ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူး ကို ရှုံးနိမ့်ခဲ့မှုနဲ့ ပက်သက်ပြီး ပွင့်လင်းစွာဖွင့်ဟ၀န်ခံမှု လုပ်ခဲ့တဲ့ လူးဝစ်ဆွာရက်

လူးဝစ်ဆွာရက် ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ လီဗာပူး အသင်းကို အရှက်တကွဲ ရှုံးနိမ့် ခဲ့မှု အပေါ် ဖွင့်ဟမှု လုပ်ခဲ့ပြီး သူ့ရဲ့ အသင်းဟာ အန်ဖီးမှာ ကစားရမယ့် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ မတိုင်မီ နောက်တဆင့်ကို တက်သွားပြီလို့ ယုံကြည် ထားခဲ့တယ်လို့ ၀န်ခံ ပြောဆိုလိုက် ပါတယ်။

ဘာစီလိုနာ အသင်းဟာ နူးကမ့်မှာ ကစား ခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ မှာ လီဗာပူး ကို ၃ – ၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး ဆွာရက်ဟာ ကတ်တလန် ကလပ် အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ပြီး ကျန်နှစ်ဂိုး ကိုတော့ လီယွန်နယ် မက်ဆီ က သွင်းယူ ခဲ့ကာ ဘာကာဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက် နိုင်ဖို့ အတွက် အကောင်းဆုံး အနေအထားကို ပိုင်ဆိုင် ခဲ့ပါတယ်။

အန်ဖီးမှာ လီဗာပူး အသင်း ပြန်လာ နိုင်မယ်လို့ ထင်ထားတဲ့သူ အနည်းငယ်သာ ရှိခဲ့ပေမယ့် ကတ်တလန် ကလပ်ဟာ လီဗာပူး အသင်း ကို ဒီဗို့အိုရီဂီ ၊ ဂျီနီဝိုင်နယ်ဒန် တို့ရဲ့ ဂိုးတွေနဲ့ အတူ အံ့အားသင့်ဖွယ် ၄ – ၀ နဲ့ ရှုံးနိမ့် ခဲ့ကာ ဒီရလဒ်ကြောင့်ပဲ ဘာစီလိုနာ အသင်းရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် အိမ်မက်တွေ ပျက်စီး သွားခဲ့ ရပါတယ်။

Fox Sports ကို ပြောကြား သွားခဲ့ ရာမှာတော့ ဆွာရက် က ဒီရှုံးပွဲဟာ သူ့အတွက် လက်ခံဖို့ အရမ်းကို ခက်ခဲ လွန်းခဲ့တယ်လို့ ၀န်ခံ လိုက်ပါတယ်။

Barcelona’s Uruguayan striker Luis Suarez reacts after Liverpool scored their third goal during the UEFA Champions league semi-final second leg football match between Liverpool and Barcelona at Anfield in Liverpool, north west England on May 7, 2019. (Photo by Oli SCARFF / AFP)

ဘာစီလိုနာ တိုက်စစ်မှုးက “ဘာစီလိုနာ အသင်းကို ပြန်ရောက်ပြီးနောက် ဖြတ်သန်း ခဲ့ရတဲ့ ရက်အနည်းငယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ က လိုမျိုး ကျွန်တော့် ဘ၀ နဲ့ ကစားသမား ဘ၀ ရဲ့ အဆိုးဝါးဆုံး အခိုက်အတန့် တွေပါပဲ။ ကျွန်တော့် အနေနဲ့ ဒီကမ္ဘာကြီး ကနေ ပျောက်ဆုံး သွားချင် ပါတယ်။

ကျွန်တော့် ကလေးတွေကို ကျောင်းလိုက် မပို့ချင် ခဲ့သလို ၊ ကျွန်တော်ဟာ အတော် ဆိုးဆိုးရွားရွား ခံစား နေရတယ် ဆိုတာ လူတိုင်းလူတိုင်း ကောင်းကောင်း သဘောပေါက်နိုင် ခဲ့ပါတယ်။ ကျွန်တော် ဘာတစ်ခု ကိုမှ မလုပ်ချင် ခဲ့တဲ့ နေ့ရက်တွေ ပိုင်ဆိုင် ခဲ့ပါတယ်။ ဒါတွေဟာ အရမ်းကို ခက်ခဲတဲ့ အခိုက်အတန့်တွေ ပါပဲ။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး အသင်း ယခုလို မယုံကြည်နိုင်ဖွယ် comeback ရရှိ ခဲ့မယ်လို့ တွေးမိ ခဲ့သလား လို့ မေးမြန်း ခဲ့ရာမှာတော့ ဆွာရက် ရဲ့ အဖြေက no ပါပဲ။

၎င်းက “ကျွန်တော် ဒီလို comeback နဲ့ ကြုံတွေ့ ရမယ်လို့ မထင်ထား ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဘာစီလိုနာ အသင်း ဖြစ်နေလို့ပါ။ ကျွန်တော်တို့ ဂိုးသွင်း နိုင်ဖို့ အခွင့်အရေး ၂ ကြိမ် ၃ ကြိမ်တော့ အနည်းဆုံး ရရှိမယ်လို့ တွေးထား ခဲ့ပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ တုန်လှုပ် နေခဲ့ ပါတယ်။ ကျွန်တော်တို့ ဆိုးရွားတဲ့ ဘောလုံး ပေးပို့မှုတွေ နဲ့ ပြိုင်ဘက်ကို အခွင့်အရေး ပေးခဲ့ပြီး မှန်ကန်တဲ့ စရိုက်လက္ခဏာ ကို မပြသနိုင် ခဲ့ပါဘူး။

ဗန်ဒိုက်
Barcelona’s Uruguayan striker Luis Suarez vies with Liverpool’s Dutch defender Virgil van Dijk during the UEFA Champions league semi-final second leg football match between Liverpool and Barcelona at Anfield in Liverpool, north west England on May 7, 2019. (Photo by Paul ELLIS / AFP)

သူတို့ ပထမဂိုး ရပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ ဘယ်လို တုန့်ပြန် သွားရမလဲ ဆိုတာ မသိ ခဲ့ပါဘူး။ ကျွန်တော်တို့ ထိန်းချုပ် နိုင်မှု ကင်းမဲ့ သွားခဲ့ပြီ ဆိုတာ သိခဲ့ပါတယ်။ ပွဲပြီးဆုံး ပြီးနောက် အ၀တ်လဲခန်း ထဲမှာ ဘယ်သူမှ စကား မပြောနိုင် ကြပါဘူး။ ၀မ်းနည်းမှုတွေ ၊ ခါးသီးမှုတွေ ၊ စိတ်ပျက်လက်ပျက် ဖြစ်မှုတွေပဲ ရှိနေခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ပုံရိပ်တစ်ခု ပေးခဲ့တာကို သိထား ခဲ့ကြလို့ပါ။” လို့ ဆိုခဲ့ ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ ဖလား ကို ဆွတ်ခူး နိုင်ခဲ့ပေမယ့်လည်း ကိုပါဒယ်ရေးဖလား ဖိုင်နယ် မှာတော့ ဗလင်စီယာ အသင်းကို ရှုံးနိမ့် ခဲ့ပြီး ဖလား တစ်လုံး နဲ့သာ ကျေနပ် ခဲ့ရကာ ဆွာရက်နဲ့ ဘာကာ အသင်းဖော်တွေ ကတော့ သူတို့ဟာ လာမည့် ရာသီမှာ သူတို့ အသင်း ဒီထက် ပိုမိုတဲ့ ဆုဖလားတွေ အတွက် ပစ်မှတ် ထားနေမယ် ဆိုတာ သံသယ ဖြစ်ဖွယ် မရှိပါဘူး။