မက်ဂွားယားကို ခေါ်ယူနိုင်ဖို့ မန်စီးတီးထက် ယူနိုက်တက်တို့ ဘာကြောင့် အလေးသာ နေတာလဲ ?

ဆိုးလ်ရှာ

မြို့ခံ ပြိုင်ဖက် ဖြစ်တဲ့ မန်စီးတီး အသင်း နဲ့ အပြိုင် လက်စတာ စီးတီး အသင်း ရဲ့ ဗဟို နောက်ခံလူ မက်ဂွားယား ကို ခေါ်ယူ ရမှာ ဖြစ်ပေမယ့် အဆိုပါ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အင်္ဂလန် လက်ရွေးစင် ကို ရယူ နိုင်ဖို့ အလေးသာ နေတယ် လို့ သိရှိ ရ ပါတယ် ။

အခုလို ဖြစ်လာ ရခြင်း ရဲ့ အဓိက အကြောင်း အရင်း ကတော့ လက်စတာ ဖက်မှ ကလပ် နဲ့ လက်ရွေးစင် အသင်း တွေ အတွက် အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တဲ့ ဗဟို ခံစစ် ကစားသမား အတွက် ပြောင်းရွှေ့ ကြေး ပေါင် သန်း 80 သတ်မှတ် လိုက်ခြင်း ကြောင့်ပဲ ဖြစ် ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် အရ တော့ မန်စီးတီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ပက် ဂွာဒီယိုလာ ဟာ နောက်ခံလူ တစ်ဦး အတွက် ပေါင် သန်း 50 ထက် ပိုတဲ့ ပြောင်းရွှေ့ ကြေး တစ်ပ် ကို မသုံးစွဲ လိုဘူး လို့ သိရှိ ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ကစားသမား အတွက် ပေါင် သန်း 80 ဝန်းကျင် သုံးစွဲ သွားဖို့ ရှိနေ တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အင်္ဂလန် လက်ရွေးစင် ကို ခေါ်ယူ နိုင်ရေး အတွက် ရေပန်းစား နေခဲ့ တာပဲ ဖြစ် ပါတယ် ။

မက်ဂွိုင်းယား
Leicester City’s English defender Harry Maguire (R) goes past Manchester City’s German midfielder Ilkay Gundogan (L) during the English Premier League football match between Manchester City and Leicester City at the Etihad Stadium in Manchester, north west England, on May 6, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ထွက်ပေါ် နေတဲ့ သတင်း အရ ကစားသမား ကိုယ်တိုင် ကတော့ ဆုဖလား တွေ ရယူ နိုင်ရေး ၊ နည်းပြ ဂွာဒီယိုလာ လက်အောက် မှာ ပိုမို တိုးတက် ကောင်းမွန် လာ နိုင်ရေး အတွက် မန်စီးတီး ဆီ ပြောင်းရွှေ့ လိုနေ ကြောင်း သိရှိ ရ ပါတယ် ။

ဒါပေမယ့် ကင်းပါဝါ မှ ထွက်ခွာ သွားနိုင် ဖို့ အတွက် မက်ဂွားယား ဟာ ယူနိုက်တက် ဆီလည်း ပြောင်းရွှေ့ နိုင်ခြေ ရှိနေ ခဲ့ ပါတယ် ။ ဒီ အတွက် နည်းပြ ဆိုးလ်ရှား ဟာ ယူနိုက်တက် ဟာ သူ့ အတွက် မှန်ကန် သင့်တော် တဲ့ အသင်း ဖြစ်ကြောင်း အယုံ သွင်း သွားဖို့ လုပ်ဆောင် ပါတယ် ။

မက်ဂွားယား ဟာ ဒီ ရာသီ လက်စတာ စီးတီး အသင်း အတွက် ပရီးမီးယား လိဂ် ပွဲစဉ် 31 ပွဲ အထိ ကစား ပေးထား နိုင်ခဲ့ သလို သွင်းဂိုး သုံးဂိုး လည်း သွင်းယူ ပေးနိုင် ခဲ့ပြီး ရာသီ အကုန် အမှတ်ပေး ဇယား အဆင့် 9 နေရာ မှာ ရပ်တည် နိုင်အောင် ကူညီ ပေးထား နိုင်ခဲ့ ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်း မှာ အဲရစ် ဘိုင်လီ ဟာ ဒဏ်ရာ ပြသနာ တွေ ကြုံတွေ့ နေခဲ့ ရ သလို စမောလင်း နဲ့ ဂျုံးစ် တို့ဟာ လည်း ခံစစ် မှာ တည်ငြိမ် တဲ့ ခြေစွမ်း မပြသ ထားနိုင် ခဲ့ကြ ပါဘူး ။ ဒါ့ကြောင့် ဆိုးလ်ရှား ဟာ လင်ဒီလော့ဖ် နဲ့ တွဲ ကစား စေဖို့ ခံစစ် အင်အား ဖြည့်တင်း လိုနေ တာပဲ ဖြစ် ပါတယ် ။

solskjaer guardiola

လက်ရှိ အချိန် အထိ တော့ ယူနိုက်တက် ဟာ ခံစစ် ပိုင်း အတွက် နာပိုလီ အသင်း မှ ကူလီဘာလီ ၊ အေဂျက် အသင်း မှ ဒီလစ် နဲ့ ခရစ္စတယ် ပဲလေ့စ် အသင်း မှ ဝမ် ဘစ်ဆာကာ တို့ကို လည်း အထူး စောင့်ကြည့် နေခဲ့ ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ အသင်း မှာ 11 နှစ် အထိ ကစား ပေးရင်း အောင်မြင် တဲ့ ဘောလုံး ရာသီ တွေ ပိုင်ဆိုင် ထား ခဲ့တဲ့ အသင်း ခေါင်းဆောင် ကွန်ပနီ ရဲ့ နေရာ ကို အစား ထိုး နိုင်ဖို့ အတွက် ဂွာဒီယိုလာ ဟာ ခံစစ် ပိုင်း အင်အား ဖြည့်တင်း လိုခဲ့ ပါတယ် ။

ဂွာဒီယိုလာ ကတော့ မက်ဂွားယား ကို ဂျွန် စတုန်း နည်းတူ ပျိုးထောင် ပေးသွား နိုင်ဖို့ ဆန္ဒ ရှိနေ ပြီး သူတို့ နှစ်ဦး ကို ကလပ် အသင်း မှာသာ မက နိုင်ငံ့ အသင်း အတွက် ပါ တစ်ကယ့် ကို ကောင်းမွန် တဲ့ ခံစစ် အတွဲ ဖြစ်စေ လိုနေ တယ်လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar