ စတင် ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ အယ်ဆတ် အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက AFC Champion League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ကနေ ထွက်ခွာ ခဲ့ရတာကြောင့် ကာတာ ကလပ်ဟာ အိမ်ရှင် နိုင်ငံ ကိုယ်စားပြု အဖြစ် ပထမ အဆင့် ကနေ ကလပ် ကမ္ဘာ့ဖလား ကို ဝင်ရောက် ရမှာ ဖြစ်ပါတယ်။

အိမ်ရှင် အယ်ဆတ် အသင်းဟာ လာမည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ရဲ့ First round မှာ New Caledonia ကလပ် ဖြစ်တဲ့ Hienghene Sport အသင်း နဲ့ ပြိုင်ပွဲကို စတင် ဖွင့်လှစ် သွားမှာပါ။ First round ပွဲမှာ အနိုင် ရတဲ့ အသင်းဟာ Secound round အဖြစ် မက္ကဆီကို ကလပ် မွန်တာရေး နဲ့ ကစား ရမှာ ဖြစ်ပြီး ဒီပွဲကို နိုင်တဲ့ အသင်းဟာ လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ လီဗာပူး နဲ့ ဆီမီးဖိုင်နယ် ပွဲကစား သွားရမှာပါ။

ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကစား ရမယ့် အခြား ဆီမီးဖိုင်နယ် မှာတော့ ကိုပါလီဗာတေးတိုး ချန်ပီယံ ဖလာမင်ဂိုး အသင်း နဲ့ ဒုတိယ အဆင့်မှာ အယ်ဟိုင်လယ် နဲ့ တူနီးရှားရဲ့ ES Tunis တို့ ပွဲမှ အနိုင် ရတဲ့ အသင်းတို့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပွဲစဉ်မှာ အနိုင်ရပြီး ဖိုင်နယ်ကို တက်ရောက် လာနိုင် ခဲ့မယ် ဆိုရင်တော့ လီဗာပူး အသင်းဟာ လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့ မှာ ကျင်းပမယ့် ဗိုလ်လုပွဲမှာ ကလပ် အသင်း သမိုင်း တစ်လျှောက် ပထမဦးဆုံး အကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေးကောင်းကို ပိုင်ဆိုင် သွားနိုင်မှာ ဖြစ်ပါတယ်။

December 11
First round
အယ်ဆတ် SC v Hienghène Sport (Match 1)

December 14
Second round
မွန်တာရေး v Match 1 winners (Match 2)
အယ်ဟိုင်လယ် v ES Tunis (Match 3)

December 17
Fifth-place play-off
Losers of Match 2 Vs Losers of Match 3

Semi-final
Flamengo v Match 3 winners

December 18
Semi-final
Match 2 winners v Liverpool

December 21
Third-place play-off
Final

SM