ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

မန်ချက် စတာ ယူနိုက်တက် ဟာ ပေါ့ဘာ ကို လက်လွှတ် ခဲ့ရ ပါက ရီးရဲဘက်တစ် အသင်း ကွင်းလယ်လူ လိုကယ်ဆို ကို ယူရို ၇၅ သန်း ခန့် နဲ့ ခေါ်ယူ ဖို့ စဉ်းစား နေတယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် ဟာ လက်စတာ နောက်ခံလူ ဟယ်ရီ မက်ဂွဲယား အတွက် ပေါင် သန်း ၈၀ အထိ ပေးချေ ဖို့ စိတ်ကူး နေပြီး မန်စီးတီး ကတော့ ဒီ ငွေ ပမာဏ ကို ပေးချေလို ခြင်း မရှိခဲ့ဘူး လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ကစား သမား မာယိုရယ် ကတော့ ရီးရဲ ဆိုဆီဒက် အသင်းဆီ ကို ပြောင်းရွှေ့ ဖို့ အတွက် စိတ် ၀င် စား နေတယ် လို့ ကြားသိရ ပါတယ် ။ နောက်ထပ် ရီးရဲ ကစား သမား တစ်ဦး ဖြစ်တဲ့ မားကိုစ့် လော်ရန်တေး ဟာ လည်း အေတီကို မက်ဒရစ် အသင်း နဲ့ ဆွေးနွေး နေတယ် လို့ သိရ ပါတယ် ။

အက်စတွန် ဗီလာ အသင်း ဟာ စတုတ်စီးတီး အသင်း ဂိုး သမား ဂျက် ဘတ်လန်း ကို ခေါ်ယူ ဖို့ အတွက် စိတ်ဝင် စား နေတယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် ခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ကတော့ ဆောင်းရာသီ နားရက် ထည့်သွင်းပေး လိုက်ခြင်း ဟာ အင်္ဂလိပ် ကလပ် တွေ အတွက် အခြား ဥရောပ ပြိုင်ပွဲ တွေ မှာ ပိုမို အားစိုက် နိုင်ပြီး ရလဒ်တွေ ပိုကောင်း လာနိုင် တယ် လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

လင်ဒီလော့ဖ်
Manchester United’s Swedish defender Victor Lindelof attends a press conference at the Parc des Princes stadium in Paris on March 5, 2019, on the eve of their UEFA Champions League round of 16 second leg football match against Paris Saint-Germain. (Photo by Anne-Christine POUJOULAT / AFP)

ဒီယေဂို မာရာဒိုနာ ကတော့ မက္ကဆီကို ကလပ် ဒိုရာဒိုးစ် အသင်း နည်းပြ အဖြစ် ကနေ ကျန်းမာရေး ကိစ္စ ကြောင့် နှုတ်ထွက် လိုက်ပြီ လို့ သိရ ပါတယ် ။

လေဗာကူဆင် အသင်း ကတော့ PSG ရဲ့ လူငယ် တောင်ပံ ကစား သမားလေး မူဆာ ဒီယာဘီ ကို ၂၀၂၄ အထိ စာချုပ် ချုပ်ဆို ပြီး ခေါ်ယူ လိုက်ပြီ ဖြစ် ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လူကာကူ ကို ရောင်းထုတ် ဖြစ်ခဲ့ပါက ဂရစ်ဇ်မန်း ကို ခေါ်ယူ ဖို့ စိတ်ကူး ထားတယ် လို့ ကြားသိရ ပါတယ် ။

ဘိုင်ယန် နဲ့ ဂျာမဏီ အသင်း ခေါင်းဆောင် ဟောင်း လိုသာ မားသီးယပ် ကတော့ ရိုနယ်ဒို ဟာ ဟားမက် ရိုဒရီဂွက် ကို သူရှိရာ ယူဗင်တပ် ဆီ လာရောက် ကစားဖို့ တိုက်တွန်း ခဲ့ တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဖီဖာ ရဲ့ deputy secretary general ဖြစ်သူ ဘိုဘန် ဟာ အေစီမီလန် အသင်း ရဲ့ ဘောလုံး ဆိုင်ရာ အကြီး အကဲ ဖြစ်လာခဲ့ တယ် လို့ လည်း ကြားသိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ နယူးကာဆယ် နောက်ခံလူ လောင်းစတပ် ကို ပေါင် ၂၅ သန်း နဲ့ ခေါ်ယူ နိုင်ဖို့ လှုပ်ရှား နေဆဲ ဖြစ်တယ် လို့ လည်း သိရ ပါတယ် ။

ယူနိုက်တက်
(From L, Front) Manchester United’s Chilean striker Alexis Sanchez, Manchester United’s French striker Anthony Martial, Manchester United’s English midfielder Ashley Young, Manchester United’s Spanish midfielder Ander Herrera, Manchester United’s English midfielder Jesse Lingard and Manchester United’s Swedish defender Victor Lindelof and (From L, Rear) Manchester United’s Spanish goalkeeper David de Gea, Manchester United’s Serbian midfielder Nemanja Matic, Manchester United’s English defender Chris Smalling, Manchester United’s French midfielder Paul Pogba and Manchester United’s English defender Luke Shaw pose for a team photo prior to the UEFA Champions League group H football match Juventus vs Manchester United at the Allianz stadium in Turin on November 7, 2018. (Photo by Isabella BONOTTO / AFP)

လွန် ခဲ့တဲ့ ၂၀၀၁ ခုနှစ် ရဲ့ ဒီနေ့ လို နေ့မျိုးမှာ ဖရန့် လမ်းပတ် ဟာ ချဲလ်ဆီး အသင်း ကို ကစား သမား ဘ၀ နဲ့ စတင် ရောက်ရှိ လာခဲ့ ပါတယ် ။ လမ်းပတ် ဟာ အသင်း ရဲ့ ဂန္ထ၀င် ကစား သမား တစ်ဦး ဖြစ်လာ ခဲ့သလို လက်ရှိ မှာလည်း နည်းပြ အဖြစ် နဲ့ ပြန်ရောက် လာဖို့ ထိပ်ဆုံးက ရေပန်းစား နေသူ ဖြစ် ပါတယ် ။

SPORTS MYANMAR